Friday 20 September 2013

၂၀၁၄ ခုနှစ်တွင် လူ ၁၀၀ ၌ ၇ ဦးနှုန်း အင်တာနက် အသုံးပြုနိုင် ရန် ဆောင်ရွက် လျက်ရှိ


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လာမယ့် ၂၀၁၄ ခုနှစ်မှာ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မှုကို လူ ၁၀၀ မှာ၇ ဦးခန့် အထိ သုံးစွဲနိုင်ဖို့ ပြုလုပ် သွားမှာ ဖြစ် တယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ အသုံးပြုသူ လူ ၁၀၀ မှာ ၂ ဦးခန့် ရှိတယ်လို့ သိရပါတယ်။ အခုလို အသုံးပြုမှုများထဲမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အများဆုံး ဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ စုစုပေါင်း တစ်သန်း နှစ်သိန်း ငါးသောင်းကျော် ရှိတယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် ADSL စနစ်ကို သုံးပြီး အင်တာနက် အသုံးပြုမှု မှာတော့ ခုနစ်သောင်း ကျော်ရှိမယ်လို့ ခန့်မှန်းထား တယ်လို့ သိရပါတယ်။ အခုလို ခန့်မှန်းမှုဟာ တစ်နိုင်ငံလုံး အနေနဲ့ ADSL တပ်ဆင်ထားတဲ့ လိုင်းအင်အား ခုနစ်ထောင် ကျော်ရှိတဲ့ အတွက် လိုင်းတစ်လိုင်းကို ပျမ်းမျှ သုံးစွဲသူ ၁၀ ဦးခန့်ရှိနိုင်တဲ့ အတွက် ယခုလို ခန့်မှန်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု မှာတော့ GSM / WCDMA (3G) စနစ် အင်တာနက် အသုံးပြုသူ အနေနဲ့ တစ်သန်း တစ်သိန်း ငါးသောင်းကျော်ရှိပြီး CDMA 800 MHz စနစ်နဲ့ အသုံးပြုသူ ကတော့ တစ်သိန်း ကျော်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment