နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် လုပ်ဆောင်မှု တစ်ရပ်ဟု ကြေညာကာ မြောက်ကိုရီးယားက ၎င်းတို့၏ အချိန်ဇုန်ကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိလာခြင်းဖြစ်ပြီး ဂျပန်တို့ကို ယနေ့တိုင် နယ်ချဲ့များအဖြစ် စွပ်စွဲနေဆဲ ဖြစ်သည်။ တစ်ကမ္ဘာလုံး အသိအမှတ် ပြုထားသည့် သတ်မှတ်ချက်အရ မြောက်ကိုရီးယားသည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အချိန်ဇုန် တူညီပြီး ဂရင်းနစ်စံတော်ချိန်ထက် ၉ နာရီ ပိုစောသည်။
Friday, 7 August 2015
ရုရှားနိုင်ငံသည် တရားမဝင် တင်သွင်းလာကြောင်း စွပ်စွဲချက်ဖြင့် သိမ်းယူထားသည့် အနောက်တိုင်း အစားအသောက် တန်ပေါင်းများစွာကို ဘူဒိုဇာများဖြင့် နင်းချေ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
တောင်များသဖွယ် မြင့်မောက်နေသည့် တန်ပေါင်းများစွာသော ချိစ်များ၊ သစ်သီးများ၊ ဝက်ဆားနယ်ခြောက်များ အပါအဝင် အနောက်နိုင်ငံများမှ တင်သွင်းလာသည့် အစားအသောက်များကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းအစားအသောက်များသည် စည်းကြပ် ပိတ်ပင်မှုကို ဖောက်ဖျက်ကာ ရုရှားနိုင်ငံအတွင်း တင်သွင်းလာကြောင်း ရုရှား အစိုးရက စွပ်စွဲထားသည်။
ပြီးခဲ့သည့်နှစ်က ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက ၎င်းတို့ပိုင်နက် နယ်မြေအဖြစ် သိမ်းယူလိုက်ခြင်းကို အနောက်နိုင်ငံများက ဆန့်ကျင်ကာ အရေးယူ ပိတ်ဆို့မှုများ ပြဋ္ဌာန်း သတ်မှတ်ခဲ့သည့်နောက် ရုရှားကလည်း လက်စားချေသည့် အနေဖြင့် အနောက်နိုင်ငံဖြစ် ကုန်စည်အချို့ကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ဆော့ဖ်ဝဲဘွဲ့လွန်ဒီပလိုမာသင်တန်း မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်မည်
မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယ နိုင်ငံရှိ Bangalore သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ Post Graduate Diploma in Software Development သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒီပလိုမာသင်တန်းကို မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် စက်တင်ဘာ ၁၀ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ကိုးလကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေး ကျပ် ငါးသိန်း ပေးသွင်းရမည်ဖြစ်သည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် သင်တန်းတက်ရောက် နေစဉ် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကာ နေထိုင် စရိတ်များကို မိမိအစီအစဉ်ဖြင့် သုံးစွဲရမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများသည် M.C.Sc ၊ M.C.Tech၊ M.I.Sc(Hons)၊ B.C. Tech(Hons)၊ ME(IT)နှင့် BE(IT)ဘွဲ့ကို ၂၀၁၂ ဇွန်လ ၃၀ ရက် နောက်ပိုင်းတွင် ရရှိပြီး အတန်းစဉ်အလိုက် ပျမ်းမျှရမှတ် ၆၀ ရာခိုင် နှုန်းအထက်ရရှိသူများ လျှောက်ထားနိုင်ဖြစ်သည်။
မုန်တိုင်းပိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ပိုနီးလာသော်လည်း မြန်မာသို့ မ၀င်ဟု ပညာရှင်များ ခန့်မှန်း
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဘက်သို့ ပိုမိုနီးကပ်လာသော်လည်း အိန္ဒိယကမ်းခြေသို့သာ ၀င်ရောက်မည်ဖြစ်ကြောင်း မိုး/ဇလပညာရှင်ဒေါက်တာဦးထွန်းလွင်က ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် သတိပေးထားသည်။
သို့သော် မုန်တိုင်းအရှိန်ကြောင့်လာမည့် ၂၄နာရီအတွင်း ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်ဒေသအလိုက်မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
ဦးကိုကိုကြီး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်
၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ၄င်းအား ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း ပြောကြားသည်။
“မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့တယ်။ အခု မဲကွဲမှာစိုးလို့ တစ်သီးပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော် ရွေးကောက်ပွဲမ၀င်တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေရှည်နိုင်ငံရေးအတွက်တော့ ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆိုတာကို ယုံကြည်လိုက်ပါ” ဟု ဦးကိုကိုကြီးကပြောကြားခဲ့သည်။
Thursday, 6 August 2015
မြန်မာယူ-၁၆ အသင်း ဆီမီးဖိုင်နယ်တွင် အုပ်စုအတွင်း ရှုံးပွဲမရှိသည့် လာအို အသင်းနှင့် တွေ့ဆုံ

၂၀၁၅ အဆီယံ ယူ-၁၆ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာယူ-၁၆ အသင်းသည် နောက်ဆုံးအုပ်စုအဆုံးအဖြတ်ပွဲစဉ်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၃-၀ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း သည် ဆီမီးဖိုင်နယ်တွင် အုပ်စု(က) အုပ်စုပထမအသင်းဖြစ်သည့် လာအို အသင်းနှင့် တွေဆုံကာ သြဂုတ်လ ၇ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွား မည် ဖြစ်သည်။
ရီယူနီယံတွင် တွေ့ရှိသည့် လေယာဉ်ပျက် အစိတ်အပိုင်းသည် MH370မှ ဖြစ်ကြောင်း မလေးရှား ကြေညာ

အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ရီယူနီယံကျွန်း ကမ်းခြေတွင် ရှာတွေ့သည့် လေယာဉ်တောင်ပံ အစိတ်အပိုင်းသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှဖြစ်ကြောင်း မလေးရှား အစိုးရက အတည်ပြု ကြေညာလိုက်သည်။
Wednesday, 5 August 2015
ရခိုင်ရေဘေးသင့် ပြည်သူများ သောက်သုံးရေနှင့် အစားအစာ အရေးပေါ်လို

ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်နေသည့် ပေါက်တူးပေါက်နှင့် ယိုးတရုတ် ကျေးရွာတို့ကို တွေ့ရစဉ် (ဓာတ်ပုံ – မင်းအောင်ခိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးရှောင် စခန်းများနှင့် ကျေးရွာများ၌ အစိုးရ ကူညီထောက်ပံ့မှု နည်းပါးသဖြင့် မလောက်မငှ ဖြစ်နေပြီး လက်ရှိတွင် သောက်သုံးရေနှင့် ဆန်များ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးရှောင် စခန်းများသို့ ကူညီ ထောက်ပံ့ ပေးနေသည့် လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
“ရေကာတာကျိုးပြီဟူသော ကောလာဟလကြောင့် ဟင်္သာတမြို့ခံများ အထိတ်တလန့်ဖြစ်”

ဟင်္သာတမြို့ ဦးပါရဲဘုရားအနီးရှိ ရေကာတာ ယနေ့ နေ့လည် ၂ နာရီခွဲခန့်က အနည်ငယ် အိကျကာ တာကျိုးပြီဟူသော ကောလာဟလများထွက်ပေါ်လာပြီး မြို့များ ထိန့်လန့်မှုဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဇနီးဒေါ်မြရီ အမည်ဖြင့် ဖောင်ဒေးရှင်း ထူထောင်မည်
မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ဇနီးဒေါ်မြရီတို့ အမည်ဖြင့် ဖောင်ဒေးရှင်း ထူထောင်မည် ဖြစ်ကြောင်း ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနုက The Voice သို့ ပြောကြားသည်။
ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရန်ကုန်တွင် ယနေ့တွေ့မည်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် သြဂုတ်လ ၅ ရက်နေ့တွင် တွေ့ဆုံကာ ရခိုင်ပြည်နယ်၏ အခြေအနေများကို ရှင်းပြမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၌ ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ခြင်းအပေါ် ၀မ်းနည်းကြောင်း အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအဖွင့်၌ ပြောကြား

မြန်မာနိုင်ငံ၌ ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ခြင်းအပေါ် ၀မ်းနည်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်၌ ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းတွင် ရဟတ်ယာဉ် အသုံးပြုခွင့်ရရန် တိုက်ရိုက်လျှောက်ထားနိုင်

ရေဖုံးလွှမ်းနေသည့် မြို့များတွင် ရေဘေးနှင့် ရင်ဆိုင်နေရသည့် ပြည်သူများ အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရဟတ်ယာဉ် အသုံးပြု ခွင့်ရရှိရန် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လေကြောင်းထိန်းသိမ်းရေး ဌာနခွဲထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ရေဘေးရှောင်စခန်းများတွင် ဆန်နှင့် သောက်ရေ အရေးပေါ် လိုအပ်နေ

ရေကြီးရေလျှံမှုကြောင့် ရေမြုပ်သွားခဲ့ရသော စပါးများကို ကျောက်တော်-မြောက်ဦးလမ်းတလျောက် သြဂုတ် ၄ ရက်နေ့က နေလှမ်းထားသည်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများနှင့်ကျေးရွာများတွင် ဆန်နှင့်သောက် သုံးရေ အရေးပေါ်လိုအပ်နေကြောင်း ရေဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများ ကပြောသည်။
မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Photo:AFP)
မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ်ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်း အိမ်ခြေ ၄၅၀၀ ကျော် ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့မနက်(၈)နာရီအချိန်တိုင်းထွာချက်များအရစိုးရိမ်ရေအမှတ်ဖြစ်သော၂၅.၇ပေသို့ရောက်ရှိလျက်ရှိပြီး မြို့နေပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိထားရကြောင်းသိရသည်။
ရေကြီးမှု ထပ်မံ မဖြစ်စေရန် ကြိုတင် ကာကွယ်ရေး ဦးထွန်းလွင်သတိပေး
ကျန်ရှိသော မိုးကာလ များအတွင်း မိုးကြီးနိုင် သောကြောင့် ရေကြီးမှု ထပ်မံ မဖြစ်ပွားစေရန် ကြိုတင်ကွယ်မှု အပိုင်းကို အထူး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့၊ ကြို့ကုန်း ရပ်ကွက်ရှိ ငါးလုပ်ငန်း အဖွဲ့ချုပ် အဏ္ဏာဝါ ခမ်းမတွင် ပြုလုပ်သည့် မိုးလေ၀သ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရေဘေး ပြန်လည်ထူထောင်ရေး ဦးဝီရသူ ဆောင်ရွက်မည်
ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အထူး အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ၏ ဦးဆောင်ဆရာတော် ဦးဝီရသူထံမှ သိရသည်။
ကယ်ဆယ်ရေးဆန်များ ရွံ့ထဲကျမှု တပ်ပြန်ရှင်း
တပ်မတော်မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေး ပစ္စည်းများအား အောက်သို့ ပစ်ချခဲ့ရာ ရွှံ့နွံများ ပေးကျန်လျက်ရှိသည်ကို Facebookု စာမျက်နှာပေါ်တွင် ဝေဖန်ရှုံ့ချ မှုများရှိခဲ့သဖြင့် ယင်းကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပြန်လည် ဖြေရှင်းခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်း ရပ်ကွက်ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး မြို့နေပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ

သဘာဝဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင်အဆင့် အဖြစ် သတ်မှတ်ထားရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့ ည (၈)နာရီအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ်ဖြစ်သော ၂၅.၇ ပေသို့ ရောက်ရှိလျက် ရှိပြီး မြို့နယ်အတွင်း အောက်ပါ ရပ်ကွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်-
Subscribe to:
Posts (Atom)
