၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင်
ဆရာတော် ၀ီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော
ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူ အဖြစ် ဆောင်း ပါးရှင် Hannah
Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။
ထိုသို့ ရေးသားဖော်ပြမှုသည် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းမှု၊ ညီညွတ်မှုကို ထိခိုက်စေ သည့် အပြင် ဆရာတော်ဝီရသူ၏ အမျိုးသားရေးစွမ်းဆောင်မှုများအပါအ၀င် ကျွန်ုပ်တို့ ယုံကြည်ကိုးကွယ် သည့် ဘာသာတရားကိုပါ အခြေအမြစ်မရှိစော်ကားခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့အစည်းအရုံးမှယူဆပါသည်။
၉၆၉ ၏ ခံယူချက်၊ သဘောထားနှင့် ဆရာတော်ဝီရသူ၏ အမျိုးသားရေးဦးဆောင်မှုများကို ဂဃနဏသိနားလည်ခြင်းမရှိဘဲ လိုရာဆွဲရေးသားခြင်းသည် ကျွန်ုပ်တို့၏အမျိုးသားရေး စိတ်ဓာတ်ကို သာမက ငြိမ်းချမ်းအေးမြလှသည့် ဘာသာတရားအပေါ် နကန်းတလုံးမျှ နားမလည်ဘဲ စော်ကားခြင်းဖြစ် သည်။
သို့ဖြစ်ပါ၍ ဆောင်းပါးရှင် Hannah Beech ကိုယ်တိုင်သော်လည်းကောင်း၊ Time Magazine မှ တာဝန်ခံအယ်ဒီတာမှသော်လည်းကောင်း ကမ္ဘာသိ ပြန်လည်တောင်းပန်ရန် ကျွန်ုပ်တို့အစည်းအရုံး မှ တောင်း ဆို သည်။
ပြန်လည်တောင်းပန်ခြင်းမပြုပါက စတုတ္ထမဏ္ဍိုင်မပီသသော မီဒီယာဖြစ်သည့် Time Magazine အား နိုင်ငံတ၀ှမ်းလုံးမှ မဖတ်ရှုကြရန်နှင့် ဖြန့်ချိခြင်းမပြုနိုင်ရန် အကြမ်းမဖက်သောနည်းလမ်းများအားဖြင့် ဘက်စုံထောင့်စုံမှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။
သတင်းနှင့်ပြန်ကြားရေးအဖွဲ့
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး
No comments:
Post a Comment