တိမ်းမှောက်သွားသည့် ဂျေဂျေခရီးသည်တင်ယာဉ်ကိုစစ်ဆေးနေစဉ် (ဓာတ်ပုံ− Yangon-Mandalay Expressway)
အမြန်လမ်းပေါ်တွင် တိမ်းမှောက်ခဲ့သည့် ဂျေဂျေခရီးသည် တင်ယာဉ် သည် စစ်ဆေးရေး ဂိတ်ကိုဖြတ်သန်း ခဲ့ခြင်း မရှိသည့် အပြင် ပန်းမရှိသောတာယာများ အသုံးပြုထားခြင်းကြောင့် အဆို ပါအမှုကို နိုင်ငံတော် အဆင့်စစ် ဆေးအရေးယူသွားမည်ဖြစ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲ မှူးကြီးနေဝင်းကပြောကြားသည်။
ဂျေဂျေခရီးသည်တင်ယာဉ် သည် သြဂုတ် ၂၀ ရက်နေ့လယ်က အမြန်လမ်းမိုင်တိုင် ၂၂၁ အနီးတွင် တိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး မိုင်တိုင် ၂၀၀ ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းလမ်းမှဖြတ်၍ ပိတ် ထားသည့်လမ်းမှ အမြန်လမ်းပေါ်သို့ပြန်တက်ကာနေပြည်တော်မှ မန္တလေးသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ထို့ပြင် ကား၏နောက်တာယာလေးလုံးစလုံး ပန်းမရှိ တော့သည့် သက်တမ်းလွန်တာယာများ အသုံးပြုထားခြင်းကြောင့် ရဲချုပ်ကိုယ်တိုင် လာရောက် စစ် ဆေး ခဲ့ခြင်းဖြစ်သည်။
‘‘နေပြည်တော်စစ်ဆေးရေး ဂိတ်(၄)မရောက်ခင်မှာ တံခါးနဲ့ သော့ခတ်ပိတ်ထားတဲ့ရှောင်ကွင်း လမ်းလေးရှိ တယ်။ သော့ကပျက် နေတာကြာပြီ။ အဲဒီလမ်းကနေ အမြန်လမ်းပေါ်တက်တာ။ ကား တွေတော်တော် များများ အဲဒီလို သွားနေကြတာတွေ့တယ်’’ ဟု ဂျေဂျေခရီးသည်တင်ကားကို တစ်နှစ်စာ member ဝင်ထား သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် နိုင်ငံခြားခရီးသည်နှစ်ဦး အပါအဝင် ခရီးသည် ၁၇ ဦးဒဏ်ရာရခဲ့ပြီး သြဂုတ် ၂၁ ရက်တွင် ဒဏ်ရာသက်သာသောခရီးသည် အချို့ နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ရဲမှူးကြီးနေဝင်းကပြောသည်။ အရေအတွက်အတိအကျ ကိုမူ ပြောဆိုခြင်းမရှိပေ။
တိမ်းမှောက်ခဲ့သည့်ယာဉ်ကို အမြန်လမ်း ပန်းတင်ရဲစခန်း တွင် သိမ်းဆည်းထားပြီး လော လောဆယ်တွင် ယာဉ်မောင်းကို လည်း ထိန်းသိမ်းထားသည်။
ယခုနှစ် မေလ ၁၂ ရက်ည က လူ ၁၄ ဦးသေဆုံးခဲ့သည့် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်း မှောက် မှု ဖြစ်ပွားပြီးနောက် နေပြည်တော်အမြန်လမ်းရဲတပ် ဖွဲ့က စီမံချက်ချ၍ စစ်ဆေးအရေး ယူမှုများ ပြုလုပ် ခဲ့သော်လည်း ယခုနောက်ပိုင်း စစ်ဆေးမှုများ မတွေ့ရတော့ကြောင်း တစ်ပတ် လျှင်နှစ်ကြိမ် ရန်ကုန်-နေပြည် တော် အသွားအပြန်လုပ်နေသည့် ခရီးသည်တစ်ဦးကပြောသည်။
နေပြည်တော်အမြန်လမ်း တစ်လျှောက် စီမံချက်ကာလကဲ့ သို့ ၂၄ နာရီစစ်ဆေးခြင်းမရှိတော့ သော် လည်း ရှောင်တခင်စစ်ဆေး ခြင်းကို နေ့စဉ်ပြုလုပ်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး ကပြောသည်။
အမြန်လမ်းကို အသုံးပြု သည့် ယာဉ်အရေအတွက်သည် နေ့စဉ် တစ်သောင်းနှစ်ထောင် ကျော်ရှိပြီး ခရီးသည်တင်ယာဉ်အစီးရေမှာ နေ့စဉ် ၈၀၀မှ ၁၀၀၀ဝန်းကျင်ကြားရှိကြောင်းအမြန် လမ်းအင်ဂျင်နီယာ ဌာနမှ သတင်းရရှိသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မိုင်တိုင် ၂၂၁ အနီးတွင်လည်း guard rail ကဲ့သို့ သံတန်းကာ အတားအဆီးများ တပ်ဆင်နေပြီဖြစ်ကြောင်း အင် ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် ကပြောသည်။
7Day DAILY
No comments:
Post a Comment