ရွေးကောက်ပွဲစနစ်
ပြောင်းလဲရန် လွှတ်တော်သို့ တင်ပြထားသော အချိုးကျ ကိုယ်စားပြု
ရွေးကောက်ပွဲ စနစ် (PR) သည် မြန်မာနိုင်ငံတွင် ကျင့်သုံးရန်
အချိန်စောနေသေးသည် ဟု နိုင်ငံတော်သမ္မတက မှတ်ချက်ပြုကြောင်း သတင်းရရှိသည်။
“သမ္မတကြီးကိုယ်တိုင်ကတော့ ပီအာစနစ် ကျင့်သုံးဖို့ အချိန်စောသေးတယ်
မှတ်ချက်ချတယ် လို့ သတင်းကြားတယ်။ ဒီသတင်းကို ကြိုက်တယ်” ဟု
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ ကော်မတီဥက္ကဋ္ဌ
သူရဦးအောင်ကိုက ဇွန် ၂၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌
မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
လက်ရှိ ကျင့်သုံးနေသော
ရွေးကောက်ပွဲစနစ်ကို ပီအာစနစ်အဖြစ် ပြောင်းလဲရန် ဒီမိုကရေစီမိတ်ဆွေ ၁၀
ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ၂၀၁၂ ခုနှစ်ကတည်းက
အကြံပြုခဲ့ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်၏ အဆုံးအဖြတ်ကို
ခံယူရန် ပြီးခဲ့သည့် မေလ အတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ပြီး
ဖြစ်သည်။ ယခုကျင်းပနေသည့် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင်
အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးသင့်၊ မသင့်အတွက်
ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးရမည် ဖြစ်သည်။ အကယ်၍ ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲတွင် ပီအာစနစ်ကို ကျင့်သုံးမည်ဆိုပါက ပြင်ဆင်နိုင်ရန် ၂၀၁၃
ခုနှစ်မကုန်မီ အဆုံးအဖြတ် ပေးရမည်ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ
ကော်မရှင်က လွှတ်တော်နှင့် နိုင်ငံရေးပါတီများသို့ အသိပေး
အကြောင်းကြားထား သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် 7 Day Daily
သတင်းစာတွင် ဖော်ပြထားပါသည်။
Khit Lu Nge
No comments:
Post a Comment