အကယ်၍ ပြန်ကြားရေး ဒုတိယဝန်ကြီးနေရာ အား ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာက ပြောသည်။
ဇာဂနာသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် အနု ပညာရှင်များနှင့် သမ္မတကြီးတို့ တွေ့ဆုံရန်စီစဉ်ပေး ခဲ့ပြီး သြဂုတ် လ ၁ ရက်တွင် မီဒီယာအဖွဲ့အစည်း နှင့် သမ္မတတွေ့ ဆုံနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရ သည်။
”ဘာကြောင့် သမ္မတနဲ့ မီဒီယာကို ဆုံတွေ့ ပေးတာလဲဆိုတော့ အနုပညာရှင်တွေနဲ့ သမ္မတ တွေ့ဆုံ တဲ့နေ့ က မီဒီယာသမားတချို့က အဲဒီနေ့မှာ ပါးစပ်ကို ကြက်ခြေခတ် ပုံစံလုပ်ပြီး ဆန္ဒပြခဲ့တယ်။ ဒါကို သမ္မတကြီး က ကိုယ်တိုင်သွားပြီး လက်ဆွဲနှုတ် ဆက်ပြီးဘာဖြစ်ကြတာလဲဗျာ ကျွန်တော့်ကို ပြောပါ ဦးလို့ ပြောရင် မကောင်းဘူးလား။ ကျွန်တော်သာ သမ္မတကြီးဆိုရင် အဲဒီလိုလုပ်မှာ အမှန်ပဲ။ အဲဒီလို မဖြစ် ခဲ့တဲ့ အတွက် စိတ်မကောင်းဘူး။ တွေ့ဖြစ်အောင် ကို လုပ်ပေးမယ်ဆိုပြီး လုပ်တာပါ” ဟု ဇာဂနာက ရှင်းပြသည်။
Popular Myanmar
No comments:
Post a Comment