မန္တလေးမြို့တွင် ယခုလဆန်းက ဖြစ်ပွားခဲ့သော လူသတ် မှုများနှင့်ပတ်သက် သည့် တရားခံ များထဲမှ သုံးပုံ တစ်ပုံ ခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။
ဇူလိုင် ၂ ရက် ညက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်မှုနှင့် ဆက်စပ်သည့် တရားခံအချို့ကို ဆယ်ရက်ကျော် အတွင်း ဖမ်းဆီးရရှိနိုင်ခဲ့ပြီ ဖြစ်သော်လည်း အမှန်တကယ် ကျူးလွန်ခဲ့ပြီး တိမ်းရှောင်နေဆဲ တရားခံများ ဆက်လက်ဖမ်းဆီးနိုင်ရန်ကြိုးစားနေရဆဲဖြစ်ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်း က ပြောကြားသည်။
‘‘တရားခံထဲက သုံးပုံတစ်ပုံ လောက်တော့ ဖော်ထုတ်ထားနိုင် ပြီ။ တိတိကျကျ ကွင်းဆက်တွေ ကို ဆက်ဖော် ထုတ်ဖို့ လုပ်နေတယ်။ လိုနေသေးတဲ့ သူတွေက လိုနေသေးလို့ အတိအကျ ထုတ် ပြန်တာမျိုးတော့ လုပ်လို့ မရသေး ဘူး’’ ဟု ဒုတိယရဲမှူးကြီးစိန်ထွန်း က ပြောသည်။
ယခုလ ၁ ရက်၊ ၂ ရက်နှင့် ၄ ရက်တို့တွင် မန္တလေးမြို့၌ ဖြစ် ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူ သတ်မှု မသင်္ကာ သူသုံးဦး အပါအ၀င် မီးရှို့ဖျက်ဆီး မှုဖြင့် မသင်္ကာသူ ၁၀ ဦးနှင့် နာ ကျင်စေမှု မသင်္ကာ သူ ခြောက်ဦး ကိုလည်း ဖမ်းဆီးအရေးယူထား ပြီး ဥပဒေနှင့်အညီ ဆက်လက် ဖော်ထုတ် စစ်ဆေးနေကြော င်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယခု လ ၁၃ ရက်တွင် တရားဝင်ထုတ် ပြန်ခဲ့ သည်။
ထို့အပြင် အစ္စလာမ်ဘာသာ ၀င်သင်္ချိုင်း ဖျက်ဆီးသူများ၊ မြို့တွင်း ဆူပူလှုံ့ဆော်သူများ၊ ဗလီအတွင်း လက်နက် များနှင့် တွေ့သူများကို တရားစွဲဆိုရန် တင်ပြထားပြီးဖြစ်ကြောင်း၊ ကျန်ပြစ်မှုကျူးလွန်သူများ ကို လည်း ဆက်လက်ဖော်ထုတ် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
ယခုလ ၃ ရက်က စတင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် မလိုက်နာသည့် ဖြတ်သန်းသွားလာသူပေါင်း ခြောက်ရာကျော်ကို အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီးစိန်ထွန်းက ဆက်လက်ပြော ကား သည်။
7Day DAILY
No comments:
Post a Comment