Wednesday 5 November 2014

သရေခေတ္တရာမြို့ဟောင်းအနီး ခရီးသွားကားများအတွက် ကားပါကင်တည်ဆောက်

သရေခေတ္တရာမြို့ဟောင်း သို့ လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည် များ ကားရပ် နားရာတွင် လွယ်ကူစေရန် သရေခေတ္တရာပြတိုက် အနီးတွင် ကားထားရန် နေရာတစ်ခုတည်ဆောက်နေကြောင်း သိရသည်။

‘‘လက်ရှိအနေအထားနဲ့တင် ကားထားလို့ ရနေပြီ။ ပြတိုက်ရဲ့ အ၀င်းထဲမှာက ကားတွေရပ်ရင် ၀င်လို့၊ ထွက် လို့ မရဘဲ ကျပ်သွားတယ်။ ဒါကြောင့် ပြတိုက်ခြံဝင်းရဲ့ အပြင်မှာ တည်ဆောက်ထားပါတယ်။ ကားရပ် နားခ မတောင်းခံ ပါဘူး’’ဟု ရှေးဟောင်းဇုန်မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတည်ဆောက်ထား သော ကားပါကင်တွင် ခရီးသည် တင်ကားကြီးများ ဆယ်စီးကျော် ရပ်နားနိုင်ပြီး ပြတိုက်ဘေးမှ ဇုန် အတွင်းသို့ ကားငယ်များဖြင့် သွားရောက်လည်ပတ်နိုင်ရန် လမ်းတို တစ်ခု ဖောက်လျက် ရှိကြောင်း သိရသည်။

‘‘ဇုန်ထဲက လမ်းတွေကျ တော့ ခရီးသည်တင်ယာဉ်ကြီး တွေ သွားလို့မလွယ်ဘူး။ ကားပါ ကင်ရှိလာတော့ အဲဒီမှာ ရပ်ထားပြီး ဇုန်ထဲကို နွားလှည်း၊ သုံးဘီး စတဲ့ယာဉ်လေးတွေနဲ့ ဆက်သွား ကြရတာပေါ့’’ဟု ခရီးသည်တင် ယာဉ်မောင်း တစ်ဦး က ပြောသည်။

7Day DILY

No comments:

Post a Comment