ပန်းရောင်စက္ကူပေါ်တွင် ပန်းရောင်နှင့် အစိမ်းရင့်ရောင် ရောယှက်ထားသော စက္ကူပန်းပွင့်လေးများ လှပစွာပွင့်နေကြသည်။ အပေါ်ဆုံးတွင် ပန်းပွင့်အသေးလေးနှစ်ပွင့် အလယ်မှာ ပန်းပွင့်ကြီးသုံးပွင့်နှင့်အောက်ဆုံးတွင် အသေးနှစ်ပွင့် အဆင့်ဆင့် ပွင့်နေသည့် သဏ္ဌာန်ပုံ ဖော်ထားသည်။ ပန်းပွင့်များ၏ ဘေးတွင် အစိမ်းရောင် ကနုတ် သဏ္ဌာန်အရွက်လေးများ ကွေ့ ကောက်လို့။ စက္ကူအသေးအမွှားလေးများဖြင့် အချိန်ယူကာ အနုစိပ်ပြုလုပ်ထားရသော အဆိုပါအလှဖိတ်စာ ဒီဇိုင်းသည် ပြင်ပ တွင် မြင် ရသော ဖိတ်စာဒီဇိုင်းများနှင့်မတူ တစ်မူထူးခြားသည်။ လက်ကလေးဖြင့် တို့ထိမိရုံဖြင့်ပင် ပန်းပွင့်လေးများ၏ အနုစိတ်ပုံသဏ္ဌာန်တွင် ပျော်ဝင်သွားနိုင်သည်။
အရွက်ကလေးများ၊ ပွင့်ဖတ်ကလေးများကို ထပ်ရသော ထိုအလုပ်သည် တော်ရုံတန်ရုံမျက်လုံး၊ တော်ရုံတန်ရုံ စိတ်ရှည်မှုမျိုးဖြင့် မလုပ်နိုင်ဟု ထင်သည်။ သို့သော် ထိုသို့ ထူးခြားသော လက်မှုဖိတ်စာများကို ပြုလုပ်သူသည် အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။လက်ရှိအချိန်တွင် အလှဖိတ်စာလေးများကို ပြုလုပ်ရသော ဒီဇိုင်းအသစ်များကို ဖန်တီးနေသော သူ့လက်များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတော့ လူနာများကိုပြုစုရသော လက်များဖြစ်သည်။ တိတိကျကျဆိုရ လျှင် မြန် မာနိုင်ငံတွင် ပထမဆုံးဖွင့်သော အမျိုးသမီးစစ်သူနာပြု အခြေခံသင်တန်း အပတ်စဉ် ၁ တွင်တက်ရောက်ခဲ့ပြီး စစ်သူနာပြုဘဝဖြင့် တိုင်းပြည်ကို နှစ်ပေါင်းသုံးဆယ်ကြာ အ လုပ်အကျွေးပြုခဲ့သော ဗိုလ်မှူး ဒေါ်မြမြဦးပြုလုပ်သော အလှဖိတ်စာလေးများဖြစ်သည်။
အင်္ကျီရှားရောင်ကို လုံချည်အနက်ပွင့်ဖြင့် တွဲဝတ်ထားသော သူ၏အသားအရေမှာ စိုပြည်နေသည်။ ရွှေအိုရောင် နှင့် အနက်ရောင်ရောနေသော ဆံပင်များကို စုစည်း ထားပြီး မျက်မှန်အညိုကိုတပ်ထားသူ ဗိုလ်မှူးဒေါ်မြမြဦးသည် အသက် ခုနစ်ဆယ်ကျော်ရှိပြီဖြစ်သော်လည်း ကျန်းမာလန်းဆန်းလျက်ရှိ သည်။ အင်းစိန်၊ အောင်ဆန်းရှိ သူနေထိုင်ရာ အိမ်တွင်အထူး အခြားဆုံးမြင်ရသည်မှာ အင်္ဂလိပ်စာအုပ်များဖြစ်သည်။ ဧည့် ခန်းတွင် စင်နှစ်စင်တွေ့ရပြီး နှစ်ခုစလုံးတွင် အင်္ဂလိပ်စာအုပ် ပိုများသည်။ လွတ်လပ်ရေးမရမီ ၁၉၃၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက်နှစ်ဆယ် အရွယ်တွင် စစ်တပ်ထဲဝင်ခဲ့သောသူသည် စိတ်ဓာတ်ခိုင်ကျည်သည့် အမျိုးသမီးတစ်ဦး လ ည်းဖြ စ်ကြောင်း သူ့စကားများအရ ခံစားမိသည်။
”အဖေက ငယ်ငယ်က အန်တီတို့ကို အင်္ဂလိပ်ကျောင်းမှာပဲထားခဲ့တာ။ အင်္ဂလိပ်ကျောင်းမှာနေမှ သူတို့ရဲ့ စိတ်ဓာတ်ကိုယှဉ်နိုင်မှာပေါ့ဆိုပြီး အင်္ဂလိပ်ကျောင်းပဲ တက်ခဲ့ရ တာ” ဟု သူငယ်စဉ်က ကျောင်းတက်ခဲ့ရပုံကို ပြောသည်။ နာမည်ကြီး စိန့်မေရီတွင်တက်ရသော်လည်း အခြားသူတွေလို အင်္ဂလိပ် နာမည်ကို မယူခဲ့ဘဲ ဗမာနာမည်ဖြင့် သာ ကျောင်းတက်ခဲ့သည်။
”ငယ်ငယ်က အင်္ဂလိပ်ကျောင်းတက်ရင်တောင်မှ မိန်းကလေးချည်းပဲရှိတဲ့ ကျောင်းတက်ရတဲ့ ယောက်ျားလေးရှိရင် ယောက်ျားလေးကို အားကိုးမှာစိုးလို့ ကိုယ့်အားကိုယ် ကိုးတတ်အောင် မိန်းကလေးကျောင်းပဲတက်ခဲ့ရတယ်”ဟု သူကဆိုသည်။ ထိုစိတ်ဓာတ်များကပင် စည်းကမ်းကြီးသော တပ်မတော် သို့ ဝင်လိုသော သူ့အတွက် အေ ထက်အကူဖြစ်ခဲ့သည်။ ခက် ခဲပင်ပန်းသော စစ်သူနာပြုဘဝကို ရွေးချယ်ရန်မှာ တော်ရုံ တန်ရုံ စိတ်ဓာတ်၊ တော်ရုံခံနိုင်ရည်နှင့် မဖြစ်နိုင်ပါ။ သို့ သော် ငယ်စဉ်ကပင်ရှိခဲ့သော စစ်သမီးဖြစ်ရန် ရည်မှန်းချက်ကြောင့်ပင် ၁၉၅၉ ခုနှစ်တွင် စစ်သူနာပြုများ ပထမဆုံးခေါ်သောအခါ လျှောက်ဖြစ်ခဲ့သည်။ ထိုသို့ မခေါ်ခင်က တပ်မတော်သည် သူနာပြု အဖြစ် အရပ်ဘက်ဝန်ထမ်းများငှား၍ အသုံးပြုခြင်း ဖြစ်သည်။ သင်တန်းတွင် အစ္စရေးမှ ဆရာမများလာရောက် သင်ကြားခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ခြင်းဖြစ် သည်။
”အစ္စရေး ဆရာမတွေက အသေးစိတ်သင်တယ်။ လူနာပြုစုနည်း၊ လူနာကို ဘယ်လိုရေပတ်တိုက်မလဲ၊ ကျိုးနေတဲ့သူမျိုးဆို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲကအစ သင် တာ”ဟု သူတို့ခေတ်က သင်ကြားရေးပုံစံများကို ပြောပြသည်။ မူလကပင် တပ်မတော်မို့ စည်းကမ်းကြီးရသည့်အထဲ နိုင်ငံခြားသူ ဆရာများနှင့် သင်ရသည့်အခါပို၍ပင် ကြိုး စား ခဲ့ရသည်။ ”အရမ်းသင်တာ၊ စကားစုပြောလို့မရဘူး။ အချိန် အရမ်းလေးစားတယ်”ဟု သူက စစ်သူနာပြုသင်တန်းသူဘဝကို ပြန်ပြောပြသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌သူနာပြုများစွာရှိ နေပြီဖြစ်သော်လည်း အရည်အသွေးရှိသော သူနာပြုများဖြစ်လာရန် ကျောင်း များ၊ ဆေးရုံများ က ပြုစု ပျိုးထောင်ပေးရန်လို သည်ဟု သူကသုံးသပ်သည်။ မိမိတို့ခေတ်တွင် စက်ပိုင်းဆိုင်ရာ မပြည့်စုံခဲ့သော်လည်း လက်ရှိအခြေအနေအရ စက်ပိုင်းဆိုင်ရာ ပြည့်စုံပြီး ပိုမိုေ ကာင်း မွန်လာသည်ဟုဆိုသည်။
”ဆေးတိုက်ရင် မမှားရဘူး။ ပြီး တော့ ဆေးရဲ့ဘေးထွက် ဆိုးကျိုးကိုလည်း သိနေရမယ်။ အခုခေတ်က သိပ်မသိကြဘူး”ဟု သူက အားမရဟန်ဖြင့် ဆိုသည်။ ပုဂ္ဂလိ က ဆေးရုံများစွာရှိ လာသော်လည်း အရည်အသွေးမရှိသော သူနာပြုများများလာပါက အကျိုးမရှိကြောင်း၊ စည်းကမ်းကောင်းအောင် သင်ကြားပေးရန်လိုကြောင်း သူက ဆိုသည်။
”အန်တီတို့တုန်းက စစ်တပ်က စည်းကမ်းလည်းကောင်းတယ်၊ သင်ကြားတဲ့ ဆရာတွေကလည်းကောင်းလို့ အရည်အသွေးရှိတဲ့ သူနာပြုတွေထွက်ခဲ့တာ”ဟု သူက ဂုဏ်ယူစွာပြော သည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း စစ်သူနာပြု အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အချိန်များကို မှတ်မိနေ သလို ရရှိခဲ့သောဆု တံဆိပ် များကို လည်း သေသပ်စွာ သိမ်း ဆည်းထားသည်။ အင်တာဗျူးကိုဖြေရင်း သူရရှိခဲ့သော ဆုတံ ဆိပ်များကို ဂုဏ်ယူစွာ ထုတ်ပြသည်။ ထိုသို့ ထုတ်ပြချိန်တွင် ဗိုလ်မှူး ဒေါ်မြမြဦး သည် လူငယ်တစ်ယောက်လို လန်းဆန်းတက်ကြွနေသည်။ စံပြဗိုလ်လောင်းဆု၊ သားဖွားဆရာမ သင်တန်း ပထမဆုများရရှိခဲ့ပြီးနောက် တပ်မတော် စစ်ဆေးရုံမှာ ပင်အမှု ထမ်းခဲ့သည်။ ထိုသို့အမှုထမ်းရင်း ၁၉၆၅ ခုနှစ်တွင် သြစတြေးလျသို့ တစ်နှစ်ပညာတော်သင်သွားခဲ့ပြီး စစ်သူနာပြု အဖြစ် ၁၉၈၉ခုနှစ်အထိ တာဝန် ထမ်းဆောင် ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တာဝန်ထမ်းဆောင်စဉ် ကုသပေးခဲ့ရသူများတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၊ ကရင်အမျိုးသား အ စည်း အရုံးမှ KNDO ခေါင်းဆောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲလာတက်သော စောဟန်တာသာမွှေးတို့လည်း ပါဝင်ခဲ့သည်။ ဦးနေဝင်း၏ အိမ်တွင် သူနာပြုအဖြစ်တာ ဝန် ထမ်းဆောင်ခဲ့ရစဉ်အချိန်များကိုလည်း သူမမေ့။ ထိုစဉ်က သူ့အသက်မှာ ၂၃ နှစ်သာရှိ သေးသည်။ အာဏာရှင်ဖြစ်သော်လည်း မိမိအား တကယ့် မိသားစုဝင်တစ်ဦးလို ဆက်ဆံခဲ့သည်ဟု သူက ပြောသည်။
”အန်တီက စံပြဆုရတဲ့အခါကျတော့ သူ့(ဦးနေဝင်း)ကလေးတွေ ကျန်းမာရေးကြည့်ပေးဖို့ရယ်၊ သူ့ကျန်းမာရေး အတွက်ရယ်သွားရတာပေါ့။ မနက်ဆိုရင် ထမင်းစားဝိုင်းမှာ သူ့ကလေးတွေနဲ့ မိသားစုနဲ့ အတူတူစားရတာ”ဟု သူက ဆိုသည်။ တပ်မတော်တွင် နှစ်သုံးဆယ်တာဝန်ထမ်းဆောင်ပြီး ကံကြမ္မာအလှည့် အပြောင်းတစ်ခုကြောင့် ဒုတပ်မှူးရာထူးဖြင့် ပင် တပ်မတော်မှထွက်ခဲ့သည်။ ထို့နောက် ဖခင်၏ ဖန်ချက်စက်ရုံတွင် တစ်နှစ်ခန့်အလုပ်သွားလုပ်ခဲ့ပြီး ကန်သာယာဆေးရုံတွင် ကိုးလခန့်အ လုပ် လုပ်ခဲ့ပြန်သည်။ ထို့နောက်တွင် အခြားမြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များနည်းတူ မိမိတို့ထက် နည်းပညာအရာတွင် အဖက်ဖက်က သာ လွန်ေ နသော နိုင်ငံရပ်ခြားတွင်သွား ရောက်လုပ်ကိုင်ရင်းတစ်ဖက်တစ်လမ်းမှ ပညာသင်ယူခဲ့သည်။
”ဆော်ဒီမှာအရေးပေါ် အခြေအနေတွေမှာ ကုသရတဲ့ အပိုင်းလုပ်ရတယ်။ သူတို့လည်း အန်တီတို့ မြန်မာနိုင်ငံက ဒီလိုအခြေအနေတွေနဲ့ ကြုံဖူးတော့ အတွေ့ အကြုံရှိ တယ်ဆိုပြီး အန်တီကို ခေါ်တာ။ အန်တီကလည်း သူတို့ ဆီကရသလောက် သင်ယူမယ်ဆိုပြီးသွားတာ”ဟု ဆော်ဒီအာရေးဘီးယားသို့ သွား ရောက်အ လုပ်လုပ်ဖြစ်ခဲ့ပုံ ကို ပြောသည်။
ဆော်ဒီရှိ Nothern Area Armed Forces Hospital တွင် အရေးပေါ်အခြေအနေတွင် လာသမျှလူနာများကို ကုသရသော team leaderအဖြစ် တာဝန် ထမ်းဆောင် ခဲ့ခြင်းဖြစ်သည်။ ဆော်ဒီတွင် သုံးနှစ်အလုပ်လုပ်ရာ၌ အရေးပေါ်အခြေ အနေတွင်လုပ်ဆောင်ရမည့် စီမံချက်များကို စိတ်ဝင်စား ခဲ့သည်။ မြန် မာပြည်၌ ပြန် လည် အသုံးချလိုစိတ်များလည်း ဖြစ်ပေါ်ခဲ့သည်ဟု သူက ပြောသည်။
”ဒီမှာက လေယာဉ်ပျက်ကျတယ်ဆိုရင် အဲဒီလေယာဉ်မှာ ဘယ်သူတွေပါလဲ။ ဘာလေယာဉ်အမျိုးအစားလည်းက အရင်မေးတာ။ သူတို့ဆီမှာ Disaster Announce လို့ ကြေညာလိုက်တာနဲ့ လှည်းဆွဲတဲ့သူ၊ ပစ္စည်းထည့်တဲ့ သူကဆယ်မိနစ်အတွင်း ရောက်တယ်”ဟု ဆော်ဒီတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲ မှုကိုသူကပြောသည်။ ထို့ကြောင့်ပင် ဆော်ဒီမှ ပြန်လာစဉ်က အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့် စီမံချက်များကို မြန်မာ ပြည် တွင် ပြန်လည်ဝေ မျှရန် ဆောင်ရွက် ခဲ့သေး သည်။ ကျောင်းများတွင် ထိုစီမံခန့်ခွဲပုံကိုသင်ကြားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
ဆော်ဒီမှပြန်လာပြီးနောက်တွင်သူနာပြုအလုပ်ကို မလုပ်တော့ဘဲ မိသားစုအား အချိန်ပေးခဲ့သည်။ သို့သော်လည်း ဇာတ်ညွှန်းရေးဝါသနာပါသောကြောင့် သမီးနှင့်အတူ ဒါရိုက် ကြည်စိုးထွန်းထံတွင် ဇာတ်ညွှန်းသင်တန်းတက်သည်။ ထို့ အပြင် သက္ကရာဇ် ၂ဝဝဝ မှစ၍ Handmade ဖိတ်စာလေးများ စလုပ်ခဲ့ရာ အောင်မြင်ခဲ့သည်။ ဇာတ်ညွှ န်းရေးရင်း၊ ဖိတ်စာလုပ်ရင်း တစ်ဖက်တွင်လည်း အင်္ဂလိပ်စာအသုံးအနှုန်း၊ ကမ္ဘာလုံးဆိုင်ရာ နေ့ထူးနေ့မြတ်များကို စုစည်းကာ စာအုပ်ထုတ်ရန် လုပ်ဆောင်နေသေးသည်။ အသက်အရွယ်အရ အနားယူရမည့်အချိန် ရောက်နေသော်လည်း သူကတော့ဖြင့် အလုပ်များဆက်လုပ်နေသည်။ လူနာကို ကုသသောလက်သည် ဖိတ်စာဒီဇိုင်းအ လှလေးများကိုလည်း ဖန်တီးနိုင်ပြန်သည်။
ထိုမျှသာမက ဘေးအန္တရာယ်များကြုံတွေ့တတ်သော မြန်မာနိုင်ငံတွင်လည်း အရေးပေါ်အခြေအနေ စီမံခန့် ခွဲမှုကို စနစ်တကျလုပ်ဆောင်စေလိုသောဆန္ဒလည်း ရှိနေေ သးသည်။ ထိုဆန္ဒကိုတော့ ဖြစ်အောင်ကြိုးစားမည်ဟုသူကဆိုသည်။
မေဇင်ဝင်း(popularmyanmar.com)
No comments:
Post a Comment