Wednesday, 6 August 2014

ဂုဏ်ယူရမယ့်နေ့တစ်နေ့ ဖြစ်ထိုက်ရဲ့လား..?

လွန်ခဲ့တဲ့ ၂၆ နှစ်ကျော် ၁၉၈၈ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား အချို့နှင့် အရပ်သားလူငယ်တစ်ချို့ လ္ဘက်ရည်ဆိုင်တစ်ခုမှာ ကိုယ်ရေးကိုယ်တာ ကိစ္စမှအချင်းပွားရာမှ အရေး အခင်းတစ်ခု စတင်ဖြစ်ပွားလာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား မောင်ဘုန်းမော် သေဆုံးတာနဲ့ပတ်သက်ပြီး အခွင့်ကောင်းစောင့်နေတဲ့ မြေပေါ်မြေအောက် အဖျက်သမား မသမာသူများက ရန်ကုန် စက်မှုတက္ကသိုလ်သာမက ရန်ကုန်တက္ကသိုလ်နှင့် အခြားကျောင်းများပါ ဆူပူအုံကြွမှု ကူးစက်ပျံ့နှံ့အောင် လှုံ့ဆော်ခဲ့ကြပါတယ်။
ထို့ကြောင့် ၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ စလိုက်တဲ့ ဆူပူအုံကြွမှုဟာ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံး ပိတ်လိုက်ရသည့် အခြေအနေထိ ရောက်ခဲ့ရပါ တယ်။ ထိုအချိန်တွင် နိုင်ငံကိုအုပ်ချုပ်နေသော အစိုးရအဖွဲ့ကို ဆန်ကျင်နေသော မသမာလူများမှာ ထိုကျောင်း သားများ ခိုက်ရန်ဖြစ်ပွားတာကို အခွင့်ကောင်းယူပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်း ရေးကို ဆန့်ကျင်လိုသူ များဟာ နိုင်ငံပိုင်ပစ္စည်း၊ ပြည်သူပိုင် အဆောက်အဦးများ မင်းမဲ့စရိုက်ဆန်စွာ အကြောင်း မဲ့သက်သက် ဖျက်ဆီးမီးရှို့ ခဲ့ကြပါတယ်။

ဒီမိုကရေစီ ဆိုတဲ့စကားလုံးကို တလွဲသုံးပြီး မင်းမဲ့စရိုက်တွေ ဝင်လာချိန်ရဲ့ အထွတ်အထိပ်ကာလဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ယူထားကြတဲ့ လုံခြုံရေးတပ်စုကို မင်းမဲ့ဒီမိုကရေစီ ဝါဒီတွေ ဝင်ရောက်တိုက်ခိုက် ရန်မူခဲ့ကြတယ်။ ဒါကို အဲဒီအချိန်က ဒီမို ကရေစီ ခေါင်းဆောင်ကြီးတွေလို့ အမည်ခံထားကြတဲ့ ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်စုစတဲ့ ပုဂ္ဂိုလ်တွေ ထိန်းနိုင်ခဲ့ပါသလား။ လက်နက်တွေက ပြည် သူတွေလက်ထဲ ရောက်ကုန်ပြီ။ ယခင်က ဂျင်ဂလိတွေ၊ တုတ်တွေ၊ ဓါးတွေ၊ သေနတ်တွေ၊ ဗုံးတွေ မင်းမဲ့ဒီမိုကရေစီ သမားတွေ လက်ထဲရောက်ကုန်ပါတယ်။ မြန်မာပြည် ဘယ်လို စခန်းသွားမလဲ။ ရန်ကုန်မြို့ကို အပိုင်းပိုင်းကန့်ပြီး လက်နက်ကိုင် သောင်းကျန်းရာကအစ၊ တစ်ပြည်လုံးကို လက်နက်ကိုင် သောင်းကျန်းကြလော့လို့ ဒီမိုကရေစီ  ခေါင်းဆောင်ကြီးတွေက မသိမသာ မျက်စိမှိတ်ပြီး နေလိုက်ကြတာလား။

ဒီအချိန်မှာ တိုင်းပြည်ရဲ့ ရှေ့ရေးကို လက်ပိုက်မကြည့်နိုင်တော့လို့ အမျိုးမျိုးသော ဆူပူ သောင်းကျန်းနေမှုတွေကို နိဂုံးချုပ်စေခဲ့တာ ဘယ်သူတွေလဲ။ ကျွန်တော်တို့ ပြည်သူတွေ အေးချမ်းစွာနဲ့ လူမှု ဘဝတွေပြန်လည် ထူထောင်နိုင်ခဲ့ကြတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ငါ့ကိုလာခေါ်ပြီး ခေါင်းဖြတ်မလဲဆိုတဲ့ သောကတွေက ကင်းဝေးခဲ့ကြရတယ်။ ပင်လယ်ပြင်မှာ နိုင်ငံခြားက စစ်သင်္ဘောကြီးတွေက ဝိုင်းနေပြီ၊ ပြည်တွင်းမှာလဲ ဘယ်နေ့ ဘယ်နေရာကို လေယာဉ်ပျံနဲ့လာပြီး ဗုံးကြဲမယ်ဆိုတဲ့

ကောလာဟလတွေကို ပြည်သူတွေစိတ်ဓာတ် ခြောက်ခြားပြီး နေကြရတာ ဒီမိုကရေစီရဲ့ လွဲမှားသော စံထားချက်တွေကြောင့်သာ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ ပြည်သူ (People) ကို ဦးစားပေးရတယ်ဆိုတာ မှန်ပေမယ့် ပြည်သူတွေဆိုတဲ့ နေရာမှာလည်း ဘယ်လိုကိစ္စမျိုးကိုမဆို သဘောထား တိုက်ဆိုင်နိုင်သူတွေ ရှိသလို၊ သဘောထား မတိုက်ဆိုင်နိုင်သူတွေလည်း ရှိနိုင်တယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မဟောင်း
မြေ့နိုင်တဲ့ အတိတ်ကြောင်းကတော့ နှစ်စဉ်မေ့ဖျောက် ရနိုင်မှာမဟုတ်ပါဘူး။ ၈၈ ခုနှစ်က အရေးအခင်းအကြောင်းတွေ မီးမောင်းထိုးပြပြီး အနာဂါတ်ရဲ့ ခေတ်တစ် ခေတ်မှာ သမိုင်းမှတ်တိုင်စိုက်ထူခဲ့ကြပြီး စနစ်ပြောင်းလိုပေမဲ့ အရောင်မပြောင်းသည့် မင်းမဲ့ဒီမိုကရေစီ နိုင် ငံ ရေးသမားတွေကြောင့် ယနေ့ချိန်ထိ ဒီမိုကရေစီ မရရှိသေးဘူးဆိုတာလဲ ပြည်သူများ နားလည်သဘောပေါက် ကြမှာပါ။ ကျွန်တော် တို့လိုချင်တောင့်တသည့် ဒီမိုကရေစီက တရားမျှတမှု လွတ်လပ်မှု တာဝန်ယူမှု တာဝန်ခံ မှုတွေနဲ့ ဥပဒေဆိုတာ ပြည်သူလူထုကို အကာအကွယ်
ပေးသော ဥပဒေဖြစ်ဖို့ ပြည်သူလူထု အားကန့်သန့် ချုပ်ချယ် သော ဥပဒေဆိုတာ မရှိရအောင်ပါ။ အချုပ်အခြာအာဏာ သည် ပြည်သူက ဆင်းသက်လာနိုင်အောင် နိုင်ငံတော် မှ တာဝန်ရှိသူများက ကြိုးစားလုပ်ဆောင်နေချိန် တွင် နိုင်ငံတော်အစိုးရနဲ့ ပြည်သူ အကြား သွေးထိုး လှုံ့ဆော်နေတဲ့ ပါတီများလည်း ယခုချိန်ထိ ရှိနေဆပါပဲ။

လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာလည်း ၈၈ ကျောင်းသားဟောင်း ဆိုတဲ့ ငြိမ်း/ပွင့် အဖွဲ့က ၈၈ အရေးတော်ပုံ အတွင်း ကျဆုံးသွားသော ရဟန်းရှင် လူ ကျောင်းသား ရဲဘော် ပြည်သူအပေါင်းတို့အား အလေးပြု ဦးညွတ် ဂုဏ်ပြု အခမ်းအနား ပြုလုပ်ကြပါဦးမယ်။ လမ်းပေါ်တွေမှာ အခမ်းအနားတွေမှာ ကြီးကြီးကျယ်ကျယ် လျောက် ပြောကြပါဦးမယ်။

အမှန်တကယ် သေဆုံးသွားတဲ့ ရဟန်းရှင်လူတွေကို တခြားသူတွေ သတ်လို့သေတာမဟုတ် ပါဘူး။ ၈၈ ဆိုတဲ့ အခွင့်အရေးသမားတွေက မင်းမဲ့စရိုက်ဆန်စွာ သတ်ဖြတ်ခဲ့တာပါ။ ဒီလိုအခွင့်ကောင်းစောင့်နေတဲ့နိုင်ငံရေးသမားတွေသာမရှိရင် ဒီတိုင်းပြည်မှာ ခုလိုဖြစ်စရာအကြောင်း မရှိပါဘူး။ပွဲလန့်တုန်း ဖျာခင်းတဲ့ နိုင်ငံရေး သမားတွေကြောင့်သာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် နိုင်ငံကို တိုးတက်ရာတိုးတက်ကြောင်း ခုချိန် ထိ ပြည်သူ ကောင်းစားဖို့အတွက် ဘာတစ်ခုမှ စွမ်းဆောင်နိုင်ရည်မရှိဘဲ နိုင်ငံတော်အစိုးရလမ်းစဉ်ကို ဆန့်ကျင်ကာ ပြည်သူ တွေကို လမ်းပေါ်ရောက်အောင် ဆွဲတင်ချင်နေတုန်းပါပဲ။ ၈၈ ခုနှစ် အရေးအခင်းတုန်းကလို အပြစ်ကင်းစင်တဲ့ ကျောင်းသားတွေရဲ့ပြဿနာကို အကြောင်းပြုပြီးတော့ အခွင့်ကောင်းယူပြီး ဒီမိုကရေစီ အခွင့်အရေး သမားများ ကြောင့် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပ်ဖြစ်ခဲ့ရပါတယ်။ ယခု လည်းပဲ အပြစ်ကင်းစင်တဲ့ ပြည်သူတွေ ကိုအသုံး ချကာ မိမိပါတီ အာဏာရရေးကိုသာ အဓိကထားပြီး နည်းမျိုးစုံနဲ့ တိုင်းပြည်ဆူပူအုံကြွမှုဖြ စ်အောင် လုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေကြတယ်လို့လည်း ကြားသိနေရပါတယ်။ ၈၈ အရေးအခင်းလို နောက်တစ်ကြိမ် ထပ်ပြီး ဖြစ်ပေါ်လာမယ် ဆိုပါက မြန်မာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ဟာ နောက်ကောက်ကြ သွားပါလိမ့်မယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ပြည်သူများလည်း မင်းမဲ့စရိုက် ဆန်သော လုပ်ရပ်များဖန်တီနေ ကြသော နိုင်ငံရေး အမြတ်ထုတ်လို သူများအား အထူးဂရုစိုက် ရှောင်ရှားနိုင်ရန် တိုက်တွန်းရေးသား လိုက်ရပါတယ်။

ဒဂုံမင်းဝေ

No comments:

Post a Comment