iTune သုံး စွဲသူသန်း ၅၀၀ အတွက် အက်ပ်ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာ လန်ရော့ခ်အ ဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံး ထွက်ရှိထားသော တေး အယ်လ်ဘမ်ကို လွှင့်တင် လိုက်ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော အက်ပ်ပဲလ် ကုမ္ပဏီ၏ ထုတ်ကုန် သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်း ဝက်ဘ်ဆိုက်တွင် အခမဲ့နားဆင်နိုင်မည်ဟု ထုတ်ပြန်သည်။
အက်ပ်ပဲလ်ကုမ္ပဏီက iPhone သစ်နှစ်မျိုး၊ စမတ်နာရီ တစ်မျိုးနှင့် မိုဘိုင်းဖုန်းငွေပေးချေ မှုစနစ်တစ်ခုတို့ကို ထုတ်ဖော်ပြသခဲ့သည့် ကယ်လီဖိုးနီးယားပြည် နယ်ကူပါတီနိုမြို့တွင် ကျင်းပသောအခမ်းအနား၌ ဂရမ်မီဆုရ U2 အဖွဲ့က နောက်ဆုံးထွက်ရှိထားသောသီချင်း 'The Miracle'ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။U2 အဖွဲ့နောက်ဆုံးထွက်ရှိ ထားသည့် သီချင်း ၁၁ ပုဒ်ပါဝင် သောတေး အယ်လ်ဘမ် သစ်ကို iTunes အသုံးပြုသူများချက်ချင်း နားဆင်နေကြ ပြီဖြစ် သည်။သို့ သော် iTunes မှနားဆင်သူအရေအတွက်ကို ယင်းအယ်လ်ဘမ် အား အခမဲ့နားဆင်ခွင့်ပြုခြင်းဖြစ် သောကြောင့် တေးသီချင်းရောင်းချမှုအရေအတွက် မှတ်တမ်းတွင် ထည့်သွင်းသွားမည်မဟုတ်ပေ။
U2 အဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် Songs of Innoce nce ဟု အမည်ပေး ထားသည့် သီချင်းသစ်လေးပုဒ်စတင်ဖြန့်ချိ သွားမည်ဖြစ်သည်။
Ref: Reuters
7Day DAILY
No comments:
Post a Comment