Tuesday, 29 April 2014

ရေအောက် ရှာဖွေရေး တိုးမြှင့် လုပ်ဆောင်မယ်

စက်ရုပ် ရေငုပ် ရှာဖွေရေးယာဉ်ကို ရေချဖို့ ပြင်ဆင်စဉ်
ပြီးခဲ့တဲ့ ၅၂ ရက်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရေး ဆောင်ရွက်နေ မှုတွေ ဟာ နောက်ထပ် အခြအနေသစ် တစ်ခုကို ရောက်ရှိနေပြီလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ က ပြော ပါတယ်။အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ လေယာဉ်ရဲ့ အပျက်အဆီး အပိုင်းအစတွေကို တွေ့ဖို့ရာ ဖြစ်နိုင်ခြေ မရှိ သလောက် ဖြစ်နေပြီး သမုဒ္ဒရာ ရေအောက် ရှာဖွေရေးကိုသာ နေရာတိုးမြှင့်ပြီး အားထုတ် လုပ်ဆောင်ရ မယ်လို့ မစ္စတာ တိုနီ အက်ဘော့က ပြောပါတယ်။

စက်ရုပ် ရေငုပ် သင်္ဘ࿿ောငယ်တွေနဲ့ ရေအောက် ရှာဖွေရေးတွေကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပြီး လနဲ့ချီ ကြမြင့်နိုင်ပါတယ်။

ဒီပျောက်ဆုံးသွားခဲ့တဲ့ MH 370 လေယာဉ်မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment