Thursday 16 October 2014

အိန္ဒိယက မြန်မာ့ဆန်ဝယ်ရန် ပြန်ညှိရမည်

အိန္ဒိယနိုင်ငံက မြန်မာ့ ဆန်ကိုဝယ်ယူရန် တင်ဒါခေါ်ယူ သော်လည်း ကုမ္ပဏီနှစ်ခုသာ ၀င် ရောက်ယှဉ်ပြိုင်ပြီး ဈေးနှုန်းများ နေသည့်အတွက် အိန္ဒိယသံရုံးနှင့် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်တို့ထပ်မံညှိနှိုင်းမှုများ ပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

‘‘ဟိုဘက်ကို အရောက်မပို့ နိုင်ဘဲ သူ့နိုင်ငံကုန်သည်တွေက နေ တစ်ဆင့် ရောင်းနေရတော့ ဈေးကြီးတာပါ’’ဟု မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်တွဲဖက်အတွင်း ရေးမှူးဒေါက်တာစိုးထွန်းကပြော ကြားသည်။

မြန်မာနိုင်ငံမှ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀ဖြင့်သာ ရောင်း ချသော်လည်း အိန္ဒိယကုန်သည် များက တစ်ဆင့်ပြန်ရောင်းရာတွင် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ရှစ်ရာဝန်းကျင်ဖြင့် တင်ဒါသွင်း ခဲ့သဖြင့် မအောင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

‘‘သယ်ယူစရိတ်ကလည်း ကြီးတယ်။ သူလမ်းကြောင်းက တစ်ဖက်ပဲဆိုတော့ ကားခဈေး ကြီးတယ်’’ဟု ပြည်ပသို့ဆန်တင်ပို့ နေသောလုပ်ငန်းရှင် ဦးမျိုးသူရ အေးကပြောသည်။

အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် နှင့် မဏိပူပြည်နယ်တို့ကို ရထားလမ်းများပြုပြင်နေ သဖြင့် ပြည်ပမှ ဆန်မရောင်းနိုင်သောကြောင့် မြန်မာနိုင်ငံမှ ၁၀လစာ ဆန်တန်ချိန်နှစ်သိန်းဝယ်ယူရန် စီစဉ်ခဲ့သည်။

ယင်းသို့ ၀ယ်ယူရာတွင်ပြည် နယ်တစ်ခုစီက တစ်လလျှင်ဆန်တန်ချိန် တစ်သောင်း တင်ဒါစနစ်ဖြင့် ၀ယ်ယူမည်ဖြစ်သည်။ သို့သော် ဈေးနှုန်း မကိုက်ခြင်း၊ ရောင်းချရသည့်ပုံစံအဆင်မပြေခြင်း၊ ငွေ ပေးငွေယူစနစ်များနှစ်နိုင်ငံမတူ ညီခြင်းတို့ကြောင့် အိန္ဒိယသံရုံးနှင့်ပြန်လည်ညှိနှိုင်းထားကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment