Tuesday 29 April 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ ဒုတိယ အတွင်းရေးမှူး မစ္စတာချိုးဟေနှင့် ကိုယ်စားလှယ်အဖွဲ့အား ဧပြီ ၂၈ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရ သည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေး လုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်သွားရေး၊ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် နယ်စပ်တစ်လျှောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ယင်းဒေသများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
   
ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးသည် ဧပြီ ၂၈ ရက်တွင်ပင် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့်လည်း သီးခြားတွေ့ဆုံခဲ့ရာ လာမည့် ဇွန် ၆ ရက်မှ ၁၀ ရက်အထိကျင်းပမည့် ကူမင်းကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment