တက္ကသိုလ်ဆရာ၊ဆရာမများအသင်း ( ရန်ကုန်တက္ကသိုလ် ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန် ကုန်
အနောက်ပိုင်းတက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ် )မှ စစ်တွေတက္ကသိုလ်ရှိ
ဆရာ၊ဆရာမများအား လစာ ဖြတ်တောက်လိုက်ခြင်းနှင့် ပတ်သတ်သည့် မေတ္တာ
ရပ်ခံလွှာတစ်စောင်အား ယနေ့ ထုတ်ပြန် လိုက်ကြောင်းသိရသည်။
ယင်းမေတ္တာရပ်ခံစာအား နိုင်ငံတော်သမ္မတရုံး၊ပညာရေးဝန်ြ ကီးဌာနနှင့် လွှတ်တော်ရေး ရာဌာနများ သို့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ၄င်းစာအတွင်း၌ စစ်တွေတက္ကသိုလ်သို့ ဆရာ၊ဆရာမ ( ၈၂ )ဦးအချိန်မှီပြန်လည်ရောက်ရှိမလာနိုင်ခြင်းကြောင့် လစာဖြတ်တောက် ခဲ့ခြင်းအပေါ် တက္ကသိုလ် ဆရာ၊ဆရာမများအသင်းမှ နားလည် သဘောပေါက်ဦးစွာဖော်ပြထားသည်။
သို့သော် ဆရာ၊ဆရာမ များအနေဖြင့်နယ်ဝေးမှလာရောက်ကြ ခင်းဖြစ်၍ လမ်းခရီးဆိုင်ရာ အခက်အခဲများရှိေ နနိုင်ခြင်း၊ခရီးစရိတ်ကုန်ကျမှုဆိုင်ရာအခက်အခဲများရှိနေနိုင်ခြင်း ၊ မိသားစုဆိုင်ရာ အခက်အခဲများရှိနေ နိုင်ခြင်း တို့အပြင် ပုဒ်မ ( ၁၄၄ )ထုတ်ပြန်ထားဆဲအခြေအနေများကြောင့်
၎င်းတို့၏လုံခြုံမှုအတွက် စိုးရိမ်ကြောင့်ကြမှုများလည်း
ရှိနေနိုင်ခြင်းတို့အပေါ် မိသားစုသဘောဆန်ဆန် စဉ်းစားပေးရန်လိုအပ်၍
ပြန်လည်သုံးသပ်ပေးနိုင်ရန် မေတ္တာရပ်ခံကြောင်း ထည့်သွင်းရေးသားဖော်ပြ ထားသည်။
မေလ နောက်ဆုံးပတ်၌ ဖြစ်ပွားခဲ့သည့်ရခိုင်ပဋိပက္ခကြောင့်
လူ ( ၈၀ ) ဦးကျော်သေဆုံးခဲ့ပြီး လက်ရှိတွင် စစ်တွေရှိ ဒုက္ခသည်စခန်းများ၌
လူဦးရေ ခြောက်သောင်းသုံးသောင်းကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရှိရသည်။
ref:popular
သို့သော် ဆရာ၊ဆရာမ များအနေဖြင့်နယ်ဝေးမှလာရောက်ကြ
မေလ နောက်ဆုံးပတ်၌ ဖြစ်ပွားခဲ့သည့်ရခိုင်ပဋိပက္ခကြေ
No comments:
Post a Comment