မီဒီယာရှေ့တွင်တောင်းပန်ပြီး သရဖူပြန်အပ်ရန်မေမြတ်နိုးအား MissAsia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။
မေမြတ်နိုးကိုလည်းလာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု ၎င်း ကပြောသည်။
ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ဆုံး ဖြတ်ချက်အရ လုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မေမြ တ်နိုးနှင့် ၎င်း၏မိ ခင်တို့၏ သဘောတူညီမှုအရလုပ် ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။
‘‘သူရော သူ့အမေပါ လက် မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ ဘယ်အော်ပရေးရှင်းမှ ကိုရီးယား မှာမလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်း ဂျင်းကပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများလုပ်ဆောင်လေ့ရှိသဖြင့် မေမြတ်နိုးကို မည်သည့် အစိတ်အပိုင်းခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကိုအလုပ်မလုပ် ခြင်း၊ အဖွဲ့အစည်း၏စကားကိုမ လိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကိုမလိုက် နာခြင်းကြောင့် သရဖူကိုရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။
မေမြတ်နိုး၏မိခင်ကို ကိုရီး ယားသို့ နှစ်ပတ်လိုက်ပါခွင့်ရရန် မေမြတ်နိုးကတောင်းဆိုခဲ့၍ စီစဉ် ပေးခဲ့ခြင်း သာဖြစ်ပြီး ၎င်း၏မိခင်က သမီးနှင့်အတူ သုံးလနေထိုင် ခွင့်ရရန်ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူ အသိမ်း ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင်သတင်းစာရှင်းလင်း ပွဲ ပြု လုပ် မည်ဖြစ်သည်။
7Day DAILY
No comments:
Post a Comment