Tuesday 26 August 2014

ကျောက်မျက်ရတနာလုပ်ငန်းများအသင်းဥက္ကဋ္ဌအဖြစ် ဦးရုံးမူအားခန့်အပ်

မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင်များ အ သင်းတွင် ခြောက်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ သည့် ဥက္ကဋ္ဌ ဦးတေဇရာထူးမှနုတ်ထွက်လိုက် ပြီး စိမ်းလင်းရတနာကျောက်မျက် ကုမ္ပဏီမှ ဦးရုံးမူအား အသင်းသား များ၏ မဲဆန္ဒဖြင့်ဥက္ကဋ္ဌအဖြစ် ရွေး ချယ်တင်မြှောက်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၄ မှ ၂၀၁၇ ခုနှစ် သက် တမ်းအတွက် ဥက္ကဋ္ဌရွေးကောက် ပွဲကို ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ် တွင် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ရာ အသင်းတွင် ဒုဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည့် ဦးရုံးမူ ဥက္ကဋ္ဌ သစ်ဖြစ်လာခြင်းဖြစ်သည်။

 အသင်း ဥက္ကဋ္ဌနေရာအ တွက် ခြောက်ဦးယှဉ်ပြိုင်ခဲ့ရာ ပတ္တမြားနဂါးကုမ္ပဏီမှ ဦးနေဝင်းထွန်း၊ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဦးစိုးထွန်းရှိန်၊ ကချင်ပြည်နယ်မှ ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ အများစု တည်ထောင်ထားသည့် ဦးလဖိုင်ခွန်ဆာတို့ ပါဝင်သည်။

‘‘ဥက္ကဋ္ဌသစ်လက်ထက်မှာ ကျောက်စိမ်းဓာတ်ခွဲခန်းရယ်၊ ကျောက်မျက်ဘဏ်ရယ် အကောင်အထည်ဖော်ဖို့ သူကြိုးစားအား ထုတ်သွားမယ်လို့ ယုံကြည်ပါတယ်’’ဟု ကျောက်မျက်အသင်း ဥက္ကဋ္ဌဟောင်း ထိပ်သီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ပြော သည်။

ဦးတေဇမှာမူ အသင်းတွင် နာယကအဖြစ် ဆက်လက်ရှိနေ မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ပင် အသင်း၏ ဥက္ကဋ္ဌရာထူးမှ နုတ် ထွက်ချင်သော်လည်း အသင်း သားများ၏ သဘောဆန္ဒအရ မနုတ်ထွက်ခဲ့ဘဲ အသင်း တာဝန် ကို ဆက်လက်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း လက်အောက်တွင် မန္တလေး၊ မြစ် ကြီးနား၊ မိုးကုတ်၊ ဖားကန့်စသည့် မြို့အလိုက် ဖွဲ့စည်းထားသည့် အသင်းခွဲများရှိပြီး အသင်းတွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ ခြောက်ဦး၊ အတွင်းရေးမှူးသုံးဦး နှင့် တွဲဖက်အတွင်းရေးမှူးသုံးဦး တို့ဖြင့် အသင်းတွင် အသစ်ပြန် လည်ဖွဲ့စည်းလိုက်သည်။

လက်ရှိ ရွေးချယ်ခံလိုက်ရ သည့် ဦးရုံးမူမှာ အသင်းအတွက် အမှန်တကယ် အလုပ်လုပ်ပြီး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရ ခြင်းမှာ မှန်ကန်ကြောင်း၊ ၎င်းမှာ ပြင်ပတွင် နာမည်ပျက်နည်းပြီး ကျောက်စိမ်းကျောက်မျက် လုပ် ငန်းအချို့ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး၊ ပြည်တွင်းအချောထည် ဈေးကွက်ပေါ်ပေါက်ရေးတွင် လည်း အသင်းအတွက်ဒုဥက္ကဋ္ဌ ကာလက လုပ်ဆောင်ပေးခဲ့သည့် သာဓကများရှိခဲ့ကြောင်း ကျောက် မျက်ရတနာလုပ်ငန်းရှင်များက အဆိုပါပွဲတွင်ပြောကြားသည်။

ရွေးချယ်ခံရသည့် အမှု ဆောင်သစ်များသည် စက်တင် ဘာတွင် စတင်တာဝန်ယူမည်ဖြစ် ပြီး အမှုဆောင် သစ်ရွေးချယ်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပမည်ဖြစ် သည်။

7Day DAILY

No comments:

Post a Comment