ထို့ကြောင့် အဆိုပါ ဓာတု ပစ္စည်းများပါဝင်သည့် အလှကုန် ပစ္စည်းများကို အလှကုန်ဟု သတ်မှတ်၍ မရကြောင်းနှင့် အဆိုပါပစ္စည်းများကို သုံးစွဲမည်ဆိုပါက ဆရာဝန်၏ ညွှန်ကြားချက်ယူပြီးမှ သုံးစွဲသင့်သည်ဟု အရေပြားဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးက ဆိုသည်။
‘‘နိုင်ငံခြားမှာ အလှကုန် ၀ယ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ၀ယ်တာရှိတယ်။ ဒီမှာသာ ဒီအ တိုင်း ၀ယ်နေကြတယ်။ ဆေးပါ ရင် အလှကုန်လို့ မသတ်မှတ် တော့ဘူး။ အလှကုန်ထဲမှာ ဆေး ပါဝင်နှုန်းကို ရာခိုင်နှုန်းနဲ့ ခွင့်ပြု ထားတာ ရှိတယ်။ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းဆိုပြီးတော့။ အဲဒီ ထက်ပိုပြီး လေးရာခိုင်နှုန်းလောက် ပါတယ်ဆိုရင် ဆရာဝန်ညွှန်ကြား ချက်အတိုင်း သုံးစွဲသင့်တယ်။ နိုင်ငံတော်အနေနဲ့ကလည်း FDA ထောက်ခံချက်မရှိရင် မသုံးစွဲရ လို့ စည်းကမ်းချက်ထားရှိပြီး ကြပ် မတ်သင့်ပါတယ်’’ ဟု ၎င်းက အ ကြံပြုပြောကြားသည်။
သို့သော် အဆိုပါ အလှကုန် ပစ္စည်းများကို ပြည်တွင်းဈေး ကွက်များ၌ ရောင်းချနေဆဲဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ယင်းတို့ကို အများပြည်သူ သုံးစွဲခြင်း မပြုကြ ရန်နှင့် တင်သွင်းရောင်းချ ဖြန့်ဖြူး သူများ တွေ့ရှိပါကလည်း ပြည် သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြ
ယင်းအလှကုန်ပစ္စည်းများ မှာ Mellano-Cream No.1 and Night Cream No.2, Mellano- Facial Nourishing Cream No. 3 , Polla Platinum-Crystal White Nourishing Face Cream, Polla Gold Super White Perfects Cream, Polla- Anti-Melasma Cream (New Night Cream), Nineteen Nano Nano 19-Whitening Nano Night Repair Cream, Bashi-Day Cream (Whitening Cream) and Night Cream တို့ ဖြစ်သည်။
7daydaily
No comments:
Post a Comment