ဇန်နဝါရီ ၁၆ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရတပ်မတော်အကြား ကချင်ပြည်နယ် ဖားကန့်ဒေသ၌ တိုက်ပွဲများမရှိသော်လည်း နှစ်ဖက်တပ်များကမူ နီးနီးကပ်ကပ်ရှိနေ သည်ဟု ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်က ပြာသည်။
Friday, 16 January 2015
တိုင်းရင်းသား အခွင့်အရေး ကာကွယ်သည့် ဥပဒေတွင် တာဝန်ယူမှု တာဝန်ခံမှု ပါရှိသင့်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း ကျင့်သုံးခွင့် မရသေးသည့် ပြည်နယ်/ တိုင်း ဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များကို လုပ်ဆောင်ခွင့် ရလာစေရေးအတွက် အသက်သွင်းသည့် အနေဖြင့် ရေးဆွဲထားသည်ဆိုသော တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေး ကာကွယ်သည့် ဥပဒေတွင် တာဝန်ယူမှု၊ တာဝန်ခံမှုများ ထည့်သွင်းပြဌာန်း သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်း(၁) လွှတ်တော် အမတ် ဒေါက်တာ ညိုညိုသင်းက မဇ္ဈိမကို ပြောသည်။
ဖားကန့်မြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ သံတံတားထိပ်နေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၉ နာရီချိန်ခန့်တွင် ဆိပ်မူကျေးရွာမှ ယူမာကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် အား အစိုးရတပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာ လက်လုပ်မိုင်းများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းကျွမ်းကျင်လုပ်သားရှားပါးမှုကို ပြည်ပရောက် ကျွမ်းကျင် လုပ်သားများဖြင့် အသုံးပြုဖြေရှင်းရန်လို

ဓါတ်ပုံ - ရဲနောင်(ဖယ်ခုံ)၊
( ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားများကို တွေ့ရစဉ်။)
ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် အလုပ် သမားများကို ကျွမ်းကျင်လုပ်သားများ အဖြစ် လေ့ကျင့် သင် ကြား ပေးရန် အသုံးစရိတ်သုံးစွဲမှုနည်းပါးနေပြီးကျွမ်း ကျင်လုပ်သားရှားပါးမှုကို ပြည်ပ ရောက် ကျွမ်းကျင် လုပ်သားများအသုံး ပြုဖြေရှင်းရန်လိုအပ်ကြောင်း စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့ (OECD) ၏မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံ ပြန် လည်သုံးသပ်ချက်တွင်ဖော်ပြထား သည်။
တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေး တနင်္သာရီတစ်တိုင်းလုံး ဆန္ဒပြမည်
လျှပ်စစ်တစ်ယူနစ် နှုန်းထား ကျပ်လေးရာကျော်မှ တစ်ထောင်ကျော်အထိ ပေးဆောင်နေရသည့် တနင်္သာရီ တိုင်းဒေသကြီးတွင် တစ်နိုင်ငံလုံးနှင့် တန်းတူနှုန်းထား ဖြစ်သည့် ဓာတ်အား တစ်ယူနစ် ၃၅ ကျပ်နှုန်း ရရှိရေး အတွက် တစ်တိုင်းလုံးတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း တနင်္သာရီ သယံဇာတ အကျိုး ခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်) ထံမှ သိရသည်။
လူကုန်ကူးမှုက ကျေးလက်ကနေ မြို့ပြကို တက်လာပြီ

ရန်ကုန်မြို့နေအိမ်တွင် မကြာသေးမီက တွေ့ရသော အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်း (ဓာတ်ပုံ - ရဲကိုကို / The Yangon Globe)
မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ဖြစ်ပေါ်နေသည့် ပြဿနာများထဲတွင် လူကုန်ကူးမှုလည်း ပါဝင်သည်။ လူကုန်ကူးခံရသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ထွက်နေသော်လည်း ဤအကြောင်းအရာကို အလေးထား ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။
ခေတ်မမီတော့သည့် လယ်ယာစိုက်ပျိုးရေးနည်းလမ်းများကို သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင်မည်

မြန်မာနိုင်ငံစိုက်ပျိုးရေးတွင် ခေတ်နောက် ပြန်ဆွဲပြီး ခေတ်မမီတော့သည့် လယ် ယာစိုက်ပျိုးရေး နည်းလမ်း များ ကို ကျော်လွှားနိုင်စေရန် သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင် မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင် မည်ဖြစ်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အကြံပြု ထားသည်။
လေ့လာတွေ့ရှိချက်အရ ဆဲဆိုခြင်းဟာ စိတ်တွေ မွန်းကျပ်လာတဲ့ အခါ ကောင်းတဲ့ ဖြေလျှော့ခြင်း တစ်ရပ်အဖြစ် သိရ

တစ်ခါတစ်လေ ဒေါသအကြီးအကျယ် ထွက်လာတဲ့အခါ၊ စိတ်ထဲကြိတ်နိုင်ခဲမရဖြစ်တဲ့အခါ ပါးစပ်က ဆဲဆိုမိ သွားတာမျိုးတွေ ကြုံဖူးမှာပါ။ ထိန်းထားရက်နဲ့ ပါးစပ်က လွှတ်ခနဲထွက်သွားတာမျိုးတွေ ဖြစ်တဲ့အခါ ငါ့ကို ဘေးပတ်ဝန်းကျင်က ဘယ်လိုထင်တော့မလဲ၊ အမေကြားသွားလို့ ဆူခံရတော့မလား၊ ဒါမှမဟုတ် ငါ့ကို ဘေးကလူတွေက ပညာတတ်မဟုတ်ဘူး၊ အဆင့်မရှိဘူးလို့ ထင်မလားဆိုပြီး တွေးစရာရှိပါတယ်။ ဒါပမေယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ခုလို ဆဲဆိုလိုက်ခြင်းဟာ သင့်စိတ်ထဲမှာ မွန်းကျပ်နေတဲ့ အရာတွေကို အားလုံးမဟုတ်တောင် သုံးပုံနှစ်ပုံလောက် ပြေလျော့သွားစေသလို ဒီ့ထက်ပိုဆိုးတဲ့ အကျိုးဆက်တစ်ခုခု ဖြစ်လာဖို့ကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။
ပညာရေး ဘတ်ဂျက် တိုးမြှင့်ရေးနှင့် ကျောင်းထုတ်ခံ ကျောင်းသားများ ပြန်လည် တက်ရောက်ခွင့် တောင်းဆို
ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံး စရိတ်၏ (၂၀) ရာခိုင်နှုန်း သတ်မှတ်ရေးနှင့် အရေးအခင်း ကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ပြန်လည်တက်ရောက်ခွင့်အပါအ၀င် အချက် (၁၁) ချက် ကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ယမန်နေ့ကထုတ်ပြန်တောင်းဆိုခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီအား တရားစွဲဆိုထားမှု အမေရိကန်တရားရုံးပယ်ဖျက်

၂ဝဝ၂ခုနှစ် ဂူဂျာရက် အဓိက ရုဏ်းဖြစ်ပွားစဉ်က လူသားချင်းစာ နာထောက်ထားမှု မရှိသော ရာဇဝတ် မှုများကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီအား တရားစွဲဆိုမှုကို အမေရိကန် တရားသူကြီးက ပယ်ဖျက်လိုက် ကြောင်း BBC သတင်းများအရ သိရသည်။
Apple Pay စနစ်ကို အမေရိကန်ဘဏ်(Bank of America) တစ်ခုတည်းမှာပင် 1.1 မီလီယံအထိ အသုံးပြုနေ

အမေရိကန်ဘဏ်(Bank of America) ဟာ Apple Pay ရဲ့ အဓိက ပါတနာဘဏ် တစ်ခုဖြစ်ပြီး အဆိုပါ ဘဏ်တစ်ခုတည်းကနေ Apple ရဲ့ Apple Pay ငွေပေးချေမှုစနစ်ကို အသုံးပြုသူပေါင်း ၈ သိန်းကျော်ရှိပြီး အဆိုပါရလဒ်များအရ အမေရိကန်ဘဏ် (Bank of America) တစ်ခုတည်းမှာပင် Apple Pay ငွေပေးချေမှု စနစ်ကို အသုံးပြုသည့် ကဒ်အရေအတွက် ၁.၁ မိလီယံကျော်ရှိ တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
လူကုန်ကူးခံရသူများ၏ အခွင့်အရေးပိုမိုရရှိရေး အလုပ်ရုံဆွေးနွေး

လူကုန်ကူး ခံရသူများ၏အခွင့်အရေးများ ပိုမိုရရှိရေး၊ တရားစီရင်ရေးကဏ္ဍတွင် သက်သေအဖြစ် ပိုမို ပူးပေါင်း ပါဝင်လာနိုင်ရေးတို့ကိုရည်ရွယ်ကာ ပထမအကြိမ်မြောက်လူကုန်ကူးခံရသူများ ၏အခွင့်အရေးနှင့် တရားရုံးလုပ်ငန်း စဉ်များအသိပေးရေးဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ကျောင်းတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးစေလို

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်လည်ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၅ရက် နံနက် ၁၁နာရီက မန္တလေးမြို့ ရတနာပုံတက္ကသိုလ် စာကြည့် တိုက်ရှေ့ မျက်နှာစာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်သူကို FBI ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု ကက်ပီတော် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု သံသယ ရှိခြင်းခံရသူ တစ်ဦးကို အမေရိကန် အက်ဖ်ဘီအိုင်က အိုဟိုင်းယိုးမြို့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
စိုက်ပျိုးရေး ကဏ္ဍမှ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းရရှိသော်လည်း လုပ်အားခ၀င်ငွေမှာ အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေ

နေပြည်တော်အနီးရှိ လယ်ယာမြေတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းရှိသော်လည်း တောင်သူတစ်ဦး၏ ဝင်ငွေသည် ပျမ်းမျှ အားဖြင့် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀ဝ ခန့်သာ ရှိနေသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှုသည် ၆၀ ရာခိုင်နှုန်း အထိရှိသော်လည်း စိုက်ပျိုး ရေးကဏ္ဍများမှ လုပ်သားများ ရရှိသောဝင်ငွေသည် အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဝင်ငွေ ဖြစ်နေသည်ဟု အိုအီးစီဒီ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ် ချက်အစီရင်ခံစာ၌ သုံးသပ်ဖော်ပြထားသည်။
MPTမှ ပြည်ပ ခေါ်ဆိုခများ လျှော့ချ ပေးမည်
MPTဆင်းကတ်များ၏ ပြည်ပဖုန်း ခေါ်ဆိုခများနှင့် ပြည်ပသို့ ဖုန်းသယ်ဆောင် အသုံးပြုခ စသည့် နှုန်းထား များကို ယခုနှစ်အတွင်း လျှော့ချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ ပြည်သူတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုအနေနဲ့ လျှော့ချပေးမယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ပြည်ပ ခေါ်ဆိုခတွေကို လျှော့ချမှာတော့ သေချာတယ်။ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာ ဦးငွေစိုးက ပြောသည်။
ဗိုလ်ချုပ်ပုံတူ ကိုယ်ပွား ကြေးရုပ် ထပ်မံ ပြုလုပ်
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အနေဖြင့် အင်းစိန် မြို့နယ် အောင်ဆန်းမြို့၊ အောင်ဆန်း စက်မှု လက်မှု အထက်တန်း ကျောင်းဝင်း အနောက်ဘက် ဗိုလ်ချုပ် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ရှေ့တွင် ဗိုလ်ချုပ် ပုံတူ ကိုယ်ပွား ကြေးရုပ် အသစ်အား ပြုလုပ်လျက် ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ဗိုလ်ချုပ် ပန်းခြံ ဘက်စုံ ပြုပြင် မွမ်းမံရေး ကွန်ရက် ထံမှ သိရသည်။ အဆိုပါ ကွန်ရက်နှင့် အတူ အင်းစိန်မြို့ နယ်ရှိ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ဦးဆောင် ပါဝင်ပြီး ဗိုလ်ချုပ် ပုံတူ ကိုယ်ပွား ကြေးရုပ်အား ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ

ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိ ခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက ပြောကြားသည်။
ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ ပြသခဲ့တဲ့ လိင်ပညာပေး အစီအစဉ် ဝေဖန်ခံရ

ဆွီဒင်နိုင်ငံမှာ အမျိုးသားလိင်အင်္ဂါနဲ့ အမျိုးသမီးလိင် အင်္ဂါတို့ကို ကာတွန်းပုံစံ ပြုလုပ်ပြီး လိင်ပညာပေး အစီ အစဉ်အဖြစ် ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ ပြသခဲ့တဲ့အတွက် မိဘတွေက အလွန်အမင်း ဒေါသ ထွက်နေ ကြပါတယ်။
ကျွန်တော့် စာအုပ်တွေကို မီးသာတင်ရှို့ပစ်ပါ

ပေရုမယ် မူရူဂန်ရဲ့ စာရေး ဆရာဘ၀ သေဆုံးသွား ပါပြီ၊ သူက ဘုရားလည်း မဟုတ်တော့ ပြန်လည် ရှင်သန်ထမြောက် တော့မှာ မဟုတ်ပါဘူး၊ ဒါ့အပြင် လည်း သူက နောင်ဘ၀ ဆိုတာကို မယုံကြည်သူပါ၊ သာမန် ကျောင်းဆရာ တစ်ဦး အဖြစ်သာ ပီမူရူဂန်ဟာ ဆက်လက် ရှင်သန်တော့ မှာပါ၊ သူ့ကို မနှောင့်ယှက်ကြပါ နဲ့တော့ အထက်ပါ စာသား များတွင် ပါဝင်သော ပေရူမယ် မူရူဂန် ဆိုသည်မှာ တမီလ်ဘာသာ စကားဖြင့် ရေးသားသော နာမည်ကျော် စာရေးဆရာ တစ်ဦး ဖြစ်သည်။ စာရေးသားခြင်းကို ထာဝရ စွန့်လွှတ် တော့မည် ဖြစ်ကြောင်း စာရေး ဆရာက ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားပြီး ကြေညာ လိုက်ခြင်း ဖြစ်သည်။ မာဓိုရူဗာဂန် အမည်ရှိ သူရေးသားခဲ့သည့် ၀တ္ထုအား ဒေသခံ ဟိန္ဒူနှင့် ဇာတ် အခြေခံ အဖွဲ့အစည်း များက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ ပြီးနောက် စာရေးသားခြင်းကို စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)