ခေါက်ရေလျှော့ချပြေးဆွဲနေသော
ခရီးစဉ်လိုင်းများနှင့် ယာယီရပ်ဆိုင်း ထားသော ခရီးစဉ်လိုင်းများအား
အောက်တိုဘာ(၁)ရက်နေ့မှ ပုံမှန်အတိုင်းပြန်လည်ပြေး ဆွဲ ပေးမည်ဖြစ်ေ ကြာင်း
ပြည်တွင်းေ ရကြောင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရသည်။
ပြည်တွင်းရေကြောင်းခရီးစဉ်များ ခေါက်ရေလျှော့ချခြင်းနှင့် ယာယီ ရပ်နားထားခြင်းများကို သြဂုတ် လ ပထမ ပတ်အတွင်းက စတင်ခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

''ခါတိုင်းနှစ်တွေ
ဒီလိုမဖြစ်ဖူးဘူး။ ဒီနှစ်ကျတော့မိုးလည်း အရမ်းများတယ်။
ခရီးသည်လည်းနည်းတယ်။ ကုန်စည်အမှာစာတွေလည်း သိပ်မရတော့
ကုန်လည်းမတင်နိုင်ဘူး။ ဒီတော့ဌာနအနေနဲ့ အရှုံးသက်သာအောင်လို့
လိုင်း(၂)ခုထပ်နေတဲ့ ရန်ကုန်-မြောင်းမြ ခရီးစဉ်ကို ယာယီရပ်နားထားပြီး
တချို့လိုင်းတွေကို လည်း ခေါက်ရေလျှော့ထားတယ် '' ဟု
ပြည်တွင်းရေကြောင်းလိုင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။
မြစ်ဝကျွန်းပေါ်ဒေသများသို့ ခရီးသွားလာရာတွင် ရေလမ်းခရီးအားကိုးမှုများသဖြင့် ယခုကဲ့သို့ခေါက်ရေလျှော့ပြေး ဆွဲခြင်းကြောင့် ပြည်သူများမှာ အခက်အခဲဖြစ်လျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။
''နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ရန်ကုန်-မြောင်းမြသင်္ဘောကို ခဏရပ်ထားတော့ ရန်ကုန်-ပုသိမ်သင်္ဘော ပဲ စီးနေရတယ်။ လူတော့နည်းနည်းကြပ်တယ်။ ကုန်တွေလဲပါတယ်ဆိုတော့လေ။ (၁)ရက်နေ့ပြန်ဖွင့်ပေးမယ်လို့တော့ ပြောနေကြတာပဲ'' ဟု ရန်ကုန်မှမြောင်းမြသို့ ခရီးသွားလာနေသူ ဦးချစ်နိုင်ကပြောသည်။
ရန်ကုန်-ဖျာပုံခရီးစဉ်လက်မှတ်ခမှာ ရိုးရိုးတန်း(၁ဝဝဝ)ကျပ်၊ အထက်တန်း (၃၅ဝဝ)ကျပ်၊ ရန်ကုန်-ဘိုကလေး ခရီးစဉ်လက်မှတ်ခ မှာ ကုန်းပတ် (၁ဝ၅ဝ)ကျပ်၊ ဦးခန်းမှာ (၁၆၁ဝ) ကျပ်၊ ရန်ကုန်-မြောင်းမြ ခရီးစဉ် လက်မှတ်ခမှာ ကုန်းပတ် (၁၆၂ဝ)ကျပ်၊ ဦးခန်းမှာ (၄ဝ၅ဝ)ကျပ်နှုန်းဖြစ်ကြောင်းသိရသည်။
''ကျွန်တော်တို့အနေနဲ့ကတော့ မိုးတွင်းဖြစ်ဖြစ်၊ နွေဖြစ်ဖြစ် ခရီးစရိတ်လည်းသက်သာတဲ့ သဘောင်္ကို အားကိုးနေရတာ။ ရေကြီးနေတာတွေလည်းဖြစ်နေတော့ ပြည်တွင်းရေကြောင်းတွေ ရပ်နားထားကြတော့ သွားလာမှုနည်းနည်း အခက်အခဲဖြစ်ရတယ်''ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ကုန်သည် ဦးမြင့်ထွန်း က ပြောသည်။
ရန်ကုန်-ဖျာပုံခရီးစဉ်အား နေ့စဉ်ပုံမှန် ပြေးဆွဲနေရာမှတစ်ပတ်လျှင် တနလာင်္နှင့် ကြာသပတေး နှစ်ရက်၊ ရန်ကုန်-ဘိုကလေး ခရီးစဉ်အား ပုံမှန်တစ်ပတ်လျှင် (၂)ရက်ပြေးဆွဲနေရာမှ တနလာင်္တစ်ရက် သို့လျှော့ချပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်-ပုသိမ် ခရီးစဉ်မှာမူ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာ့ပြည်တွင်းရေကြောင်းလိုင်းမှ ကူးတို့လိုင်း(၅)လိုင်း၊ ခရီးသည်ကုန်တင်လိုင်း (၁၂)လိုင်း စုစုပေါင်း (၁၇)လိုင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment