Wednesday 5 August 2015

ရေကြီးမှု ထပ်မံ မဖြစ်စေရန် ကြိုတင် ကာကွယ်ရေး ဦးထွန်းလွင်သတိပေး

ကျန်ရှိသော မိုးကာလ များအတွင်း မိုးကြီးနိုင် သောကြောင့် ရေကြီးမှု ထပ်မံ မဖြစ်ပွားစေရန် ကြိုတင်ကွယ်မှု အပိုင်းကို အထူး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့၊ ကြို့ကုန်း ရပ်ကွက်ရှိ ငါးလုပ်ငန်း အဖွဲ့ချုပ် အဏ္ဏာဝါ ခမ်းမတွင် ပြုလုပ်သည့် မိုးလေ၀သ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့ ရေကျသွား လို့လည်း စိတ်ပေါ့နေလို့ မရသေးဘူး။ ရေကြီးတဲ့ ကာလက စတင်ဘာလကုန် (၁၀)ရက်လောက် အထိ ရေကြီးမှု ဖြစ်နိုင်ပါ သေးတယ်။ အဲဒါကြောင့် ကြိုတင်ကာကွယ်မှုနဲ့ ကြိုတင် ပြင်ဆင်မှု အပိုင်းကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။ မိုးရွာသွန်းမှုက မိုများမယ်။ မိုးက ရှေ့ဆို တိုးဖို့ပဲ ရှိတယ်။ မြန်မာနိုင်ငံမှာက နှစ်စဉ်ဆိုသလို ရေကြီးမှုဖြစ်နေပြီး အဲ ဒီလို နှစ်စဉ် ဖြစ်တိုင်းလည်းပဲ နှစ်စဉ် ခံနေရတယ်။ ဘာလို့ကြိုတင် မကာကွယ်ကြတာလဲ မသိဘူ””ဟု ၎င်းကဆိုသည်။

အဆိုပါ မိုးရာသီ ကာလဖြစ်သော သြဂုတ်၊ စတင်ဘာလများ အတွင်း မိုးရွာသွန်းမှု ပို့များနိုင်သော အကြောင်းအရာမှာ ဘင်္ဂလား ပင်လည်အော်တွင် ယခုနောက်ဆုံး ဖြစ်ပွားလျက်ရှိသော မှန်တိုင်းမှာ ဒုတိယအကြိမ်သာ ဖြစ်ပြီး မှန်တိုင်းများ ကျန်ရှိနေသေးကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

မြန်မာပြည်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားပုံမှာ ပုံစံခြောက်မျိုးရှိပြီး (၁)ကျယ်ပြန့်မြစ်ရေကြီးမှု၊ (၂)အထက်ပိုင်း လျှပ်တစ် ပြက်ရေကြီးမှု၊ (၃)မုန်တိုင်းဝင်ပြီး နာဂစ်ကဲ့သို့ မုန်တိုင်း ဒီရေကြီးမှု၊ (၄)ဆူနာမီကြောင့် ရေကြီးမှုများအပြင် သဘာဝလွန် ရေကြီးမှု (၂)ချက်ရှိက လူသားများ ဖန်တီးသည့် ဆည်းရေကာတာများ ရေလွတ်မှု၊ ရေဖောက်ချမှု၊ ရေလျှံမှုတို့ကြောင့် ရေကြီးခြင်းအပြင် နယ်စပ် ကျော်ဖြတ်လာသည့် လေထုမှတစ်ဆင့် ရေကြီးမှု ဖြစ်ပွားနိုင်ကြောင်း ၎င်းကဆိုသည်။

Messenger News Journal​ 

No comments:

Post a Comment