မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ သဒ္ဓါတရား အရှိဆုံးနိုင်ငံတွေအဖြစ် World Giving Index(WGI) အဖွဲ့ရဲ့ ၂၀၀၄ ထုတ်ပြန်ချက် မှာ အဆင့်၁ ပူးတွဲသတ်မှတ်ဖော်ပြခံရပါတယ်။
ကမ္ဘာ့ပေးလှူရေး အညွှန်းကိန်းအတွက် ဗြိတိန်အခြေစိုက် ကူညီဒါနပြုအဖွဲ့ CAF-America က သတ်မှတ်ထားတဲ့ သူစိမ်းသူတွေကို ကူညီပေးတာ၊ စေတနာ့ဝန်ထမ်း ကူညီပေးတာနဲ့ ငွေကြေး ထောက်ပံ့ ကူညီတာ ဆိုတဲ့ အကူအညီပေးမှု အမျိုးအစား ၃ ခုစလုံးမှာ အမေရိကန်နိုင်ငံဟာ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်တဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။
အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ မလေးရှားက အဆင့် ၇၊ အင်ဒိုနီးရှားက အဆင့် ၁၃၊ ထိုင်းက အဆင့် ၂၁၊ ဖိလစ်ပိုင် အဆင့် ၃၀၊ ဗီယက်နမ်က အဆင့် ၇၉ နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၀၈ အသီးသီးရပ်တည်နေတာပါ။
မြန်မာနိုင်ငံကတော့ မနှစ်တုန်းက အဆင့် ၂ နေရာမှာရှိပြီး ဒီနှစ်မှာ အဆင့် ၁ ထိပ်ဆုံးကို ရောက်လာတာ ဖြစ်ပါ တယ်။ ငွေကြေးပေးလှူမှု ၈၅ ရာခိုင်နှုန်းကနေ ဒီနှစ်မှာတော့ ၉၁ ရာခိုင်နှုန်းထိ မြင့်တက် လာတာကြောင့် ထိပ်တန်းစာရင်းမှာ ပါဝင်လာတာပါ။
ပေးကမ်းလှူဒါန်းမှု အနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာတော့ တရုတ်နိုင်ငံပါဝင်ပြီး ဗင်နီဇွဲလားနဲ့ ယီမင်နိုင်ငံ တွေက ကပ်စီးအနည်းဆုံးနိုင်ငံတွေအဖြစ် ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment