ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်း တွင် အောက် တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများလုယက်ကာထွက်ပြေးခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြား သည်။
အဆိုပါ လုယက်ခံရမှု သတင်းရရှိသောကြောင့် နယ်ထိန်းအဖွဲ့ တာဝန်မှူးအဖွဲ့တို့က လမ်းများကို ပိတ်ဆို့ ရှာဖွေခဲ့ရာ ဗဟန်းမြို့နယ် ကန်တော်ကြီး ပတ်လမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင် အဆိုပါလူငယ် လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလူငယ် လေးဦးမှာ အသက် ၁၇ နှစ်မှ ၂၀ ခန့်ရှိသော လူငယ် များဖြစ်ကာ ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူတစ်ဦး၊ တာမွေမြို့နယ်တွင် နေထိုင်သူနှစ်ဦးနှင့် ဝါးခယ်မမြို့ နယ် တွင် နေထိုင်သူတစ်ဦးတို့ ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
“ညဘက်ဆို တက္ကစီငှားကြေး ပိုရတယ်ဆိုပေမယ့် အခုခေတ်လူငယ် အများစုက ညဘက်ဆို မူးရူးနေ ကြတော့ ငှားတဲ့လူရဲ့ ပုံသဏ္ဌာန်ကို အရင်ကြည့်ပြီးမှ လိုက်ရဲတာ။ ပိုက်ဆံရတိုင်းသာ လိုက်မယ်ဆိုရင် အငှားယာဉ်မောင်းတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ရန်ကုန်မြို့အတွင်း အငှား ယာဉ်မောင်း သက်တမ်းခုနစ်နှစ်ခန့်ရှိသူ ပုဇွန်တောင်မြို့နယ် ညောင်တန်းအိမ်ရာနေ ဦးကျော်ကြီးက ပြော ဆို သည်။
အဆိုပါ လုယက်သူများဖြစ်သော ကိုမင်းသက်ငြိမ်း၊ မိုးထက်ဟိန်း၊ ဟိန်းထက်အောင်၊ ကျော်ရဲအောင်တို့ကို (ပ) ၃၈၆/၁၃၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂၄ ရက် ည ၁၀ နာရီခန့်က လှိုင် သာယာမြို့ နယ် ရန်ကုန်-ညောင်တုန်းလမ်းရှိ (၅)ထိပ်မှတ်တိုင်အနီးတွင် ပရိုဘောက်(စ်)အငှားယာဉ် လမ်းဘေးမြောင်းထဲ ထိုးကျရာမှ ယာဉ်လုယက်ခဲ့သူ အမျိုးသားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment