တီဟီရန်- ဇူလိုင် ၃၁
အီရန်နိုင်ငံက မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက်ခ်ဘာ တာလီစီကို ကိုးကား၍ အီရန် မေဟာသတင်းဌာနက သတင်းပေးပို့သည်။
“ကျွန်တော်တို့မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေး နေပြီး သံရုံးဖွင့်ဖို့စီစဉ်ထားပါတယ်”
ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ယင်းသို့သံရုံးဖွင့်လှစ်လိုက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင် မာလာစေကြောင်း အီရန်နိုင်ငံခြားရေး ၀န်ကြီးက ဆက်လက်ပြော ကြားသည်။

No comments:
Post a Comment