Saturday, 4 April 2015

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားများ ၏အလှူခံပုံးများ အတွင်းမှ အလှူငွေများခိုးယူသူအား ဖမ်းဆီးရမိ



၂ဝ၁၅ ခုနှစ်၊ မတ်လ ၁ရ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်နှင့် ၂၆-၃-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တို့တွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာ ဘုရားအတွင်းရှိ အလှူခံပုံးများအတွင်းမှအလှူငွေ များ ပျောက်ဆုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် ပုဂံနယ်မြေရဲစခန်းမှ အမှုများရေးဖွင့်စစ်ဆေးခဲ့သည်။ အဆိုပါ ပျောက်ဆုံးမှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ကြီးကြပ် မှုဖြင့် ညောင်ဦး ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပုဂံဘုရားများအနီးတစ်ဝိုက် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း များဖြင့် စောင့်ကြပ်ကြည့်ရှုခဲ့သည်။

ကျောက်မဲမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲ ခရိုင်၊ ကျောက်မဲမြို့ တွင် ဧပြီ ၄ ရက် နံနက်(၉)နာရီတွင် ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းမှုကိုလိုလားသောပြည်သူများစုပေါင်း၍တည်ငြိမ်အေးချမ်း စွာဖြင့် ဆန္ဒဖော် ထုတ် ပွဲပြုလုပ်



ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊လင်းခေးမြို.၊ရွာမကြီးအရှေ.ရပ်ကွက်နေ၊မြို.မိမြို.ဖဖြစ်သူ ဦးစိုင်းအောင်သန်းမှဦးဆောင်သောပြည်သူ လူထု စုပေါင်းအင်အား (၁၂၀၀)ကျော်သည် သက်ဆိုင်ရာမှခွင့်ပြုချက်ရ ယူပြီး စုပေါင်းစီတန်းလှည့်လည်၍၄င်းတို့၏ဆန္ဒဖော်ထုတ်ပွဲကို ဧပြီ(၄)ရက် နံနက်(၈)နာရီကပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ရန်ကုန်လေဆိပ် လုံခြုံရေး ကျိုးပေါက်မှုတွေရှိနေပြီလား


မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ မောရစ်သျှနိုင်ငံသား ပတ်စ်ပို့အတုကိုင်ဆောင်သူ အာဖဂန်နစ္စတန် နိုင်ငံသားသုံးဦးကို ပြန်ပို့ လိုက်သည့် ဖြစ်စဉ် တစ်ခု ဖြစ် ပွားခဲ့သည်။
ယင်းမောရစ်သျှ နိုင်ငံသားပတ်စ်ပို့အတုကိုင်ဆောင်သူသုံးဦးသည် လွန်ခဲ့သည့်တစ်ရက်က မြန်မာနိုင်ငံမှတစ်ဆင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားသူများဖြစ်၏။
အဆိုပါ အာဖဂန်နစ္စတန်နိုင်ငံသားများမှာ မောရစ်သျှနိုင်ငံ ပတ်စ်ပို့အတုကို ကိုင်ဆောင်၍ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ဝင်ရောက် လာခဲ့ပြီး မြန်မာနိုင် ငံတွင်သုံးရက်ခန့် နေထိုင်ပြီး ကိုးရီးယားနိုင်ငံသို့ထွက်ခွာခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိဟု အေအေပီပီ ထုတ်ပြန်


မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော် အကျဉ်းကျခံနေရပြီး ၃၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီ ဘီ က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဦးသိန်းစိန်အစိုးရက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံရေးအကျဉ်းသားများ လုံးဝ မရှိတော့ဘူးလို့ ပြောဆိုနေပေမယ့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့စာရင်း ဇယားတွေအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၇၂ ယောက်လောက် အကျဉ်းထောင်တွေမှာ ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အမှန်တကယ်ကာကွယ်ရာ ရောက်၊ မရောက် ပြန်ဆန်းစစ်ရန် အရပ်ဘက်လူ့အဖွဲ့အစည်းအချို့ တောင်းဆို


မျိုးစောင့်ဥပေဒ များတွင် တစ်ခုပါဝင်သည့် ကိုး ကွယ်ရာဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာဥပဒေကြမ်းတွင် ဗုဒ္ဓဘာ သာဝင် အမျိုးသမီးများကို အမှန် တကယ် ကာကွယ်ရာ ရောက်၊ မရောက် ပြန်လည်ဆန်းစစ်ရန်နှင့် ဘာသာ ကူးပြောင်းခြင်းကို မှတ် တမ်းတင်ပေးမည့် မှတ်တမ်းတင် အဖွဲ့ကို ပြန်လည် စိစစ်ရန် အရပ် ဘက် လူ့အဖွဲ့အစည်းအချို့က ဥပဒေကြမ်းကော်မတီနှင့် ပြုလုပ် သည့် ကြားနာပွဲတွင် တောင်းဆို လိုက်သည်။
ဧပြီ ၃ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတို့ ကြားနားပွဲပြုလုပ်ခဲ့ပြီး ကိုးကွယ်ရာဘာသာကူး ပြောင်းရေးဥပဒေကို ပြဋ္ဌာန်းရန် အမှန်တကယ်လိုအပ်မှု ရှိ၊ မရှိ မှတ်ပုံတင်မည့် အဖွဲ့အစည်းများ ၏ သမာသမတ်ကျမှုနှင့် ဥပဒေကြမ်းပါ အကြောင်းအရာများကို ပို၍ ကျယ်ပြန့်စွာသိရှိရန် လိုအပ်ပုံများအား အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြခဲ့ကြ သည်။

ငြိမ်းချမ်းရေးပါမစ်ကားများကို မည်သူ့အမည်ပေါက်ဖြင့် မှတ်ပုံတင်မည်ဆိုသည်ကအစ ၀န်ကြီးဦးအောင်မင်း၏ သမ္မတရုံးဝန်ကြီးဌာန (၄) မှ ညွှန်ကြားချက်အတိုင်းလုပ်ပေးရခြင်းဟု ကညနတာဝန်ရှိသူများပြောကြား


ငြိမ်းချမ်းရေးပါမစ်ဖြင့်တင်သွင်းပြီး 9E/1000 ကျော်နံပါတ်ဖြင့် ရန်ကုန်၌စီးနင်းလျက်ရှိသော Rolls Royce ကားတစ်စီးအားတွေ့ရစဉ်
ငြိမ်းချမ်းရေးပါမစ်ကားများ (အရပ်အခေါ် ပါမစ်ဟုခေါ်သည်) အား မှတ်ပုံတင်ခွင့်ချပေးခြင်း၊ မှတ်ပုံတင်ရာတွင် မည်သူ့အမည်၊ မည်သည့်လိပ်စာဖြင့် မှတ်ပုံတင်မည်စသည်တို့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄)မှ ညွှန်ကြားခြင်းဖြစ်ပြီး အဆိုပါညွှန်ကြားချက်အတိုင်းသာ ကညနမှ မှတ်ပုံတင်ပေးခြင်းဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
ငြိမ်းချမ်းရေးပါမစ်ကားများအား မှတ်ပုံတင်ခွင့်ချထားပေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် သမ္မတရုံးဝန်ကြီးဌာန (၄) မှ မှတ်ပုံတင်မည့် ကားအစီးအရေအတွက်၊ မှတ်ပုံတင်ပေးရမည့်သူ၏ အမည်၊ နေရပ်လိပ်စာ စသည်ဖြင့် အသေးစိတ်အချက်အလက်များကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားနေသည့် နေရာတွင် တရုတ်အလံစိုက်ထူ၍ ဒေသခံများ ကန့်ကွက်



နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပွားနေသော တရုတ်-မြန်မာ နယ်စပ်အနီး နမ့်ခမ်းမြို့နယ် ကုန်းဆာရွာအနီး မြေနေရာကို တရုတ်လက်နက်ကိုင် အဖွဲ့ဝင်များနှင့် တရုတ်အစိုးရ တာဝန်ရှိသူများက တရုတ်နိုင်ငံအလံ စိုက်ထူသောကြောင့် ဒေသခံများက ကန့်ကွက်မှု ဖြစ်ပွားကြောင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းထွန်းလှက The Voice သို့ ပြောကြားသည်။

Friday, 3 April 2015

အငြင်းပွားဖွယ် ၀တ်စုံကြောင့် ဘိုလီးဗီးယား ကာကွယ်ရေး ၀န်ကြီး ရာထူးမှ ထုတ်ပယ်ခံရ


ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ဂျော့ခ်လီဒက်စမာသည် အိမ်နီးချင်း ချီလီနိုင်ငံသို့ အလည်အပတ် သွားရောက်စဉ် ၀တ်ဆင် ခဲ့သည့် အငြင်းပွား ဖွယ်ရာ ၀တ်စုံကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက် ရပြီ ဖြစ်ကြောင်း သိရသည်။

တိကရစ်မြို့ သိမ်းတိုက်ပွဲ အီရတ် တပ်ဖွဲ့များ အောင်ပွဲခံ

အီရတ်နိုင်ငံ တိကရစ်မြို့ကို ထိန်းချုပ်ထားသော IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ကာ အောင်ပွဲ အကြီးအကျယ်ခံ နိုင်ခဲ့ပြီ ဖြစ်ကြောင်း အီရတ် အစိုးရက ကြေညာ ထားသည်။ အီရတ် အစိုးရတပ် များသည် တိကရစ်မြို့တွင်းရှိ နောက်ဆုံး လက်ကျန် IS အဖွဲ့ဝင်များကို အပြီးသတ် တိုက်ပွဲ ဆင်နွဲနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟိုင်ဒါအယ်လ်-အဘာဒီသည် မြို့တွင်းတွင် အီရတ် နိုင်ငံတော် အလံကို လွှင့်ထူ လိုက်ပြီ ဖြစ်သည်။အီရတ် အစိုးရသည် တိကရစ်မြို့ကို သိမ်းပိုက်နိုင်ရေး အတွက် တစ်လကြာ ကြိုးပမ်းခဲ့ရသည်။ တိကရစ်မြို့ သိမ်းပိုက် နိုင်ရေး အီရတ် တပ်ဖွဲ့ဝင် များ၏ ထိုးစစ်ဆင်မှုသည် ခေတ္တခန့် ရပ်ဆိုင်းသွားခဲ့ သော်လည်း လွန်ခဲ့သော အပတ်တွင်မူ အမေရိကန် ဦးဆောင်သော မဟာမိတ်များ၏ လေကြောင်းမှ ထိုးစစ်ကြောင့် တိုက်စစ်ကို ပြန်လည် စတင်နိုင် ခဲ့သည်။

နာမည်တလုံးအတွက် တိုက်ပွဲ


လက်ရှိ အစိုးရလက်ထက် တိုင်းပြည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေက များပါတယ်။ အဲလို နိုင်ငံရေးအရှုပ်တွေ များတာကို ဦးနုအစိုးရလက်ထက်တုံးက (ပြဿနာပေါင်း သောင်းခြောက်ထောင်) လို့ သုံးပါတယ်။ အခုတော့ သိန်းဂဏန်းလို့တောင် ပြောရမလားမသိပါ။ အဲဒီအရေအတွက်ထက် အရေးကြီးတာတွေထဲက တခုကို ရေးပါရစေ။ ဘာသာရေး အစွန်းမလွတ်ပြဿနာပါ။ ဘာသာရေးအစွန်းရောက်လို့တော့ မပြောလိုသေးပါ။

ဒီပဲယင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ဖြင့် ရိုက်မိပြီး ကလေးငယ်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်ကျေးရွာ၏ အနောက် ဘက် ခရိုင်ချင်းဆက် လမ်းမကြီးအနီးတွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်များ လဲကျ၊ သစ်ကိုင်းများ လွှင့်စင်ခြင်းကြောင့် ကလေးငယ်နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။
 လေပြင်းများ တိုက်ခတ်ပြီး သစ်ပင်အချို့ သစ်ကိုင်းများပြတ်ကျခြင်း၊ အမြစ်မှကျွတ်၍လှဲကျကာ အနီးရှိ လူနေအိမ်တစ်လုံးအား သွားရောက် ထိမှန်ခဲ့ရာမှ နေအိမ်ရှေ့တွင် ရပ်နေသည့် ကလေးငယ်နှစ်ဦးမှာ သစ်ကိုင်းများ ရိုက်ခတ်မိသည့်အတွက် ဦးခေါင်း နောက်စေ့ပိုင်းနေရာနှင့် နဖူးနေရာများတွင် ဒဏ်ရာများရရှိခဲ့ပြီး မူးကမ်း တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ဒဏ်ရာများကြောင့် ယင်းနေ့ ညနေ ငါး နာရီခွဲအချိန်၌ သေဆုံးသွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်း တစ်ဦးထံမှ သိရသည်။

ကိုးကန့်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဟာ မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တယ်လို့ မြန် မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က RFA ကိုပြောပါတယ်။
"မနေ့တုံးကတော့ ဒီမနက် ၃ နာရီအထိဖြစ်တယ်၊ အဲဒီ့ကုန်းကြမ်းဒေသမှာပဲ ခုတ်ထန်ပတ်ဝန်းကျင်မှာ သူတို့က ၉ နာရီကနေစပြီးတော့ လူနည်းနည်းနဲ့ ထိုးတာပေါ့၊ မနက်တုံးကတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကြည်းတပ်နဲ့ တက်ထိုးတယ်၊ ဒါပေမဲ့ ည ၉ နာရီကျတော့ လေယာဉ်တော့မပါပါဘူး၊ တင့်ကားတွေ သံချပ်ကာကားတွေလည်း အားလုံးအသင့်ဖြစ်နေပြီလို့ကြား ပါတယ်၊ ဒီ့ထက်အကြိမ်တိုးဖို့ပဲ ရှိပါတယ်"
နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ အတိအကျမသိရသေးကြောင်း၊ အခုတိုက်ပွဲတွေမှာ အစိုးရဖက်က တပ်ဖွဲ့အင်အား အများအပြားနဲ့ ၁၀၅ မမ၊ ၁၂၂ မမ၊ စတဲ့ လက်နက်ကြီးတွေ၊ လေယာဉ်ပျံတွေကိုပါ အသုံးပြု နေကြောင်းလည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

လူခုနစ်ဦး ဒဏ်ရာရသည့် ရုန်းရင်းဆန်ခတ်မှု လေးရက်ကြာသည့်အထိ ရဲတပ်ဖွဲ့ အမှုဖွင့်မပေးဟုဆို

လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီးကျေးရွာတွင် လွန်ခဲ့သော လေးရက်က ဦးဘိုးသာ ပိုင်ဆိုင်သည်ဟု ဆိုသော လယ်မြေ ပေါ်တွင် EVER DEPELOPMENT ကုမ္ပဏီနှင့် မြေပိုင်ရှင်တို့အကြား မြေအငြင်းပွားမှုကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှုကို သောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်မပေးဟု မြေပိုင်ရှင် ဦးဘိုးသာ၏ အဆိုအရ သိရသည်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျောက်တံတားမြို့နယ်ရှိ Myanmar Journalist Network (MJN) ရုံးခန်းတွင် ကျင်းပပြုလုပ်သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် လယ်ပိုင်ရှင် ဦးဘိုးသာက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

အထွေထွေ ကာရိုက်တာ စုံချင်တဲ့ စံရတီမိုးမြင့်

ပရိသတ် လက်ခံမှု ရရှိထားသော သရုပ်ဆောင် တစ်ဦး ဖြစ်သည့် စံရတီမိုးမြင့်က သရုပ်ဆောင်မှု အပေါ်တွင် လုပ်နေကျမဟုတ်သည့် ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်ကြောင်း ပြောသည်။  ညီမကတော့ ကိုယ့်ကိုယ် ကိုယ်ကာ ရိုက်တာ မစုံသေးဘူးလို့ ခံစားရတယ်။ 

မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်

ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။
အခုထိ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၃ ဦး ပျောက် ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်နိုင်ခဲ့သူတွေထဲ မှာ မြန်မာနိုင်ငံသား ၁၃ ဦး ပါဝင်ကြောင်း သိရပါတယ်။
အရှည် ပေ ၃၄၀ ၊ တန်ချိန် ၅၇၀၀ ရှိပြီး လူ ၁၃၂ ဦးပါ ရုရှနိုင်ငံလုပ် ငါးဖမ်းသင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ဖျား ဒေသ ရေခဲမှတ်နီးပါးအထိ အေးခဲနေတဲ့၊ မုဆိုးပင်လယ်လို့ အဓိပ္ပါယ်ရတဲ့ အော့ကဟော့ရှ် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာပါ။ ရေယာဉ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်

ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အရ ခွင့်ပြုချက် မယူဘဲ တရားဟောခွင့်ရှိကြောင်း ရွှေည၀ါ ဆရာတော် မိန့်ကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ တရားဟောခွင့် ရှိကြောင်း တရားဟောခွင့်  ပိတ်ပင် ခံထား ရသော ရွှေည၀ါ ဆရာတော် ဦးပညာသီဟ က မိန့်ကြားသည်။ ရွှေည၀ါ ဆရာတော် ဦးပညာသီဟ သည် ဓမ္မကထိက ဂုဏ်အင်္ဂါနှင့် မညီသောကြောင့် တရားဟောခွင့် မပြုရန်နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ (၄၇) ပါး စုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။
ထိုသို့ မြို့နယ်တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ပြီးနောက် ချမ်းအေးသာစံမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အမှုဖွင့်ပြီးသည့်နေ့မှစ၍ သုံးလကြာမြင့်နေသည့်တိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထား ရှိပေးရေး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပေးမည် ဟု တိုင်း အစိုးရ ၏ ပြောကြားထားမှု နှစ်နှစ်ကြာအထိ အကောင် အထည် မပေါ်သေး၍ လွှတ်တော်တွင် မေးခွန်းထုတ်

ပြည်သူ့ရင်ပြင်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စီးပွားရေး အဆောက်အအုံများတစ်ခုပြီး တစ်ခုပေါ်ထွန်း လာသော်လည်း အ မျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်တုထား ရှိရေး ကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြ ပေးမည်ဟု ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့၏ ပြောကြားထားမှု နှစ် နှစ်ခန့်ကြာပြီး သော်လည်း ယခုအချိန် ထိဆောင်ရွက်နိုင်ခြင်းမရှိသေး၍ တိုင်းအစိုးရ၏ လျစ်လျူရှုမှုအပေါ် လွှတ်တော် ကိုယ်စားလှယ်ဦးကျော် က မေးခွန်းထုတ်ခဲ့သည်။