ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud
ဆော်ဒီအာရေးဘီးယားအစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေကို မြန်မာနိုင်ငံက အမျိုး သမီး တွေ နဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။
မြန်မာ အမျိုးသမီး အပါအဝင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ ချတ်တ် နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ် ထိမ်းမြားခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ဆော်ဒီအာရေးဘီးယားအစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေကို မြန်မာနိုင်ငံက အမျိုး သမီး တွေ နဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။
အဲဒီ လေး နိုင်ငံက နိုင်ငံသား တွေဟာ ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ လူဦးရေ ၅၀၀၀၀ (ငါးသိန်း) ကျော် ရှိ သွားတဲ့ အတွက် လူဦးရေ ထပ်မပြန့် ပွားအောင် တားဆီးတာ ဖြစ်နိုင် တယ်လို့ ယူဆ နေကြပါတယ်။
ဒါ့အပြင် လက်ထပ် ထိမ်းမြားခြင်း ဥပဒေကို လည်း တင်းကြပ် လိုက်ပါတယ်။
နိုင်ငံခြားသူနဲ့ လက်ထပ်ထိမ်းမြားလိုတဲ့ အမျိုးသားဟာ အနည်းဆုံး အသက် ၂၅ နှစ်ရှိရမှာဖြစ်ပြီး အကယ် လို့ လင်မယားကွဲသူတွေ ဖြစ်မယ် ဆိုရင် အနည်းဆုံး ၆ လ စောင့်ပြီးမှ လက်ထပ် ထိမ်းမြား ခွင့် လျှောက် လွှာ တင်ရမယ်လို့ ပြောပါတယ်။
ဇနီးမယား ရှိနေတဲ့ကြားက နောက်တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လက်ရှိ မယားမှာ ကင်ဆာရောဂါ ရှိကြောင်း၊ မသန်စွမ်းကြောင်း၊ ကလေး မမွေးနိုင်ကြောင်း သက်သေတွေ ပြရမယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ အစ္စလာမ်မစ် ဥပဒေအရ အမျိုးသားတွေကို မိန်းမလေးယောက်အထိ လက်ထပ်ခွင့် ပြုထားပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လူဦးရေ ၂၇ သန်းလောက်ရှိပြီး အဲဒီထဲက ၃၀%ဟာ နိုင်ငံခြား သားတွေ ဖြစ်ကြ ပါ တယ်။
ABC Radio Australia
No comments:
Post a Comment