မြန်မာဘုရင်နောက်ဆုံးမင်းဆက်ဖြစ်သောသီပေါမင်း၏အရိုးအိုးကိုမြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်
ရေးအဆိုအားသမိုင်းစာရေးဆရာတစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ
ရေးအဆိုအားသမိုင်းစာရေးဆရာတစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ
(ထားဝယ်)က လွှတ်တော်သို့အဆိုတင်သွင်းလိုက်ကြောင်းသတင်းရရှိသည်။တနသာင်္ရီတိုင်းဒေသ
ကြီးမဲဆန္ဒနယ်အမှတ် (၂)မှ ဦးသန်းဆွေက "အိန္ဒိယပြည် ရတနာဂီရိရှိနတ်ရွာစံသီပေါမင်းတရားနှင့် မိဖုရားတို့ရုပ်အလောင်းများမှအရိုးများကိုမြန်မာပြည်သို့ပြန်လည်သယ်ဆောင်ပေးပါရန် ပြည်ထောင်စု
အစိုးရအားတိုက်တွန်းကြောင်းအဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ကထောက်ခံပြီး နောက်လွှတ်တော်အစည်းဝေးတွင်ဆွေးနွေးလိုသူများရှိပါကစာရင်းပေးသွင်းရန်ကြေငြာ
ထားသည်။
ယင်းအဆိုနှင့်ပတ်သက်ပြီးသီပေါမင်း၏မြစ်တော်တစ်ပါးဖြစ်သော၊ တော်ဘုရားကလေးအောင်ဇေ၏သမီး ဒေါ်ဒေ၀ီသန့်ဇင်က
"ဘိုးတော်အရိုးအိုးပြန်လည်သယ်ယူမယ့်ကိစ္စက လက်မခံစရာ၊ သဘောမတူစရာကိစ္စ မဟုတ်ပါဘူး။
ဒီမှာဘွားတော်အရိုးအိုးနဲ့ သမီးတော်တွေလည်းရှိတော့ အားလုံးစုစုစည်းစည်းနဲ့မြန်မာပြည်မှာ
ရှိသွားတာကောင်းတာပေါ့။ ဒါပေမဲ့ ဒီအချိန်က တိုင်းပြည်ကလမ်းကြောင်းသစ်ပေါ်သွားကာစအချိန်၊
ပြည်တွင်း မှာမငြိမ်းချမ်းမှုတွေလည်းရှိနေသေးတယ်။ အဲဒီတော့ ဒီကိစ္စကပထမ

အရေးပေးလုပ်ရမှာမဟုတ်ဘူး။ တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေအရင်လုပ်ပြီးရင် ဒါတွေက အရပ်သားအစိုးရပီပီပြင်ပြင်ဖြစ်တဲ့အခါ နောက်မှာ ပါလာပါလိမ့်မယ်" ဟု 7Day News
သို့ပြောကြားသည်။
အိန္ဒိယနိုင်ငံရတနာဂီရိတွင်သီပေါမင်း၏အုတ်ဂူမှာလူနေရပ်ကွက်အိမ်များအကြားတွင်ရောက်ရှိနေသည့်
အပြင် ရုပ်ကလပ်တော်မြှုပ်နှံစဉ်က ၄င်း၏မိဘုရားစုဖုရားလေး နှင့်အတူအုတ်ဂူတစ်ခုတည်း
တွင်မြှုပ်နှံခဲ့ခြင်း ဖြစ်ကာ အုတ်ဂူတွင်ရေးထိုးထားသည့်စာမှာလည်းပြောင်းပြန်ဖြစ်နေကြောင်း
တော်ဘုရားကလေးကရေးသားထားခဲ့ဖူးသည်။သီပေါမင်းနတ်ရွာစံသည့်အခါရုပ်ကလပ်တော်ကို

အင်္ဂလိပ်နယ်ချဲ့တို့ကသရဏဂုံတင်ခွင့်မပေးခဲ့သည့် အတွက် ၁၀၈နှစ်မြောက်ပါတော်မူနေ့တွင်မှ
အနွယ်တော်များကရတနာဂီရိသို့သွားရောက်သရဏဂုံတင်နိုင်ခဲ့ ခြင်းဖြစ်သည်။ယခုသီပေါမင်း၏
အနွယ်တော်များကရတနာဂီရိသို့သွားရောက်သရဏဂုံတင်နိုင်ခဲ့ ခြင်းဖြစ်သည်။ယခုသီပေါမင်း၏
အရိုးအိုးပြန်လည်သယ်ယူရေးကိစ္စမှာ ပြည်သူအများ၏သဘောတူဆန္ဒဖြင့်သာဆောင်ရွက် သင့်ကြောင်း
ဒေါ်ဒေ၀ီသန့်ဇင်ကထပ်မံပြောကြားသည်။၁၈၈၅ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင်သီပေါမင်းနှင့်
ဒေါ်ဒေ၀ီသန့်ဇင်ကထပ်မံပြောကြားသည်။၁၈၈၅ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင်သီပေါမင်းနှင့်
မိဘုရားစုဖုရားလတ်တို့အားရတနာပုံနေပြည်တော် ဆိပ်ကမ်းမှ သူရိယသဘောင်္ဖြင့်
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ရွှေတိဂုံဘုရားတောင်ဘက်မုခ်ခြေတော်ရင်း
တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့၏ အုတ်ဂူများနှင့်တစ်ဝန်းထဲတွင်မိဘုရားကြီး စုဖုရားလတ်အုတ်နန်းပြသာဒ်တော် တည်ရှိသည်။
စုဘုရားလတ်အုတ်နန်းပြသာဒ်တော်ခြေရင်းတွင် ဒုတိယသမီးတော်အရှင်ထိပ်စုဖုရားလတ်၊
တတိယသမီးတော်အရှင်ထိပ်စုမြတ်ဖုရားတို့၏အရိုးအိုးများကိုအတူတကွမြှုပ်နှံထားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ(ထားဝယ်) က "သီပေါမင်းအုတ်ဂူရယ်၊ မိဖုရားကြီးအုတ်ဂူရယ်ကို မန္တလေးရွှေနန်းတော်ကြီးထဲမှာပဲထားစေချင်တယ်" ဟု ပြည်တွင်းမီဒီယာ

တစ်ခုသို့ အဆိုမတင်သွင်းမီလပိုင်းအတွင်းကပြောကြားထားသည်။
No comments:
Post a Comment