တရုတ်လူမျိုးတစ်ဦးက အခကြေးငွေပေးကာ မြန်မာ နိုင်ငံတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ခိုင်းသည့် အမျိုး သမီး နှစ်ဦးကို လားရှိုးမူးယစ် တပ်ဖွဲ့စုက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ အေးရှားဝေါတိုးဂိတ် တွင် ဒီဇင်ဘာ ၈ ရက်က အမျိုးသမီးနှစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အားတရုတ်နိုင်ငံ၊ ရွှေလီမြို့ တွင်နေသည့် အမျိုး သမီးတစ်ဦးကငွေပေး၍ ခိုင်းခြင်းဖြစ်သည်ဟုဝန်ခံထားကြောင်း လားရှိုးမူးယစ်တပ်ဖွဲ့စု (၂၄)မှ ရဲအရာရှိ တစ်ဦး ကပြောသည်။
‘‘မူးယစ်ဆေးသယ်နိုင်တဲ့ လမ်းကြောင်းတွေမှန်သမျှ ပိတ်ဆို့စစ်နေတယ်။ ဒီအမှုကလည်း ရွှေလီမှာနေတဲ့ အမျိုးသမီးတစ်ယောက်က ငွေပေးခိုင်းတာလို့ပြောတယ်။ လမ်းကြောင်းကတော့ မူဆယ်ကနေမန္တလေးအ ထိ ကွင်းဆက်တွေကို စစ်နေပါ တယ်’’ဟု ပြောသည်။
ဖမ်းမိသော မူးယစ်ဆေးများမှာ ကျပ်သိန်းလေးထောင်တန်ဖိုး ရှိ ဘိန်းဖြူမှုန့်များဖြစ်ပြီး ခရီးသည်တင် ကားဖြင့် သယ်ယူလာခြင်းဖြစ်သည်။ လားရှိုးခရိုင်အပါအ၀င် ရှမ်းပြည်မြောက်ပိုင်းဒေသ၌ ယခုနှစ်အတွင်း မူးယစ်ဆေးအမှု ၁၂,၀၀၀ နီးပါးနှင့် ပြစ်မှုကျူးလွန်သူ ဦးရေ ၁,၅၀၀ ကျော်ဖမ်းဆီး စစ်ဆေးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
7Day DAILY
No comments:
Post a Comment