အမေရိကန်နိုင်ငံပိုင် ဟာဝါအီ ကျွန်းပေါ်ကို ဟာရီကိန်းမုန်တိုင်း နှစ်ခု ကျရောက်နိုင်တဲ့အတွက် ပြင်ဆင် မှုတွေ ပြုလုပ်နေကြပါပြီ။
ခန့်မှန်းထားတဲ့အတိုင်း မုန်တိုင်းတွေကျရောက်မယ်ဆိုရင် ၁၉၉၂ ခုနှစ်နောက်ပိုင်း ဟာဝါအီကျွန်းကို ပထမဆုံးအကြိမ် ကျရောက်မယ့် မုန်တိုင်းဖြစ်ပါတယ်။
မုန်တိုင်း Iselle က Big Island ကို ဝင်ရောက်ဖို့ရှိပြီး ဂျူလီယို မုန်တိုင်းကတော့ မြောက်ပိုင်းပြည်နယ်နဲ့ တခြား ကျွန်းငယ်တွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအတွက် ဒေသခံတွေကို တစ်ပတ်စာ အရေးပေါ် အစားအသောက်၊ အသုံးအဆောင်တွေ ပြင်ဆင်ဖို့ သတိပေးမှုတွေလည်း ထုတ်ပြန်ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment