Thursday, 16 July 2015

အာဇာနည်နေ့ကို ခုတုံးလုပ်၍ လုပ်မစားသင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြင့်မြတ်သော ဂုဏ်ကို အမြတ်ထုတ်သည့် အပေါစားနိုင်ငံရေး မလုပ်သင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။

KTV က မကျေနပ်မှုကြောင့် ဦးသန်းထွဋ်အောင် ကို ကုန်းသီးဖြင့်ပစ်ခဲ့ဟု တရားခံများထွက်ဆို

ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ အမှုမှာ KTV က မကြေနပ်မှုကြောင့် ဦးသန်းထွဋ်အောင်ရဲ့ ကားကို ကုန်းသီးနဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ တရားခံများက ဒီကနေ့ထွက်ဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။ မြောက်ဥက္ကလာပရှိ တည်းခိုရေးစခန်းမှာ စစ်ဆေးစဉ် တရားခံများက အခုလို ထွက်ဆိုခဲ့တာပါ။

သတင်းအချက်အလက်နည်းပညာ အသုံးစရိတ် ထိုင်းအစိုးရ လျော့ချသုံးမည်

ထိုင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး လျော့ကျမှု၊ အစိုးရအသုံးစရိတ် နှေးကွေးမှုနှင့် ပြည်တွင်း ဝယ်ယူမှု ကျဆင်းသွားခြင်း တို့ကြောင်း နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ အသုံးစရိတ်ကို ၁၃ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ယခင်သတ်မှတ်ထားရာမှ ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်သည်။

အတွင်းဝန်ရုံးကို အာဇာနည်နေ့တွင် အများပြည်သူ လေ့လာနိုင်ရန်ဖွင့်မည်

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာ ဇာနည်ခေါင်းဆောင်များ လုပ်ကြံခြင်း ခံရသော အတွင်းဝန်ရုံးကို အာဇာနည် နေ့၌ ပြည်သူများလေ့လာနိုင်ရန် ဖွင့် လှစ်ပေးသွားရန် စီစဉ်ထားပြီးဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ ဝန်ကြီးတစ်ဦး၏ပြောကြားချက် အရ သိရသည်။

အိန္ဒိယတောင်ပိုင်းရှိ လူအုပ်ပြိုမှု သေဆုံးသူ (၂၇) ဦးရှိသွားပြီဖြစ်

အိန္ဒိယနိုင်ငံတောင်ပိုင်း ဂေါဓ၀ါရီ မြစ်ကမ်း နဘေးတွင် ကျင်းပခဲ့သော မဟာပူရ် ကာရာလူ ပွဲတော်၌ အင်္ဂါနေ့တွင် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူဦးရေသည် (၂၇) ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အန်ဓရာပရဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ် ဆန္ဒရဘာဘူ နိုင်ဒူ၏ ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။

လူထုအုံကြွမှု ဖြစ်ပေါ်လာရန် ကွန်မြူနစ်ပါတီ၏ တိုက်တွန်းချက် နိုင်ငံရေး အခြေအနေနှင့် ကိုက်ညီမှုမရှိဟု နိုင်ငံရေးအင်အားစုအချို့ ဝေဖန်

အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာချိန်တွင် ဆန္ဒပြပွဲများမှတစ်ဆင့် အထွေထွေလူထုအုံကြွမှု ဖြစ်ပေါ်လာရန် တိုက်တွန်းသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုက်တွန်းချက်သည် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံရေးအင်အားစု အချို့က ဝေဖန်ပြောကြားသည်။

ကျူးကျော်များ မဲပေးခွင့်ရရေး ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကတိပြု

အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများရှိ ကျူးကျော်များ မဲပေးခွင့်ရရှိရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြု ပြောဆိုထားသည်ဟု ရွေးကောက်ပွဲ ပညာပေးနှင့် လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များအဖွဲ့ EEOP က တာဝန်ခံ ဦးညီညီကျော်က ပြောကြားသည်။

ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကတိပေး

လာမယ့် အထွေထွေရွေးကောက်ပွဲဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသလို အစိုးရကလုပ်မယ့် ရွေးကောက်ပွဲ ကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူးလို့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ နိုင်ဟံသာက ပြောလိုက်ပါတယ်။

တပ်မတော်က အင်အားသုံး နယ်မြေရှင်းလင်းမှုများ ဆက်လုပ်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် တုံ့ပြန်မည်ဟု DKBA ဆို

နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း မရှိဘဲ တပ်မတော်က အင်အားသုံး နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် စစ်မျက်နှာဖွင့် တုံ့ပြန်မည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

ခြိုးခြံချွေတာရေး အစီအစဉ်သစ် ဂရိလွှတ်တော်အတည်ပြု

ဂရိဝန်ကြီးချု့် Alexis Tsipras နဲ့ အာဏာရပါတီက ဥပေဒပြလွှတ်တော် အမတ်တွေ အေသင်မြို့မှာ လွှတ်တော်အစည်းအဝေးလာရောက်စဉ်။ (ဇူလိုင် ၁၅၊ ၂၀၁၅)
ဂရိကြွေးမြီပြဿနာ ကယ်တင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ဖို့ ကြွေးရှင်နိုင်ငံတွေက အပြန်အလှန်အားဖြင့် တောင်းဆိုတဲ့ တင်းကြပ်တဲ့ ပြုပြင် ပြောင်းလဲရေးအစီစဉ်တွေကိုလက်ခံဖို့ ဂရိပါလီမန်က အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဂရိစံတော်ချိန် ကြာသပတေးနေ့ စောစောပိုင်းမှာ မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်ခဲ့တာပါ။

ကချင်ပြည်နယ်ဝန်ကြီး ချုပ် ရွေးကောက်ပွဲ ၀င်မည်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက် ပွဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက သူဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေ ၁ ကနေ ပြန်လည်ယှဉ်ပြိုင် မှာဖြစ်တယ်လို့ ပြောလိုက် ပါတယ်။

အာရှလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်

အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်တို့၏ လုံခြုံရေးစောင့်ကြပ်မှုဖြင့် ကားများကို ဖြတ်သန်းခွင့်ပေးထားသည့် အာရှလမ်းမကြီးပေါ်တွင် ကုန်တင်ကားနှင့် လိုက်ထရပ် ယာဉ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။

Eleven စီအီးအိုကို လုပ်ကြံသောအမှု သမ္မတရုံးက စိတ်ဝင်စား

Eleven Media Group အမှုဆောင်အရာရှိချုပ် မောင်း နှင်လာသောကားကို လူတစ်စုက လေးခွအသုံးပြု၍ ကုန်းသီးဖြင့် ပစ်သည့်အမှုအပေါ် သမ္မတရုံးမှ စိတ်ဝင်တစားဖြင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ မေးမြန်း ကြောင်း သတင်းရရှိသည်။

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် စိုးရိမ်ကြောင်း အမေရိကန်ထုတ်ပြန်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး လမ်းလျှောက်ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် ခြောက်မြို့နယ်မှ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခံရသည့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဦးသန်းဆွေ၊ ဦးတင်ထွဋ်ပိုင်နှင့် ဦးဘမြင့်တို့ကို တရားရုံးပြင်ပ၌ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာနိုင်ငံတွင် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး၍ နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ခံနေရသည့် သတင်းများအပေါ် စိုးရိမ်မိ ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားသည်။

ဒီကေဘီအေ၏ အဓိကစခန်းတစ်ခုကို ဇူလိုင် ၁၅ ရက်တွင် သိမ်းပိုက်

အစိုးရတပ်မတော်နှင့် တိုက်ပွဲပွားဖြစ်နေသည့် ဒီကေဘီအေ၏ အဓိကစခန်းတစ်ခုကို ဇူလိုင် ၁၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရိက္ခာများနှင့်လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

အော်တိုတယ်လီဖုန်း တပ်ဆင်ခ ထက်ဝက်လျှော့ချ

အော်တိုတယ်လီဖုန်း လိုင်းအသုံးပြုလိုသူများအတွက် တပ်ဆင်ခနှုန်းထားများကို ဇူလိုင် ၁၅ ရက်မှစ၍ ၃၂၅,၀၀၀ ကျပ်သို့ လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က သတင်းထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးအား မြို့နယ်တရားရုံး နှစ်ရုံးတွင် စတင်ရုံးထုတ်

ဇူလိုင် ၁၅ ရက်က ရုံးထုတ်ချိန်တွင် အချုပ်ကားပေါ်၌ မြင်တွေ့ရသည့် တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ဇူုလိုင် ၁၅ ရက်က ကျောက်တံတားမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဇူလိုင် ၁၅ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ စတင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများအမှု ဇူလိုင် ၁၇ တွင် အပြီးသတ် စီရင်ချက်ချမည်

တရားရုံးတွင် အပြစ်မရှိဟုထွက်ဆိုခဲ့သဖြင့် အစမှပြန်လည်စစ်ဆေးနေသော တရုတ်နိုင်ငံသား ၁၅၀ ကျော် ဖမ်းမိခဲ့သည့် ဝိုင်းမော်မြို့နယ် တရားမဝင်သစ်မှောင်ခိုထုတ်ယူသည့်အမှုကို လာမည့်ဇူလိုင် ၁၇ ရက်၌ အပြီးသတ်စီရင်ချက်ချမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးတောင်တက်လမ်းများချဲ့မည်

မန္တလေးတောင်သို့သွားရာလမ်း-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
မန္တလေးတောင် တောင်တက်လမ်းများကို လမ်း အကျယ်ငါးပေမှ ဆယ်ပေအထိ ထပ်မံချဲ့ထွင်    ပြုပြင်မည်ဟု မန္တလေးတောင်တော် ဂေါပကအ ဖွဲ့ထံမှ သတင်းရရှိသည်။

ဖီနာဘာချီအသင်း ဆုဖလားများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးသွားမည်ဟု ဗန်ပါစီ ပြော

ဖီနာဘာချီအသင်းပိုင် Sukru Saracoglu အားကစားကွင်းကြီးတွင် ဗန်ပါစီ၏ ကစားသမားမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ဖီနာဘာချီအသင်းပရိသတ် ထောင်ပေါင်းများစွာက တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အသက် ၃၁ နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီသည် မန်ယူအသင်းမှ ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၄၀,၀၀၀ ရရှိမည်ဖြစ်ပြီး သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။