Thursday, 4 June 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ခံရသူ ၃၅ ဦးထိရှိလာ

တောင်ကိုရီးယားတွင် မားစ်ရောဂါပိုးရှိသူ ၅ ဦးကို ထပ်မံတွေ့ရှိပြီးနောက် အဆိုပါရောဂါ ကူးစက်ခံရသူ အရေအတွက် ၃၅ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။
 နောက်ထပ် ရောဂါပိုး ကူးစက်ခံရသူများတွင် ရောဂါရှင်များကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးလည်း ပါဝင်ကြောင်း ဇွန်လ ၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကျန်သုံးဦးအနက် တစ်ဦးသည် ရောဂါပိုးရှိသူ တစ်ဦးနှင့် ဟိုတယ်ခန်း တစ်ခုတည်း အတူနေခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

ရေစုန်မျောနိုင်ငံရေးနှင့် ဆွေးနွေးပွဲယဉ်ကျေးမှု

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်မှ သာ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊တိုးတက်ရေးတို့နှင့် ဆက်စပ် သော စိန်ခေါ်မှုများကို ဆောလျင် စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ အခြေခံဥပဒေ အကျပ်အတည်း ကြာလေလေ၊ တိုင်းရင်းသား ပြည်သူလူထုသည် ဆင်းရဲတွင်း နက်လေလေဖြစ်သည်။ သော့ ချက် ခေါင်းဆောင်များအကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အကျပ်အတည်းများ အားဖြေလျှော့ကျော်လွှားနိုင်မည့် သဘောတူညီချက်တစ်ရပ်ကို ဆောလျင်စွာမရရှိနိုင်လျှင် တိုင်း ပြည်နှင့်ပြည်သူသည် ရေစုန်မျော မည်ဖြစ်သည်။ ထိရောက်သွက် လက်ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲယဉ်ကျေးမှုသည်သာ ရေစုန်မျောနိုင်ငံရေးကို ကုစားနိုင်မည်ဖြစ်သည်။

ဖျာပုံအနီးထိန်းသိမ်းခဲ့သည့် လှေစီးဒုက္ခသည်များကို စစ်ဆေးအတည်ပြုမှု ယနေ့စတင်

ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက်မှ တွေ့ရှိထိန်းသိမ်းခဲ့သည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်အား စစ်ဆေးအတည်ပြုမှုလုပ်ငန်းစဉ်ကို ယနေ့ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ဇွန်(၄)ရက်က ရန်ကုန်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတကာသံအမတ်များ ၊ဥရောပ သမဂ္ဂအသံမတ် ၊ ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများ ၊ ပြည်တွင်းပြည်ပသတင်းထောက်များကို နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုလှေစီးဒုက္ခသည် ၇၀၀ ကျော်သည် ယခုအချိန်တွင် ဟိုင်းကြီးကျွန်းမှတဆင့် ရခိုင်ပြည်နယ် ကမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒုံးကျည်ကျရောက် ပေါက်ကွဲပြီးနောက် ဟားမားစ် စစ်စခန်းများကို အစ္စရေး တုံ့ပြန်တိုက်ခိုက်

အစ္စရေးပိုင်နက်ဘက် ဒုံးကျည်ကျရောက် ပေါက်ကွဲမှုကို တုံ့ပြန်သည့် အနေဖြင့် အစ္စရေး တိုက်လေယာဉ်များက ဟားမားစ်တို့ စစ်ရေးလေ့ကျင့်ရာ နေရာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ ရက်တွင် ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း အစ္စရေး ပိုင်နက်ဘက် ကျရောက် ပေါက်ကွဲခဲ့ပြီးရာ နောက်တစ်ရက်တွင် အစ္စရေးက လေကြောင်းမှ တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ထောက်ခံသည့် အစွန်းရောက် အဖွဲ့တစ်ခုက ဂါဇာဘက်မှ အစ္စရေးပိုင်နက်သို့ ဒုံးကျည်ဖြင့် ပစ်ခဲ့ခြင်းမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေညာသည်။

ယန်ဇီမြစ် သင်္ဘောနစ်မြုပ်မှု သေဆုံးသူ အရေအတွက် ၆၅ ဦးထိ ရှိလာ


တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း ခရီးသည်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်မှု၌ သေဆုံးသူ အရေအတွက်သည် ၆၅ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။
 ဇွန်လ ၃ ရက် ညပိုင်းတွင် ရေငုပ်ရှာဖွေမှုများအရ နောက်ထပ် ရုပ်အလောင်း ၃၉ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့ကြောင်း CCTV သတင်းဌာနက ကြေညာခဲ့သလို အသေအပျောက် ပမာဏသည် ၆၅ ဦးထိ အတည်ပြုနိုင်ပြီဟု သိရသည်။ သို့သော်လည်း သက်ကြီးရွယ်အို အများစု အပါအ၀င် လူပေါင်း ၃၇၀ ကျော်မှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ဆောက်ဖြစ်ရင်တော့ ကျောင်းဒကာ

 မြန်မာတွေသုံးလေ့ရှိတဲ့ ချစ်စရာအထေ့အငေါ့လေးဆိုပါတော့။ ဗုဒ္ဓဘာသာဝင်တွေဆို ပိုပြီးသဘောပေါက်လွယ်ပါလိမ့်မယ်။ ‘ဒကာ’ဆိုတာ အလှူရှင်ကိုခေါ်တာ။ တကယ်လက်တွေ့ကျကျလှူပြီး ရေစက်ချအမျှဝေပြီးတဲ့အထိ ကာယကံမြောက်လှူပြီးသူကိုခေါ်တဲ့ နာမ်စား ‘ဒကာ’။
 အလှူရှင် လှူဒါန်းမှုပြုခဲ့ပြီးသမျှ အလှူပစ္စည်းကိုအကြောင်းပြုလို့ ဆွမ်းဒကာ၊ ကျောင်းဒကာ၊ ဇရပ်ဒကာ၊ သိမ်ဒကာ၊ ဘုရားဒကာ အဲဒီလို အမွှမ်းတင်ခေါ်ဝေါ်ကြတာ။ ဘာမှ လက်တွေ့မလှူရသေးပဲ လေလုံးထွား အကြွားပိုလေနဲ့ လှူတဲ့သူတွေကို ငေါ့ချင်တဲ့အခါ ဆောက်ဖြစ်ရင်တော့ ကျောင်းဒကာပေါ့ဆိုပြီး ယဉ်ယဉ်ကျေးကျေးနှိပ်ကွပ်တဲ့စကား။

ဂျနီဖာလိုပက်ဇ်နဲ့ တစ်ထောင်မကတဲ့ နွားများ

(တစ်)
 မြန်မာနိုင်ငံက အနုပညာချစ်သူ ပရိသတ်များ၏ အကြား၌ ဂျနီဖာလိုပက်ဇ်ဟူသော အမည်သည် သိပ်ပြီးစိမ်းလှသည့် အမည်တစ်ခုမဟုတ်တော့ပါ။
သူ့နာမည်အပြည့်အစုံက ဂျနီဖာလင်းလိုပက်ဇ် (Jennifer Lynn Lopez) ဖြစ်ပါသည်။ လွယ်လွယ်ခေါ်တာ ဂျနီဖာလိုပက်ဇ်။ ချစ်စနိုးခေါ်တော့ ဂျေလို (J.Lo) ဆိုလား။
 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော် ကက်စတယ်လ်ဟေး (Castle Hill)တွင် ၁၉၆၉ ဇူလိုင်လ ၂၄ ရက်က မွေးဖွားခဲ့သူဖြစ်သဖြင့် ယခု ၂၀၁၅ တွင် သူ့အသက် (၄၆) နှစ်ရှိပါပြီ။ ဂျနီဖာလိုပက်ဇ်က မင်းသမီးအပြင် စာလည်းရေး၊ သီချင်းလည်းဆို၊ ကလည်းကရုံမျှနှင့် မ၀နိုင်ဘဲ ရုပ်ရှင်ထုတ်လုပ်သူ ဖက်ရှင်ဒီဇိုင်နာ စသည့် အလုပ်များကိုပါ တွဲစပ်လုပ်ကိုင်သည့် အာဂအမျိုးသမီး ဖြစ်ပါသည်။

ကျန်းမာရေးအတွက် စားသုံးသင့်သည့် အစားအသောက်များ

ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ မှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး အောက်ပါ အစားအစာများကို ပုံမှန်စားသုံးပေးသင့်သည်။
အဆီဓာတ်ပါဝင်သော ငါးများမှာ အိုမီဂါ-၃ ဓာတ်ကြွယ်ဝပြီး အိုမီဂါ-၃ နှင့် အိုမီဂါ-၆ အဆီဓာတ်အချိုးညီစွာပါဝင်ရေး အ ထောက်အကူဖြစ်သည်။ ငါးသေတ္တာ၊ တူနာနှင့် ဆယ်လ်မွန်ငါး တို့မှာ ယင်းအတွက်အရေးပါသည်။
Broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းမှာလည်း အကျိုးကျေးဇူး များစွာရှိပြီး မလိုအပ်သည့် အဆီများကိုစုပ်ယူဖယ်ရှားပေးသည်။ ကြက်ဥမှာ သက်သတ်လွတ်သမားများပင်စားသုံးသင့်ပြီး ကျန်းမာ ရေးနှင့်ညီသော အဆီများ၊ ပရိုတိန်းဓာတ်များပါဝင်သည်။ နံနက်စာ အဖြစ်စားသုံးပါက အထူးသင့်လျော်ကောင်းမွန်သည်။

အွန်လိုင်းမှာ အကျပ်ကိုင်ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့်မပေးပါနဲ့

သင်နေ့စဉ်သုံးစွဲနေသည့် ဖေ့စ်ဘွတ်ခ်၊  ဗိုက်ဘာ   အပါအ၀င် အင်တာနက်လူမှုကွန်ရက်ပေါ်မှ   လိင်ပိုင်းဆိုင်ရာ   ခြိမ်းခြောက် ခြင်းဖြစ်စေ၊ ငွေညှစ်တောင်းခံ ခြင်းဖြစ်စေ၊ ကိုယ်တိုင်ကြုံတွေ့ ဖူးပါသလား။  အကယ်၍ သင် ကိုယ်တိုင်လိင်ပိုင်းဆိုင်ရာ  ခြိမ်း ခြောက်ခြင်း၊    ငွေညှစ်ခြင်းခံရ ပါက  မည်ကဲ့သို့  ဖြေရှင်းလုပ် ဆောင်မည်နည်း။
မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာအပါအ၀င် အင်တာနက် မှရာဇ၀တ်မှုကျူးလွန်သူများအ တွက် ထိရောက်စွာအရေးယူရန် ဆိုက်ဘာလုံခြုံရေးဥပဒေမရှိသေး ဘဲ အင်တာနက်ကိုအသုံးပြုကာ ဥပဒေမဲ့ပြုလုပ်ခြင်းကို မည်ကဲ့သို့ ဟန့်တားကာကွယ်မလဲဆိုသည့် မေးခွန်းမှာ ပြည်သူများအကြား အဖြေမရှိ ထိတ်လန့်နေဆဲအနေ အထားသာဖြစ်သည်။ အထူးသ ဖြင့် မြန်မာမိန်းကလေးများအ တွက် ဖြစ်သည်။

တရုတ်က နယ်စပ်တွင် စစ်ရေးဆက်လက်လေ့ကျင့်

 မြန်မာ-တရုတ်နယ်စပ် ၌ နှစ်ရက်ကြာမြင့်လာခဲ့ပြီဖြစ် သည့် တရုတ်တပ်မတော်၏ စစ် ရေးလေ့ကျင့်မှုတွင်လေတပ်၊ အ မြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ မစ်ဆိုင်းလ်ဒုံးကျည်နှင့် ရေဒါ တပ်အစရှိသည်တို့ ပါဝင်ပစ်ခတ် လေ့ကျင့်နေကြကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ဖော် ပြသည်။

မြန်မာပြည်မှ အရေးကြီးကိန်းဂဏန်းများ

နှစ်ပေါင်းသုံးဆယ်ကျော်ကြာ မကောက်ယူဖြစ်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပင်မအစီရင်ခံစာကို မေလ ၂၉ ရက်တွင် အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်သည်။
၂၀၁၄ မတ်လတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအချက်အလက်များနှင့် ပတ်သက်၍ ရှေ့ပြေးအစီရင်ခံစာကို ၂၀၁၄ သြဂုတ်လတွင် ထုတ်ပြန်ခဲ့ရာ အများမျှော်မှန်းထားသည့် လူဦးရေအရေအတွက်ထက် လျော့နည်းနေသည့်အတွက် ထိုစဉ်က စောင့်ကြည့်လေ့လာသူများက အံ့သြခဲ့ကြသည်။မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း ၆၀ အနည်းဆုံးရှိမည်ဟု ခန့်မှန်းထားကြရာမှ ရှေ့ပြေးလူဦးရေသန်းခေါင်စာရင်း ထွက်ပေါ်လာသည့်အခါတွင် ၅၁ သန်းကျော်သာ ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။

စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် တောင်သူ ၁၈ ဦးကို လိမ်လည်မှုဖြင့် အမှုဖွင့်

မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်မပေးဆပ်နိုင်သည့် သဲကုန်းမြို့ နယ်ရှိ တောင်သူ ၁၈ ဦးကို ချေးငွေလိမ်လည်ထုတ်ယူမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘လိမ်လည်မှုနဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကနေ အမှုဖွင့်အရေးယူထားတယ်။ ဇွန်လ ၂ ရက်အထိ ၁၈ ဦး အရေးယူထားပြီး ထပ်မံအရေးယူဖို့ သက်ဆိုင်ရာနယ် မြေရဲစခန်းတွေမှာ တိုင်ကြားထားတာတွေ ရှိနေသေးတယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။
သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ အင်းမတိုက်နယ်အတွင်း ကျေးရွာများမှ တောင်သူလယ်သမား  ၁၈  ဦးသည် မိုးရာသီနှင့် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ၂၀၁၃ က သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ချေးယူပြီး သတ်မှတ်ကာလ ကျော်သော်လည်း ပြန်လည်ပေးဆပ်ခြင်းမရှိသဖြင့် ပုတီးကုန်းနယ်မြေရဲစခန်း၊ အင်းမနယ်မြေရဲစခန်းတို့တွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၀၊ လိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

ဘင်္ဂါလီများသည် အိုင်အက်စ်တပ်ဖွဲ့၏ လူသစ်စုဆောင်းရေး ပစ်မှတ်များ ဖြစ်လာနိုင်ဟု ကျွမ်းကျင်သူများ သတိပေး

ဘင်္ဂါလီများသည် (မူရင်း အသုံး အနှုန်းတွင် ရိုဟင်ဂျာဟုဖော်ပြ ထား) အစွန်းရောက်အကြမ်းဖက် သမားများ ရှာဖွေစုဆောင်းနေ သည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွတပ်ဖွဲ့ ၏ ပစ်မှတ်ဖြစ်လာနိုင်ကြောင်း အ ကြမ်းဖက်မှုများကို စောင့်ကြည့် လေ့လာနေသော ကျွမ်းကျင် ပညာရှင်များက သတိပေးပြော ကြားလိုက်သည်ဟု Newsweek မဂ္ဂဇင်းက ဖော်ပြသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို စွန့်ခွာပြီး ဘင်္ဂလားပင်လယ်အော် နှင့် အက်ဒမန် ပင်လယ်တို့ကို လှေ များဖြင့် ကျော်ဖြတ်ကာ အရှေ့ တောင်အာရှ နိုင်ငံအချို့သို့ ခိုလှုံ ဝင်ရောက်ရန် ကြိုးစားနေသည့် ဘင်္ဂါလီများသည် ယခုအခါ ဒေသ တွင်းနိုင်ငံ အစိုးရများအတွက် ခေါင်းခဲစရာ ဖြစ်လာသည်။

Wednesday, 3 June 2015

ထန်းတပင်မြို့နယ်ရှိ တစ်ရွာလုံး မဲစာရင်းတွင် မွေးလ၊ မွေးရက် တူနေခြင်းသည် အိမ်ထောင်စု စာရင်းပါ အချက်အလက်များကြောင့် ဖြစ်ဟုဆို

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ထုတ်ပြန်ထားသော မဲစာရင်းအရ တစ်ရွာလုံးရှိ လူဦးရေ အားလုံးသည် မွေးသက္ကရာဇ်သာ ကွာခြားပြီး မွေးလနှင့် မွေးရက်များ တူညီနေခြင်းသည် အိမ်ထောင်စု လူဦးရေ စာရင်းပါ အချက်အလက်များကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာအုပ်စု ၊ ဓာတ်တော်ကုန်း (အထက်) ကျေးရွာ၏ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် စာရင်းများကို ကြေညာထားရာ ခုနစ်သာ ကွာခြားပြီး မွေးရက်နှင့်မွေးလမှာ ဇွန်လ ၃၀ ရက်ဟု အားလုံးအတူတူ ဖြစ်နေခြင်း ဖြစ်သည်။

အီရတ်နှင့် မဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့များ အိုင်အက်စ်ကို တိုက်ခိုက်ရာတွင် ဗျူဟာမြောက် အောင်မြင်မှုများရှိ

 အီရတ်တွင် အိုင်အက်စ်အဖွဲ့အား တိုက်ခိုက်ရန် အီရတ်နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များက အောင်မြင်သည့် မဟာဗျူဟာများကို ချမှတ်နိုင်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောသည်။အိုင်အက်စ်တို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လေကြောင်း ထိုးစစ်များနှင့် အီရတ်တပ်ဖွဲ့များက ဗျူဟာမြောက် စွမ်းဆောင်နိုင်ကြောင်း ဘလင်ကင်က ပြောသည်။
ပြင်သစ်နိုင်ငံ ပါရီတွင် နိုင်ငံပေါင်း ၂၀ မှ ဝန်ကြီးများက အိုင်အက်စ်တို့ကို ချေမှုန်းရေးအတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ ရုရှ၊ အီရန်နှင့် ဆီးရီးယားတို့က တက်ရောက်လာခြင်း မရှိပေ။

အပစ်ရပ်စာချုပ် ချုပ်ဆိုရေး နှောင့်နှေးနေပါက ကုလအကူအညီဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်ရန်နှင့် နှောင့်နှေးနေပါက ကုလသမဂ္ဂ အကူအညီများ ဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘီဂျေးနမ်ဗီးယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ပထမနေ့ ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ဇွန်လ ၂ ရက် နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ညီလာခံကို စတင်ကျင်းပခဲ့ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ ပြောဆိုပြုမူတာ ဥပဒေနဲ့ မညီဘူးထင်ရင် အချိန်မရွေး စွပ်စွဲပြစ်တင်နိုင်ဟု သူရဦးရွှေမန်းပြော

အချိန်ကြာမြင့်စွာ ဆွေးနွေးငြင်းခုံ စွပ်စွဲပြစ်တင် ဝေဖန်မှုများကြားမှ မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း ဇွန် ၂ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုနိုင်ခဲ့သည်။ ထို့အတူ လွှတ်တော်နာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ဝေဖန်စွပ်စွဲကြသူ အမတ်အချို့အကြား သဘောကွဲလွဲမှု၊ စွပ်စွဲထိပါးမှုအချို့လည်း ရှိခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်မှု မှားသည်ထင်လျှင် စွပ်စွဲပြောဆိုနိုင်ကြောင်း သူရဦးရွှေမန်းက သတိပေးပြောကြားခဲ့သည်။

လှေစီး ဒုက္ခသည်များအရေး နိုင်ငံတော်အစိုးရ ပြတ်သားသော မူဝါဒဖြင့် ဆောင်ရွက်ရန် အရေးကြီးအဆို တင်သွင်း


လှေစီးထွက်ပြေးသူ ဒုက္ခသည်များကို ပြတ်သားသော မူဝါဒ ချမှတ်ဆောင်သွားရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် ဇွန် ၂ ရက်က တင်သွင်း အတည်ပြုခဲ့သည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “စတင်တွေ့ရှိသည့် မြန်မာ့ရေပိုင်နက်တွင်ပင် ပဏာမ စစ်ဆေးပြီး တစ်ဘက်နိုင်ငံ ရေပိုင်နက် သို့မဟုတ် နိုင်ငံတကာ ရေပိုင်နက်ကို စားနပ်ရိက္ခာ ထောက်ပံ့ဖြည့်ဆည်းပေးလိုက်ပြီး စောင့်ကြပ် ပို့ဆောင်ပေးလိုက်ပါက ပိုမို သင့်တော် သည့် နည်းလမ်း ဖြစ်ပါသည်။ လက်ရှိ ဟိုင်းကြီးကျွန်း အနီးတွင် ထိန်းသိမ်းထားသော တစ်ဘက်နိုင်ငံက လူ ၇၀၀ ကျော် လူအုပ်စုအား လာရင်းဒေသကို ပြန်ပို့ပေးရန် သူတို့ကိုယ်တိုင် တောင်းဆိုနေကြောင်း သိရသည့်အတွက် စားနပ်ရိက္ခာ ပံ့ပိုးပေးပြီး တစ်ဘက်နိုင်ငံ ရေပိုင်နက် နယ်နိမိတ်အစပ်ထိ လိုက်ပါပို့ဆောင်စောင့်ကြပ် လိုက်ပို့ စေလိုကြောင်း တင်ပြလိုပါသည်” ဟု အရေးကြီး အဆိုတင်သွင်း စဉ် ပြောသည်။

ဗုဒ္ဓဘာသာဝင် ဇနီးကို နည်းအမျိုးမျိုးဖြင့် ဘာသာပြောင်းစေသူအား ပြစ်ဒဏ်ချရာတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ

 မြန်မာ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက် ပြည်သူ  လွှတ်တော်၏
ပြင်ဆင်အတည်ပြုချက် ၄၇ ချက်အပေါ် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်အများစုကို သဘောတူသော်လည်း ပြစ်မှုပြစ်ဒဏ်အပိုင်းတွင် သဘောထား ကွဲလွဲလျက်ရှိကြောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာသောပြင်ဆင်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဥပဒေ၏ အခန်း(၅) “ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျား လိုက်နာရမည့် အချက်များ” မှ ပုဒ်မ ၁၉ (င) တွင် “မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို စွန့် လွှတ်စေပြီး မိမိကိုးကွယ်ရာ ဘာသာသို့ ဖြစ်စေ၊ အခြားဘာသာ တစ်မျိုးမျိုးသို့ ဖြစ်စေ၊ ကူးပြောင်းကိုးကွယ်စေမှု မပြုရ” ဟူသည့် ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်လျှင် “ထိုသူကို ငါးနှစ်ထက်
မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် သိန်းနှစ်ဆယ်ထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်” ဟု ပြည်သူ့လွှတ်တော်ကပြင်ဆင် အတည်ပြုခဲ့သည်။ အမျိုးသားလွှတ်တော်ကမူ ထောင်ဒဏ် ငါးနှစ်နေရာ၌ “နှစ်နှစ်ထက်မပိုသော” ဟူ၍ ကွဲလွဲသောပြင်ဆင်အတည်ပြုချက်ဖြင့် ပြည်သူ့ လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့် ရွေးချယ်မည်ဟုဆို


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့်သာ ရွေးချယ်သွားမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။
"စိစစ်ရေးအဖွဲ့ ၂ ခုစလုံးကို ဥက္ကဋ္ဌက ဦးဆောင်ကြီးကြပ်တယ်။ ၂ ဖွဲ့စလုံးကို တာဝန်ပေးထားတယ်။ ကျွန်တော်မပါဘူး။ အစည်းအဝေးတွေမှာ သွားတက်ရပါတယ်။ အခု အနီးစပ်ဆုံး ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တော့ နေရာ ၅ ခု လျာထားတယ်။ ဘာတွေလည်း မပြောနိုင် သေးပါဘူး" ဟု ၎င်းက ဆိုသည်။