အနိမ့်အမြင့် အတက်အကျတွေကို အသည်းတယားယားနဲ့ စီးရတာ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၆ ခုနှစ် Orlando Florida မှာ ဖွင့်လှစ်တော့မယ့် Skyplex အကြောင်း ပြောပြပေးချင်ပါတယ်။ Skyplex ဟာ အမြင့် ပေ ၅၇၀ ရှိမှာဖြစ်ပြီး ၎င်းအား စီးနင်းလိုက်ပါသူတွေကို အောက်ခြေမြေပြင်ဆီသို့ ၁ နာရီ ၆၅ မိုင်နှုန်း တွန်းပို့ပေးမှာဖြစ်ပါတယ်။
ဒေါ်လာ ၂၀၀ မီလီယံ (၁၃၀ မီလီယံ ယူရို) အကုန်ကျခံ တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးရဲ့ ထိပ်မှာ စားသောက်ဆိုင်တစ်ဆိုင်နဲ့ ပတ်ဝန်းကျင်ရှုမျှော်ခင်းများ ကြည့်ရှုခံစားနိုင်မယ့်နေရာတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဒီ Rollercoaster လိုမျိုး ကမ္ဘာပေါ်မှာ နှစ်ခုမရှိဘူးလို့ American Coaster Enthusiast fan club က Chris Kraftchick က ပြောဆိုခဲ့ပါတယ်။
သည်းထိပ်ရင်ဖို့ စွန့်စားလုပ်ဆောင်ရတာ ကြိုက်နှစ်သက်သူတွေကို ဆွဲဆောင်နိုင်မယ့် အရာဖြစ်တယ်လို့ လည်းပြောဆိုခဲ့ပါတယ်။
Source: Metro
Trend Myanamr
No comments:
Post a Comment