ရခိုင်ပြည်နယ်ရှိ လူဦးရေမွေးဖွားနှုန်းများသော ဘင်္ဂါလီလူမျိုးများ၏ အိမ်ထောင်ပြုခြင်း၊ သားသမီး
ယူခြင်းများတွင် ဥပဒေဖြင့်ကန့်သတ်ရန်မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ
နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြောကြားရမည် ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။
“ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ လောလောဆယ်တော့ခိုးဝင်တာ မတွေ့ဘူး။ လူဦးရေပေါက်ဖွား
တာများတယ်။ လူဦးရေပေါက်ဖွားတာများတော့ ဆင်းရဲတာပေါ့။ ကျွေးရ၊ မွေးရတာ ခက်တာပေါ့။
ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတစ်ယောက်ပဲ ယူကြတာပဲ။ ဥပဒေက မိန်းမတစ်ယောက်ထဲပဲ ယူရမယ်လို့ မရှိဘူး။ ဟိုကတအားများတယ်။ လေးယောက်ယူခွင့်ရှိတယ်။ အဲ့တော့ မြန်မာ
နိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားဖြစ်ချင်တယ်ဆိုရင် ဥပဒေအရ မရှိသော်လည်း မြန်မာ့ဓလေ့ထုံးတမ်း
အစဉ်အလာတွေကိုတော့ လိုက်နာဖို့သင့်တာပေါ့။ ဒါတွေက ကျွန်တော်တို့ဝိုင်း လုပ်ကြရမယ့် ဟာတွေ။
ခင်ဗျား မိန်းမ လေးယောက်မယူနဲ့လို့ ဥပဒေမှ ထုတ်လို့မရတာ။ကလေးတွေအများကြီးမမွေးနဲ့လို့
ထုတ်လို့မရဘူး။ သို့သော်လည်း မြန်မာနိုင်ငံထဲမှာ နေတော့မယ် မြန်မာနိုင်ငံသားဖြစ်ချင်တယ် ဆို ရင်တော့ ဒီ Custom (ထုံးတမ်း အစဉ်အလာ)လိုက်ဖို့ လိုတာပေါ့။ ဒီလူတွေက နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီလေ” ဟု ဦးခင်ရီက ပြောသည်။
ရခိုင်ပြည်နယ်တွင် အနာဂတ်၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရေတို၊ ရေရှည် စီမံကိန်းများရေးစွဲနေပြီ
ဖြစ်ကြောင်းလည်း၎င်းက ပြောသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ၏ လူဦးရေမွေးဖွားနှုန်းများ သည်ကို မိသားစု တစ်စုတည်း လူဦးရေ ၈၂ ဦးရှိသော မိသားစု ဥပမာပေး၍ ပြောသည်။ ရွှေ
ယောက်ဒူလာအမည်ရှိ ဘင်္ဂါလီ အမျိုးသားမှာ ဇနီးလေးဦးရှိပြီး သားသမီး ၂၈ ဦး၊ မြေး ၄၉ ဦး၊ စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိသည်။
ယခုအခါရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူဦးရေတစ်သန်းခန့်ရှိသည်။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ဇူလိုင် ၃၀ တွင် ရခိုင်ပြည်နယ်၌ လူဦးရေ မညီမျှမှုများရှိနေပြီး
အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင်ဒေသတွင် ဘင်္ဂါလီလူဦးရေ ၉၄ ရာခိုင်
နှုန်း၊ ရခိုင် လူဦးရေ ၆ ရာခိုင်နှုန်း အချိုးရှိ၍ ပိုသတိထားရန်လို ကြောင်း ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက်ပြုလုပ် သော အစည်းအဝေးတွင် ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခ များဖြစ်ပွားခဲ့သော်လည်း နိုင်ငံ သားခံယူခွင့်၊ မှတ်ပုံတင်ထုတ်ပေးရေးနှင့်
ပတ်သက်၍ လုပ်ထုံးလုပ်နည်း၊ မူဝါဒပြောင်းလဲရန် လောလောဆယ် မရှိကြောင်းလည်း ဦးခင်ရီက
ပြောသည်။ မူဝါဒများကိုပြင်ဆင်မည်ဆိုပါက လွှတ်တော်တွင် ပြင်ဆင်ရမည်ဟုဆိုသည်။
၁၈၂၄ အင်္ဂလိပ် - မြန်မာပထမစစ်ပွဲအပြီး ရခိုင်ပြည်နယ်ကို ဗြိတိသျှက ကိုလိုနီပြုပြီးနောက် လယ်ယာလုပ်သားနှင့် ကာယလုပ်သားအတွက် ဘင်္ဂါလီလူမျိုးများစတင်ရောက်လာခဲ့သည်။
မှတ်ပုံတင်ဥပဒေအရ ၁၉၄၈ မတိုင်ခင်မြန်မာနိုင်ငံ၌ နေထိုင်သော ဘင်္ဂါလီ မိဘနှစ်ပါးက
မွေးဖွားလာသူတတိယမျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံကြောင်း နိုင်ငံတော် သမ္မတက
UNHCR မှ Mr. Antonio ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား သံအမတ်ကမြန်မာလူမျိုးများထဲတွင် ရိုဟင်ဂျာ ရှိ၊ မရှိမေးမြန်းရာ ဦးခင်ရီက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစု မည်သည့်အ ချိန်တုန်းကမှ မရှိခဲ့ကြောင်း ပြော ကြားခဲ့သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်တယ်။ အဲဒီအချိန်မှာ
မြန်မာနိုင်ငံရဲ့ အနောက်ဘက်အ ခြမ်း ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ခဲ့တယ်။ အဲဒီတော့ လယ်ယာလုပ်ငန်းတွေအတွက်၊ ကာယလုပ်သားတွေအတွက် လိုအပ်ချက်ကို
တစ်ဖက်နိုင်ငံမှာရှိတဲ့ အင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ဝင်လာခဲ့တဲ့အချိန်
ကျွန်တော်တို့ဆီမှာ တောက်လျှောက် ဗြိတိသျှလက်ထက်ကရှိခဲ့တဲ့ စာရင်းဇယားတွေ၊ ၁၉၇၀၊
၁၉၈၃ ခုနှစ်မှာ ကောက်ခဲ့တဲ့ Census (သန်းခေါင်စာရင်း) တွေအရ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တရားဝင် ဖော်ပြတာဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာ
ဖော်ပြတာ ရှိခဲ့ပါတယ်။ကျွန်တော်တို့မှာ တရားဝင်လူမျိုးစုကြီး ၈ စု ရှိပါတယ်။ ကချင်၊ ကယား၊ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားနွယ်ဖွား ၁၃၅ မျိုး ရှိပါတယ်။ အဲဒီထဲမှာရောဗြိတိသျှ စာရင်းဇယားမှာရော၊ ၁၉၇၀၊ ၁၉၈၃ သန်းခေါင်စာရင်းမှာ ရောဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိခဲ့ပါဘူး”ဟု ဦးခင်ရီကပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာ တွင်လည်း ရိုဟင်ဂျာပါမည် မဟုတ်ကြောင်း ၎င်းကပြောသည်။
ref:7daynews

No comments:
Post a Comment