ရန်ကုန်မြို့တော်ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်သော ဥပဒေဖြစ်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို ရေးဆွဲတင်ပြထားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းရန်သာ လိုတော့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါက်တာဦးသန့်မြင့်ဦးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ၏ တန်ဖိုးကို နားမလည်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များက ဖြိုဖျက်ပြီး မြေဧရိယာ အကျယ်အဝန်းကိုသာ ရောင်းချရန် ပြင်ဆင်နေသောကြောင့် ကမ္ဘာ လှည့် ခရီးသည်များနှင့် ဗိသုကာ ပညာရှင်များကို ဆွဲဆောင်နိုင်မှု နည်းပါးလျက် ရှိကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်း အဆောက်အအုံများသည် ၉၉ ရာခိုင်နှုန်း ပြုပြင်နိုင်သည့် အခြေအနေတွင် ရှိသောကြောင့် ပြုပြင်ရာတွင် လိုအပ်သော နည်းစနစ်များ၊ လိုက်နာရမည့် စည်းကမ်းများ၊ မည်သို့ ပြုပြင် ရမည် များကို သိရှိပြီး ဥပဒေဖြင့် ထိန်းချုပ်နိုင်မှ ထိရောက်မည် ဖြစ်ကြောင်း YHT မှ ဒါရိုက် တာ ဒေါ်မိုးမိုး လွင် က ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ၁၈၉ လုံးခန့် ရှိပြီး ပြည်သူပိုင် အဆောက် အအုံနှင့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များ ပါဝင်ကြောင်း၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) သည် ရန်ကုန်မြို့တော် အတွင်းရှိ ဗိသုကာဆိုင်ရာ မြို့ပြအမွေအနှစ် စာရင်း ပြည့် စုံရန် လေ့လာခြင်းနှင့် စာရင်းကောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။
The Voice Weekly
No comments:
Post a Comment