Friday 7 September 2012

“ နိုင်ငံတကာငွေပေးချေမှုနည်းစနစ်တွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ဘဏ်များအားလုံးမှာ ပြည်တွင်းသုံးငွေကြေး နဲ့ သုံးဆွဲနိုင်တဲ့ Myanmar Payment Union Card (MPU-Debit Card) ကိုအသုံးပြုနိုင်ဖို့လည်းဆောင်ရွက်နေဟု ပြည်ထောင်စုဝန် ကြီး ဦးလှထွန်းကဆို”

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ငွေပေးချေမှုစနစ် အဆင့်မြင့်တင်ရေးတွက်   နိုင်ငံတ ကာနှင့်ရင်ဘောင်တန်းပြီး ICT နည်းပညာများသုံးဆွဲကာ ဘဏ်လုပ်ငန်းများလုပ်ကိုင်နိုင်စေရန်   ဆောင်ရွက်လျက်ရှိသည်ဟု ယင်းဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက     ငွေကြေးဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
 
ICT နည်းပညာများကို မြန်မာနိုင်ငံဗဟိုဘဏ်အပါအ၀င် နိုင်ငံပိုင်ဘဏ်(၅)ဘဏ်နှင့် ပုဂ္ဂလိကဘဏ်၁၉ဘဏ်တို့ပါဝင်သောBanking Network တည်ဆောက်ပြီး ပထမအဆင့်၊ဒုတိယအဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ယင်းသို့ ဆောင်ရွက်ပြီးစီးပါက စာရင်းရှင်းလင်းမှုများ ယခုထက်ပိုမိုမြန်ဆန်စွာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
“မြန်မာနိုင်ငံဘဏ်များအသင်းကလည်း နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ ပါဝင်တဲ့ ငွေပေးချေမှုအဆင့် မြှင့်တင်ရေးကော်မတီ ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။လက်ရှိငွေသားနဲ့ပေးချေတာတွေ လျော့ချနိုင်ဖို့     အသေးစားနဲ့ အလတ်စားငွေပေးချေမှုများအတွက် နိုင်ငံတကာငွေပေးချေမှုနည်းစနစ်တွေနဲ့ အညီ ဆောင်  ရွက်နိုင်ဖို့ရည်ရွယ်ပြီး ဘဏ်များအားလုံးမှာပြည်တွင်းသုံးငွေကြေး နဲ့ သုံးဆွဲနိုင်တဲ့ Myanmar Payment Union Card (MPU-Debit Card) ကိုအသုံးပြုနိုင်ဖို့လည်းဆောင်ရွက်နေပါတယ်။”ဟုအထက်ပါပုဂ္ဂိုလ်
ကဆက်လက်ပြောကြားသည်။ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက မြန်မာ့အရင်းအနှီးဈေး ကွက် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ဆက်လျင်း၍
“အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊Policy Research Institute-PRI တို့အကြားနည်းပညာပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့   ၂၀၁၂ခုနှစ်၊မေလ၊၂၉ရက်နေ့ကလည်းပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ ဒိုင်ဝါသုတေ   သနအဖွဲ့၊တိုကျိုအတော့ပ်အိပ်ချိန်း(Tokyo Stock Exchange-TSE) တွေနဲ့မြန်မာနိုင်ငံဗဟိုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ ”ဟုပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ငွေရေးကြေးရေးကဏ္ဍ၏ အေ၇းကြီးဆုံးပြုပြင်ပြောင်းလဲမှုအဖြစ် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေ များပြင်ဆင်ခြင်းအသစ်ပြဌာန်းခြင်း၊တို့ကိုဆောင်ရွက်ခဲ့ကြောင်း၊အသေးစား ငွေေ၇းကြေးရေးလုပ်ငန်းဥပဒေကို (၃၀.၁၁.၂၀၁၁)ရက်နေ့တွင်လည်းကောင်း၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကို(၁၀.၈.၂၀၁၂)ရက်နေ့တွင် လည်းကောင်းပြဌာန်းခဲ့ပြီးဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး၏ မိန်ခွန်းပါအချက်အလက်များအရသိရသည်။
“ငွေချေးသက်သေခံလက်မှတ် များလဲလှယ်ရောင်းဝယ်ရေးဥပဒေကို လွှတ်တော်တွင်ပြဌာန်းဆောင် ရွက်လျက်ရှိပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်    နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့တို့ထံမှ သဘောထားမှတ်ချက်တို့အရ ပြင်   ဆင်ဆောင်၇ွက်နေပြီး၊နောက်တစ်ကြိမ် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို တင်ပြနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။”ဟုလည်း ထည့်သွင်းပြောကြာခဲ့သည်။
 
ref:popular

No comments:

Post a Comment