လူ့သဘောသဘာဝအရ လူတိုင်းလိုလိုဟာ ရတာမလို၊ လိုတာမရ ဘ၀င်မကျမှုတွေနှင့် ကြုံဆုံရစမြဲဖြစ် ပါတယ်။
ဒီကနေ့ ကျွန်တော် တို့ နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာလည်း အဲဒီလိုပဲ အလားသဏ္ဍန်တူနေတယ်လို့ ဆိုနိုင်ပါ တယ်။ စစ်အစိုးရ အုပ်ချုပ်စဉ်က တည်းက လိုချင်တောင့်တခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံ တကယ် ဖြစ်လာခဲ့ ပါပြီ။ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီလည်း ရရော ၂၀၀၈ ဖွဲ့စည်းပုံကို ယိုးမယ်ဖွဲ့ လာကြတယ်။ လတ်တလော ကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးစသဖြင့် ဂယက် အမျိုးမျိုး လှုပ်ခတ် နေခဲ့ပါတယ်။
ကဲ … အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ခဲ့ပြီပဲ ဆိုပါစို့။ ဒီမိုကရေစီခရီးလမ်းဟာ အမှန် တကယ် ဖြောင့်ဖြူး သွားမှာပါလို့ ဘယ်သူ အာမခံမလဲ မေးကြည့်ချင်ပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း တွေက ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် ကိစ္စ တကြော်ကြော် အော်နေ တာတွေ ကရော ဖွဲ့စည်းပုံ ပြင်ပေးရင် တိတ်ဆိတ် သွားမလား စဉ်းစားစရာပါ။
ကိုယ်လိုချင်တာ ကိုယ်ရဖို့ ပြောကြဆိုကြငြင်းခုံတတ်ကြတဲ့ ကျွန်တော်တို့ လူမျိုးတွေဟာ ဒီမိုကရေစီကို အမှန်တကယ်ရော နားလည်ရဲ့လား မေးချင်စရာပါ။ ကိုယ်လုပ်ချင်တိုင်းလုပ် ကိုယ်ပြောချင် တိုင်း ပြောခွင့် ရတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ ပြည်သူ့အသံကို နားစွင့်ပြီး အုပ်ချုပ်ရတဲ့ ပြည်သူ့ ဗဟိုပြုစနစ်သာဖြစ်ပါတယ်။ အဲဒီလို တစ်ယောက်တစ်မျိုးလိုချင်ရာ ဆွဲပြောနေကြလို့ ဒီကနေ့ ဒီမိုကရေစီ ဟာ ပြည့်ဝသင့် သလောက် မပြည့်ဝသေးတာလို့ ပြောချင်ပါတယ်။
ပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ် ဖြစ်လာဖို့ဆိုတာ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေး ကိစ္စ ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ အသစ်ဆွဲဖို့ထက် ငြိမ်းချမ်းရေးရအောင်လုပ်ဖို့က အဓိကကျနေတယ်လို့ ဆိုနိုင်ပါတယ်။ မငြိမ်းချမ်းသရွေ့ ဒီမိုကရေစီစနစ်လည်း ထွန်းကားလာစရာ အကြောင်းမရှိပေ။ အဲဒီငြိမ်း ချမ်းရေးရဖို့အတွက်ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့လောက် စိတ်မ၀င်စားဘူးထင်ပါတယ်။ ဘာသံမှ ကိုထွက်မလာပါဘူး။ ကိုယ်လိုချင်တာရဖို့ပဲ တွေးခေါ်နေတဲ့လူတွေ ၊ ပါတီအဖွဲ့အစည်းတွေထက် ပြည်သူ က ငြိမ်းချမ်းရေးကို ပိုပြီးစိတ်ဝင် စားပါတယ်။ အမှန်တကယ်လည်း ရစေချင်ပါတယ်။
နေဇော်
Ko Yarzar
No comments:
Post a Comment