Tuesday 29 April 2014

အမျိုးသားပညာရေး ဥပဒေကြမ်းကို တက္ကသိုလ် ၃၄ ခုမှ ဗကသအဖွဲ့များ ကန့်ကွက်

အမျိုးသားပညာရေး ဥပဒေကြမ်းကို မြန်မာနိုင်ငံအနှံ့ရှိ တက္ကသိုလ် ၃၄ ခုမှ ဗမာ နိုင်ငံလုံးဆိုင် ရာ ကျောင်း သားများသမဂ္ဂ (ဗကသ)အဖွဲ့များ တညီတညွတ်တည်း ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဗကသ ဗဟို လုပ်င န်းကော်မတီ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု ညီလာခံကျင်းပနိုင်ရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ) ကျောင်းသားအဖွဲ့များ၏ စုံညီအစည်းအဝေးကို တောင်ငူမြို့၌ ဧပြီ ၂၆ ရက်နှင့် ၂၇ ရက် များတွင် နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်သည့် သက်ဆိုင်ရာ တက္ကသိုလ် ဗကသကိုယ်စားလှယ်များက ယင်းကဲ့သို့ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်သွားမည်ဟု မဖြိုးဖြိုးအောင်က ပြောကြားသည်။

"တက်လာတဲ့ သမဂ္ဂတွေအားလုံးက ဒီဥပဒေမူကြမ်းကို တညီတညွတ်တည်း ကန့်ကွက်ကြတယ်။ အဲဒါကို မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပါလိမ့်မယ်" ဟု မဖြိုးဖြိုးအောင်က ဧပြီ ၂၈ ရက်တွင် ပြောကြားသည်။

အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းတွင် အဓိကအားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းရမည့် အမျိုးသားပညာရေးကောင်စီကို ကန့်ကွက်ခြင်းဖြစ်ပြီး တိုင်းရင်းသား ဘာသာစကား၊ စာမေးပွဲစနစ် စသည် တို့ သည်လည်း မလိုလားသည့် အချက်များတွင်ပါဝင်ကြောင်း မဖြိုးဖြိုးအောင်က ပြောကြားသည်။

"အမျိုးသားပညာရေးကောင်စီက ဘာနဲ့အလားသဏ္ဌာန်တူလဲဆိုတော့ ဦးခင်ညွန့်လက်ထက်တုန်းက အမျိုးသား ပညာရေး ကော်မတီလိုမျိုးပဲ အစိုးရကနေပညာရေးကို ချုပ်ကိုင်ဖို့အတွက် သီးခြားဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါ့။ ပညာရေးစနစ်ကြီးတစ်ခုကို ချုပ်ကိုင်ဖို့ဖွဲ့စည်းထားတဲ့ သီးခြားအဖွဲ့အစည်း ပုံစံမျိုး ဖြစ်နေ တယ်။ ကျွန်မတို့ တောင်းဆိုနေတဲ့ တက္ကသိုလ်တွေမှာ ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ကို တားမြစ်နေ တယ်" ဟု ၎င်းကဆိုသည်။

အမျိုးသားပညာရေးကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအဖြစ် ပညာရေးဆိုင်ရာ ရေတိုရေရှည် စီမံကိန်း များ ပြုစုတင်ပြခြင်းအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်းနှင့် ပြည်ထောင်စုအစိုးရထံ စိစစ်ထောက်ခံတင်ပြခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ ဖွဲ့စည်းတည်ထောင်ခွင့်ပြု ခြင်း၊ ရပ်စဲခြင်း၊ ပိတ်သိမ်း ခွင့်ပြုခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ၏ အရည်အသွေးနှင့် အဆင့်အတန်းကို စိစစ် သတ်မှတ်နိုင်ရန် အဖွဲ့များဖွဲ့စည်း တာဝန်ပေးခြင်း စသည်ဖြင့်ဥပဒေကြမ်းတွင် ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment