အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံ စစ်ဘက်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် ကြိုးပမ်း အားထုတ်မှု အဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံ French Alps ဒေသရှိ Grenoble မြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
၎င်းစစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံအကြား ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေးများကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပြီး မြင့်မား သော တောင်ပေါ်ဒေသ များတွင် တပ်စုအဆင့် တန်ပြန်သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးများ ပူးတွဲလေ့ကျင့်သွား မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းစစ်ရေး လေ့ကျင့်ခန်းကို နှစ်နိုင်ငံ စစ်ဘက်များအကြား လုပ်ထုံး လုပ်နည်းဆိုင်ရာ အသိပညာ များ တိုးတက်စေရန်၊ ကဏ္ဍစုံမှ ခြိမ်းခြောက်လာနိုင်မှုကို အကောင်းဆုံး တုံ့ပြန်နိုင် စေရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးမြှင့်ရန် ရည်ရွယ် ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment