စောထွန်းထွန်းအား ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်အတူတွေ့ရစဉ်
၂၀၁၃ ခုနှစ်၊ အောက် တိုဘာ ၁၁ ရက်က တောင်ငူမြို့ တွင်ဖြစ်ပွားခဲ့သော ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု၌ အဓိက ပါဝင်ပတ်သက်ခဲ့သူ တရားခံစောထွန်းထွန်းအား ဇူလိုင် ၄ ရက်တွင် တောင်ငူခရိုင် တရား ရုံးက ၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ် သော ၀တ္တုပစ္စည်းများ အက်ဥပဒေ(၃)ဖြင့် အလုပ်ကြ မ်းနှင့် ထောင် ဒဏ် ၁၀နှစ်တိတိ အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
စောထွန်းထွန်းအား တောင် ငူခရိုင်တရားရုံးက ပေါက်ကွဲအက် (၃) ပြစ်မှုပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင် လျက်ရှိသော ဖောက်ခွဲရေးတာ ၀န်ခံ စောတ၀ါး(ခ) တ၀ါး၊ တပ် ကုန်းရွာဟောင်း၊ ကျောက်ကြီးမြို့ နေသူအား ပြစ်မှုဆိုင်ရာကျင့်သုံး ဥပဒေ ၈၇/၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ထားသည်။
ယင်းဗုံးဖောက်ခွဲနှင့် ပတ် သက်၍ စောထွန်းထွန်းအား တရား စတင်စွဲဆိုကြိုတင်ဖြောင့်ချက်ယူ ရာ၌ မြို့နယ်တရားသူကြီးရှေ့ မှောက်တွင် ၀န်ခံထွက်ဆိုဖြောင့် ချက်ပေးခဲ့သော်လည်း တောင်ငူ ခရိုင်တရားရုံး တွင် စွဲချက်တင်တရားစွဲဆိုရာ၌ အပြစ်မရှိဟု ငြင်းဆိုခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ ရဲအုပ်လှိုင်ကျော်ဦး ကပြောသည်။
ထို့အပြင်စောထွန်းထွန်းမှာ လူသေမှုပြစ်မှုပုဒ်မ ၃၀၂/၃၂၄/ ၃၂၆ ဖြင့် ဆက်လက်တရားရင် ဆိုင်လျက် ရှိကြောင်း သတင်းရရှိ သည်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ် စဉ်ကြောင့် ချမ်းမြေ့တည်းခိုခန်း တွင် တည်းခိုနေသူ တောင်ငူဘူ တာ မီးရထား တပ်ခွဲ (၁၀)မှ တပ် သားနေမျိုးကျော်၊ ညောင်လေး ပင်မြို့၊ မြို့မ (၄) ရပ်ကွက်နေသူ မယုခိုင်တို့ သေဆုံး ခဲ့ပြီး ညောင် လေးပင်မြို့မှ မငြိမ်းငြိမ်းအေးမှာ ဒဏ်ရာများရရှိခဲ့သည်။
7Day DAILY
No comments:
Post a Comment