အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့မုဒိမ်း ကျင့်ခဲ့သူ လေးဦးကို တရားရုံးက စက်တင် ဘာ ၇ ရက်တွင် သေ ဒဏ်ချမှတ်လိုက်ကြောင်း သိရ သည်။
သြဂုတ် ၂၃ ရက် နံနက်ပိုင်းက မင်္ဂလာဆောင်တစ်ခုမှ မြို့တော်က ဘူးလ်သို့ မော်တော် ယာဉ်ဖြင့် ပြန် လာသည့် အမျိုးသမီးတစ်စုကို ရဲတပ်ဖွဲ့ ယူနီဖောင်းများ ၀တ် ဆင်ပြီး လက်နက်ကိုင်ဆောင်ထားသူ များက ကားများ အတွင်းမှ ဆွဲထုတ်ကာ လုယက်ရိုက်နှက်ပြီး ခေါ်ဆောင်သွားကာ အုပ်စုဖွဲ့မုဒိမ်း ကျင့်ခဲ့ခြင်း ဖြစ် သည်။ အဆိုပါ အမျိုးသမီးများအနက်မှ တစ်ဦးမှာ ကိုယ်ဝန်ရသွားကြောင်း သိရသည်။
မုဒိမ်းကျင့်ခံခဲ့ရသူအမျိုးသမီးက မျက်နှာကို ဖုံးအုပ်ထားပြီး တရားရုံး၌ ထွက်ဆိုခဲ့ ရာတွင် “ပဂါမန်မြို့ကို ကျွန်မ တို့ မိသားစုနဲ့ သွားခဲ့ပါ တယ်။ ပြန်လာတဲ့ အချိန်မှာ အဖမ်း ခံခဲ့ရပြီး တစ်ယောက်က ကျွန်မရဲ့ ဦးခေါင်း ကို သေနတ်နဲ့ချိန် ထားပြီး နောက်တစ်ယောက်က လက်ဝတ် လက်စားတွေကို လုပါတယ်။ ပြီး တော့ အားလုံးသိပြီးကြတဲ့ အတိုင်းပါပဲ” ဟု ပြောကြားခဲ့သည်။
အဆိုပါ အမှုအား စစ်ဆေးနေချိန်တွင် တရားရုံးအပြင်ဘက်၌ တရားခံများ ကို သေဒဏ်ချမှတ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
မြို့တော်ကဘူးလ်ရဲချုပ်ဇဟာဇာဟာက ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်ရန် တရားရုံးတွင် တင်ပြခဲ့သည်။
“သူတို့ကို ရဲယူနီဖောင်းတွေနဲ့ ဖမ်းမိပြီး နှစ်နာရီအတွင်းမှာ သူတို့ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပါ တယ်” ဟု ဇဟာက ပြောကြားသည်။
တရားခံ ခုနစ်ဦးအနေဖြင့် ယခုပြစ်ဒဏ်အတွက် အယူခံလျှောက်ထားခွင့် ရှိကြောင်း သိရသည်။ အာဖဂန် နစ္စတန် ဥပဒေအရ သေဒဏ်စီရင်ခွင့်ပြုရန် သမ္မတက လက်မှတ်ရေးထိုးပေးရသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် မုဒိမ်းမှုများထက် လက်နက်ကိုင်လုယက်တိုက်ခိုက် မှုများကိုသာ သေဒဏ်ချ မှတ်ခြင်းဖြစ်သော် လည်း သမ္မတဟာမစ်ကာဇိုင်းက ယခုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ခုနစ်ဦးကို သေဒဏ်ချ မှတ်ရန် စက်တင်ဘာ ၇ ရက်က တောင်းဆိုခဲ့သည်။
၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရ ကျဆုံးပြီးနောက်ပိုင်း အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏ အခွင့် အရေးတိုးတက်ရန် နိုင်ငံတကာက ဒေါ်လာဘီလျံများစွာ အကုန်အကျခံကာ ပံ့ပိုးပေးခဲ့သည်။
တာလီဘန်တို့၏ ပြင်းထန်သော ဆွန်နီအစ္စလာမ္မစ်ဥပဒေအရ အမျိုးသမီးများ အနေဖြင့် ဦးခေါင်းကို အပြည့် ဖုံးထားရပြီး ပြင်ပအလုပ်လုပ်ခွင့် လည်း ပေး မထားဘဲ အိမ်မှအပြင်သို့ ထွက်ပါက အသက်ကြီး သော အမျိုးသား အဖော်တစ်ဦး လိုက်ပါရန် ပြဌာန်းထားသည်။
Ref: AFP
Mizzima - News in Burmese
No comments:
Post a Comment