Wednesday 5 November 2014

မြန်မာအမျိုးသမီးစွန့်ဦးတီထွင်သူများ၏ ဟောပြောပွဲများပထမဆုံး အကြိမ်ကျင်းပမည်

ရန်ကုန်− ကမ္ဘာလုံးဆိုင်ရာ စွန့်ဦး တီထွင်လှုပ်ရှားမှုရက်သတ္တပတ် အထိမ်းအမှတ်(Global Entre- preneurship Week)အဖြစ်မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူ များ၏ ဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ (နိုဝင်ဘာ ၁၇၊ ၂၂ ရက် မသေချာသေး) ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

 ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင် လှုပ်ရှားမှု ရက်သတ္တပတ်(GEW) ကို နိုဝင်ဘာတွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၃၅နိုင်ငံ၌ နှစ်စဉ်ကျင်းပလေ့ရှိ သည်။ မြန်မာနိုင်ငံတွင်မူ ၂၀၁၂ မှ စတင်ကျင်းပခြင်းဖြစ်၍ ယခုအကြိမ်ကျင်းပခြင်းမှာ သုံးနှစ်မြောက်ဖြစ်ပြီး ယခင်နှစ်များတွင် အမျိုးသမီးစွန့်ဦးတီထွင်သူများ၏ ဟောပြောမှု အစီအစဉ်မပါဝင်ဘဲ ယခုနှစ်မှာပထမဆုံးဖြစ်သည်။ ယခုနှစ် GEW ၏ ခေါင်းစဉ်မှာ‘‘Let's get started,Myanmar’’ ဖြစ်သည်။

GEW လှုပ်ရှားမှုကို ဦးဆောင်စီစဉ်သည့် Project Hub Yangon တွဲဖက်တည်ထောင်သူ Allison Morris က ‘‘စွန့်ဦးတီထွင်လုပ်ငန်း ရှင်တွေ ပိုမိုဖွံ့ဖြိုးလာဖို့ရည်ရွယ် တာပါပဲ။ စလုပ်ကတည်းက တစ် ချိန်မှာဖြစ်လာ မယ်ဆိုတာမျိုး ရည်ရွယ်ချက်ထားခဲ့တယ်။ နှစ်တိုင်း၊ နှစ်တိုင်းလည်း ပါတနာတွေပိုပို ရလာခဲ့တယ်။  အရင်စလုပ်တုန်း က ပွဲနည်းနည်းလေးပဲစခဲ့တယ်။ အခုဆိုရင် ပါတနာတွေ အများကြီးနဲ့ ပွဲပေါင်း ၁၀ ပွဲကျော် လုပ်နိုင်မယ်။ အဲဒါကျွန်မတို့ရဲ့ အောင်မြင်မှုပဲ။ စိတ်ဝင်စားမှုလည်း ပိုများလာတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်းရှင်တွေကလည်း ပိုပြီးတိုးတက်လာကြတယ်။ အဲဒီတော့ နှစ်တိုင်းမှာ  အနုတ်လက္ခဏာမပြဘဲ အပေါင်းလက္ခဏာပြခဲ့ပြီး တိုးတက်မှုရခဲ့ပါတယ်’’ဟု ပြောသည်။

စွန့်ဦးတီထွင်လှုပ်ရှားမှုရက် သတ္တပတ်ကို ယခင် ၂ နှစ်က ရန်ကုန်မြို့၌ သာကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များ၌ ကျင်းပမည်ဖြစ်သည်။ ဟောပြောပွဲ အများစုကိုလည်း ရန်ကုန်မြို့ ၌ ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၀ နှင့် ၂၃ ရက်များတွင်တောင်ကြီးနှင့် မန္တလေးမြို့များ၌အသီးသီး ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါGEW လှုပ်ရှားမှုကို Project Hub Yangon အပါအ၀င်ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၁၁ ခုက ပူးပေါင်း ကူညီကျင်းပမည် ဖြစ်ပြီး USAIDနှင့် GIZ တို့က ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေး ထားခြင်းဖြစ်သည်။  ပံ့ပိုးပေးသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော BlinkPublic Relation မန်နေဂျင်းဒါရိုက်တာ Stephen Kyaw က ‘‘ဒီနှစ်က အမျိုးသမီးစွန့်ဦးတီထွင်သူတွေရဲ့ ဟောပြောပွဲပါလာတာ ထူးခြားမှုပဲ။ အခုလိုအချိန်မှာ နိုင်ငံတကာကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်နေကြတယ်။ အဲဒီအတွက် ဒီလိုလှုပ်ရှားမှုလေးပြုလုပ် ပေးတာက Start up တွေအတွက် အခွင့်အရေး ကောင်းပဲလေ’’ဟု သုံးသပ်သည်။

7Day DAILY

No comments:

Post a Comment