ကမ္ဘာ့ဖလားပြိုင်ပွဲမှ အလဲလဲအပြိုပြို ထွက်ခွာခဲ့ရ သော်လည်း အင်္ဂလန်အသင်းအား အောက်ခြေ သိမ်းပြောင်းလဲမှုများ လုပ်ဆောင်ရ မည်ဆိုခြင်းကို ရွိုင်ဟော့ဆန် က ပယ်ချလိုက်သည်။
၂၀၁၆ ယူရိုခြေစစ်ပွဲကို ဆွစ်ဇာလန်နှင့် ကစားရန် ပြင်ဆင် နေစဉ် ဘီဘီစီ Radio Five Live အင်္ဂလန် တွင် ပြောကြားရာ၌ သဘာဝအတိုင်းဖြစ်ပေါ်တိုးတက်မှုမှာ အင်္ဂလန်အသင်းလမ်း ကြောင်းမှန်ပေါ် ပြန်ရော က် ရန် လုံလောက်သည် ဟု ဟော့ဆန် က ပြောကြားသည်။
ဘရာဇီးကမ္ဘာ့ဖလားတွင် စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်ကြောင့် အင်္ဂလန် သင်ခန်းစာရခဲ့ ပါသလား ဟု မေးမြန်းရာ၌ ဟော့ဆန် က ‘‘မရှိပါဘူး။ ကျွန်တော်တို့ ဦး နှောက်ပေါက်မတတ်စဉ်းစားကြ တယ်။ သင်ခန်းစာတွေ အများ ကြီးရတယ်လို့ ပြောလိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေက သေးသေး မွှားမွှားတွေပါ’’ဟု အင်္ဂလန်နည်းပြ ဟော့ဆန်က ပြောသည်။
Ref:Goal
7Day DAILY
No comments:
Post a Comment