Tuesday, 11 September 2012

မြန်မာ စတော့ရှယ်ယာ ဈေးကွက် ၂ နှစ်အတွင်း အကောင်အထည် ဖော်မည်

နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် စတော့ရှယ်ယာ ဈေးကွက်ကို မြန်မာနိုင်ငံ၌ လာမည့် ၂၀၁၄ ခုနှစ်တွင် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အပြီးသတ် ရေးဆွဲကာ စတင် အကောင် အထည်ဖော် သွားတော့မည် ဖြစ်ကြောင်း Myanmar Securities Exchange Centre မှ အမှုဆောင် ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။

စက်တင်ဘာလ ၃ ရက်နေ့က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနတွင်ပြုလုပ်သော ငွေကြေး ဝန်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အခမ်းအနားတွင် 'Capital Market Development in Myanmar' ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားရာတွင် ၎င်းက အထက်ပါ အတိုင်းပြောကြား လိုက်ခြင်းဖြစ် သည်။
Securities and Exchange Law ၏ ဥပဒေကြမ်းကို သြဂုတ်လ ၂၈ ရက်နေ့က အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးဖြစ်၍ ၂၀၁၂ ခုနှစ်မကုန်မီ ပြည်သူ့လွှတ်တော်၌ ထပ်မံအတည်ပြုချက် ရယူတော့ မည်ဖြစ်ကြောင်း၊ လွှတ်တော် နှစ်ရပ်တွင်အတည်ပြုပြီးပါက နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ကို ဈေးကွက် အလိုအရ ဥပဒေ နည်းလမ်းများ အတိုင်း ထပ်မံ ရေးဆွဲသွားတော့မည်ဖြစ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။

ကမ္ဘောဇဘဏ်လီမိတက်မှ ဒုတိယဥက္ကဌဦးသန်းလွင်ကမူ လတ်တလော အခြေအနေအရမြန်မာနိုင်ငံတွင် Capital Market Development နှင့် Bond Market (အစုရှယ်ယာ ဈေးကွက်) မှာရေပန်း မစားသေး သည့်အတွက် ကြိုးစားလုပ်ကိုင် မည်ဖြစ်ကြောင်းသုံးသပ်သည်။

မြန်မာနိုင်ငံတွင်စတော့ရှယ်ယာဈေးကွက်စတင်နိုင်ရန် ၁၉၉၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သော်လည်း အများပိုင်ကုမ္ပဏီများ တရားဝင် ပေါ်ပေါက်လာခြင်း နည်းပါးမှုကြောင့် အောင်မြင်ခြင်း မရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ဝေဖန်ပြောဆိုသည်။
 
ref:thevoiceweekly

No comments:

Post a Comment