(၁၂)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အ၀န်းကောင်စီအစည်းအဝေးအပြီး ၀န်ကြီးများစုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံက လေ့လာသုံးသပ်နေသော အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှတရေးမူဘောင် (AFEED) အစီရင်ခံစာကို အမေရိကန်သမ္မတအိုဘားမားတက် ရောက်မည့်(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တင်ပြမည်ဟု သတင်းရရှိသည်။
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာတွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်း အဝေး ၌ အမေရိကန် သမ္မတအိုဘားမားသာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ တော်အကြီးအကဲများ၊ မိတ်ဖက် နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြမည် ဖြစ်သည်။ အာဆီယံမှ အကောင် အထည်ဖော် ဆောင်ရွက်နေသော အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု မျှတရေး မူဘောင် (AFEED)ကို အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် လေ့လာ သုံး သပ်ရေး အစီရင်ခံစာ ကို ပြုလုပ်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။မြန်မာနိုင်ငံက လေ့လာသုံးသပ်နေသော အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှတရေးမူဘောင် (AFEED) အစီရင်ခံစာကို အမေရိကန်သမ္မတအိုဘားမားတက် ရောက်မည့်(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တင်ပြမည်ဟု သတင်းရရှိသည်။
အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် လျော့နည်း ရေးအတွက် အာဆီယံ ကနဦး ပေါင်းစည်းရေး အစီအစဉ်အဆင့်(၂)အရ အာဆီယံ (၄) နိုင်ငံဖြစ် သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ များ၏ စွမ်းဆောင်ရည်မြင့်မားရေးအစီ အစဉ်များသည် အခြားအာဆီယံ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကွာ ဟချက်ကို နည်းပါးစေပြီး ဒေသတွင်း ပေါင်းစည်းမှုကိုလည်း မြန် စေမည်ဟု သမ္မတက ပြောသည်။ အာဆီယံဒေသတွင်း အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိလာကာ ဖွံ့ဖြိုးမှုကို အ ထောက် အကူဖြစ်စေမည်ဟု ဆို သည်။
အာဆီယံခေါင်းဆောင်များ သည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာက ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေးတွင် တည် ငြိမ်သော၊ အောင်မြင်ကြွယ်ဝ သော၊ ယှဉ်ပြိုင်မှုစွမ်းအားမြင့်မား သော၊ အချိုးညီညီ စီးပွားရေးဖွံ့ ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုစီးပွားရေးကွာခြားမှုနည်း ပါးသော ဒေသဖြစ်လာစေ ရန် အာ ဆီယံ၏ မျှော်မှန်းချက် ၂၀၂၀ ကို ကြေညာခဲ့သည်။ အာဆီယံအ သိုက်အ၀န်းကို အာဆီ ယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အ၀န်း၊ အာဆီယံစီးပွားရေး အသိုက်အ၀န်း နှင့် အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အ၀န်း တို့ကို ၂၀၁၅ ခုနှစ်တွင် ဟန်ချက်ညီစွာဖြင့် တည်ထောင်သွားရန် မျှော်မှန်း ထားသည် ဟု သမ္မတက ပြောကြားခဲ့သည်။
7Day DAILY
No comments:
Post a Comment