Wednesday, 7 January 2015

အခြေခံမဲစာရင်း ပြုစုခြင်းနှင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာနိုင်မည်ဟုဆို

အထွေထွေရွေးကောက် ပွဲ ကျင်းပမည့်ရက်ကို ကြေညာရန် ဇူလိုင်တွင် အခြေခံမဲစာရင်းပြုစုခြင်း ပြီးစီးမှုနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်း ပြီးစီးသည့်အချိန်တွင် မူတည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

လက်ပံတောင်းတောင် စီမံကိန်းမှ နှစ်ပေါင်း ၃၀ အတွင်း ရရှိမည့် အကျိုးအမြတ် ဒေါ်လာသန်း ၆၀၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက ဒေသခံများ ရရှိသည့် မြေယာလျော်ကြေး ဒေါ်လာ ၁၀ သန်းကျော်မှာ အဆမတန် နည်းပါး

လက်ပံတောင်းတောင် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး မြို့ခံနိုင်ငံရေး အင်အားစုများနှင့် ဒေသခံများ မုံရွာမြို့အတွင်း ဇန်န၀ါရီ ၆ ရက်က ဆန္ဒထုတ်ဖော်စဉ်
သတင်းဆောင်းပါး
လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ် ဒေသခံများကို မြန်မာဝမ်ပေါင်က အမေရိကန်ဒေါ်လာ ၁ဝ သန်းကျော် (ကျပ် ၁ဝ၇၉၆၆ ဒသမ ၉၂)  ပေးလျော်ထားမှုမှာ လက်ပံတောင်း တောင် စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ကျော်ကို နှစ်ပေါင်း ၃ဝ အထိ နှစ်စဉ်ရရှိနေပြီး စီမံကိန်း ပထမကာလတွင်ပင် အမေရိကန်ဒေါ်လာ သန်း ၆ဝဝဝ ခန့် ရရှိနေသည့် အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့၏ အကျိုးအမြတ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက အဆမတန် နည်းပါးနေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးကာဒီနယ်ရဟန်းအမတ်ဖြစ်လာသည့် ချားလ်ဘိုအား အမေရိကန်သံရုံးဂုဏ်ပြု

ပုပ်ရဟန်းမင်းကြီးရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသည့် ကက်သလစ်ဘာသာရေး အတိုင်ပင်ခံ ရဟန်း အမတ်(ကာဒီ နယ်)အဖွဲ့ဝင်တစ်ဦးဖြစ်လာ သည့်အတွက် ဂိုဏ်းချုပ်ဆရာ တော် ချားလ်ဘိုအား အမေရိကန် သံရုံးက ချီးကျူးဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်သည်။

မောင်တောနယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှဝင်ရောက်ခိုလှုံလာသည့် ရခိုင် မျိုးနွယ်စုများအတွက် အိမ်အလုံး ၅၀အာရ်စီအိမ်များအဖြစ် တည်ဆောက် ပေးမည်

မောင်တောနယ်စပ် ဒေသသို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက် ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုမိသားစုဝင်များ အတွက် နေအိမ်အလုံး ၅၀ ကို အာရ်စီအိမ်များ အဖြစ် တည်ဆောက်ပေးမည်ဖြစ်ကြောင်း နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

Tuesday, 6 January 2015

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးကွက်တွင် လျှပ်စစ်ပစ္စည်းများ အရောင်းရဆုံး ဖြစ်

မြန်မာ နိုင်ငံရှိ အွန်လိုင်းဈေးကွက်တွင် အရောင်းရဆုံး ပစ္စည်းများအဖြစ် လျှပ်စစ်ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများမှာ ရပ်တည် လျက်ရှိကြောင်း အွန်လိုင်းအခြေပြု ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်များမှ သိရသည်။

အာဖဂန်နစ္စတန် သမ္မတက အမေရိကန်တပ်များ ဆုတ်ခွာ ရက်ကို ပြန်လည် စဉ်းစားစေလိုဟုဆို

Photo: အာဖဂန်နစ္စတန် သမ္မတက အမေရိကန်တပ်များ ဆုတ်ခွာ ရက်ကို ပြန်လည် စဉ်းစားစေလိုဟုဆို
Tuesday, January 6, 2015

အာဖဂန်နစ္စတန်သမ္မတ အရှ ရက်ဖ်ဂါနီက တနင်္ဂနွေနေ့တွင် ထုတ် လွှင့်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ် ခု၌ ပြောကြားရာတွင် အမေရိကန် နှင့် မဟာမိတ် များ၏ ကျန်နေသေး သည့် တပ်များအတွက် ထွက်ခွာမည့် ရက်အား ဖြစ်နိုင်ပါက ပြန်လည်စဉ်း စားစေလိုကြောင်း၊ အမေရိကန်နှင့် မဟာမိတ်တပ်များ၏ နောက် ဆုံး ထွက်ခွာရက်မှာ ၂ဝ၁၆ ခုနှစ်ကုန် တွင်ဖြစ်ကြောင်း ရိုက်တာသတင်း က ဖော်ပြခဲ့သည်။

နောက်ဆုံးရက်ကို စဉ်းစားစေ လိုကြောင်း၊ နောက်ဆုံးသတ်မှတ်ရက် မှာ တရားသေ မဟုတ်ကြောင်း မစ္စ တာဂါနီက CBS အသံလွှင့် ST ၏ မေးမြန်းရာ၌ ပြောကြားခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်၍ နှစ်ဦး နှစ်ဘက်(သို့မဟုတ်)ပါဝင်သူများအား လုံး ၄င်းတို့၏ ရည်မှန်းချက်ကို အ ကောင်းဆုံးလုပ်ဆောင်ခဲ့ကြပြီးဖြစ် ကြောင်း၊ တိုးတက်မှုမှာလည်း အမှန် ပင်ရခဲ့ကြောင်း၊ ဒါကြောင့် နောက် ဆုံး တပ်ရုပ်သိမ်း ရက်ကို ပြန်လည် စဉ်းစားသင့်ကြောင်း မစ္စတာဂါနီက ပြောကြားခဲ့သည်။ ၄င်းမှာ လွန်ခဲ့ သောနှစ်က ရွေးချယ်ခံခဲ့ရသည်။

အကယ်၍ ၄င်းအနေဖြင့် ဤ ကိစ္စအား အမေရိကန်သမ္မတ ဘား ရက်အိုဘားမား ကို ပြောကြားခဲ့မည် ဆိုပါက အိုဘားမားက မိမိအကြောင်း ကိုသိကြောင်း၊ တစ်ဦးနှင့် တစ်ဦး ပြော နေစရာမလိုကြောင်း ဂါနီကပြောခဲ့ သည်။

Ref: reuters
Democracytoday
အာဖဂန်နစ္စတန်သမ္မတ အရှ ရက်ဖ်ဂါနီက တနင်္ဂနွေနေ့တွင် ထုတ် လွှင့်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ် ခု၌ ပြောကြားရာတွင် အမေရိကန်နှင့် မဟာမိတ်များ၏ ကျန်နေသေး သည့် တပ်များအတွက် ထွက်ခွာမည့် ရက်အား ဖြစ်နိုင်ပါက ပြန်လည်စဉ်း စားစေလိုကြောင်း၊ အမေရိကန်နှင့် မဟာမိတ်တပ်များ၏ နောက်ဆုံး ထွက်ခွာရက်မှာ ၂ဝ၁၆ ခုနှစ်ကုန် တွင်ဖြစ်ကြောင်း ရိုက်တာသတင်း က ဖော်ပြခဲ့သည်။

နယ်စပ်တွင် အိန္ဒိယ-ပါကစ္စတန်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ငါးဦးသေ

Photo: နယ်စပ်တွင် အိန္ဒိယ-ပါကစ္စတန်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ငါးဦးသေ
Tuesday, January 6, 2015

တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။

နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားထားခဲ့ရာ အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

ဇန်န၀ါရီ ၅ ရက်က ပါကစ္စတန် အရှေ့ခြမ်းရှိ ဆီအယ်လ်ကော့မြို့အနီးတွင် အိန္ဒိယဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်မှုကြောင့် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား လေးဦး သေဆုံး ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

“အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ BSF က ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးယောက် သေဆုံးခဲ့ရပါတယ်၊ အခုလို ပစ်ခတ်ခဲ့တာကို ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ကလည်း ပြန်လည် တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုနေ့အစောပိုင်းကလည်း နှစ်နိုင်ငံ နယ်စပ်အကြား နှစ်ဘက် ပစ်ခတ်မှုများကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ဒေသရှိ ဆရီနာဂါ မြို့တောင်ဘက် ကီလိုမီတာ ၃၅၀ အကွာသို့ ပါကစ္စတန် ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့မှုကို ပြန်လည် လက်စားချေ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ အုပ်ချုပ်နေသော ကက်ရှ်မီးယား ဒေသမှ ရဲချုပ် ရာဂျက်ကူမာ ကပြောသည်။

နှစ်နိုင်ငံအကြား တင်းမာနေကြသော အဆိုပါ နယ်စပ်ဒေသတစ်လျောက်တွင် မကြာသေးသည့် ကာလများကတည်းက အပြန်အလှန် ပစ်ခတ်မှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးထားခဲ့ပြီး ထောင်ပေါင်းများစွာတို့သည်လည်း နေအိမ်များမှ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

Ref: AFP
Mizzima - News in Burmese
တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သား တစ်ဦး သေဆုံးခဲ့သည်။

ပိတ်ဆို့အရေးယူမှု ထပ်လုပ်မည်ဆိုပါက ရုရှအခြေအနေဆိုးရွားနိုင်ဟု ဂျာမနီ သတိပေး

Photo: ပိတ်ဆို့အရေးယူမှု ထပ်လုပ်မည်ဆိုပါက ရုရှအခြေအနေဆိုးရွားနိုင်ဟု ဂျာမနီ သတိပေး 
Tuesday, January 6, 2015

ရုရှအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများသည် ရုရှ၏ အခြေအနေကို ပိုမိုမတည်မငြိမ် ဖြစ်သွားစေနိုင်ကာ ရုရှနိုင်ငံအား ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ဖော်ပြထားသော သတင်း စာ အင်တာဗျူးတစ်ခုထဲတွင် ဒုတိယအဓိပတိ ဆစ်ဂ်မာဂါ ဘရီယယ်လ် (Sigmar Gabriel)က သတိပေးထားသည်။

“အဲဒါကို ဘယ်သူကပဲ အလိုရှိနေရှိနေ အဲဒါဟာ ဥရောပမှာရှိကြတဲ့ ကျွန်တော် တို့ အားလုံးအတွက် အများကြီး ပိုအန္တရာယ်ရှိမယ့် အခြေအနေ ဖြစ်လာစေပါ လိမ့်မယ်”ဟု ၎င်းက ဆိုခဲ့ပြီး ရုရှမှာ နူကလီးယား အင်အားကြီးနိုင်ငံဖြစ်ကြောင်း လည်း ထောက်ပြခဲ့သည်။ ရုရှအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြ ခြင်း ၏ ရည်ရွယ်ချက်မှာ ရုရှသည်ဆွေးနွေးမှု စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိ လာစေရန် ဖြစ်သည်။

“ရုရှအနေနဲ့ စီးပွားရေးအရနဲ့ နိုင်ငံရေးအရ အခုထက်တောင် ပိုပြီးတော့ မတည် မငြိမ်ဖြစ်လာအောင် လုပ်ချင်ကြသူတွေဟာ လုံးဝကွဲပြားခြားနားတဲ့ အကျိုးဆက် ကို ရည်ရွယ်ပြီး ဆက်လုပ်နေကြတာပါ” ဟု ဂျာမနီ၏ စီးပွားရေး ၀န်ကြီး လည်းဖြစ် သူ ဂါဘရီယယ်လ်က ဆိုသည်။

ဥရောပနှင့်အမေရိကန်မှ အချို့သူများသည် ၎င်းတို့၏ပြိုင်ဘက်ဟောင်း ရုရှနိုင်ငံက ဒူးထောက်အညံ့ခံလာ သည်ကို မြင်လို ကြသော်လည်း “အဲဒီလို လုပ်တာဟာ ဂျာမနီနဲ့ ဥရောပအတွက်လည်း အကျိုးကျေးဇူး မရှိပါဘူး” ဟု ဂျာမနီ ဒုတိယ အဓိပတိက ပြောခဲ့သည်။

“ကျွန်တော်တို့က ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးမှာ ကူညီချင်တာပါ။ ရုရှ ဒူးထောက်လာအောင် ဖိအားပေးချင်တာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောခဲ့သည်။

ယူကရိန်းအကျပ်အတည်း ပိုမိုကြီးထွား ပြင်းထန်လာရန် ရုရှသည် ယူကရိန်း သူပုန် များအား လက်နက်များနှင့် တပ်ဖွဲ့များ ပံ့ပိုးပေးခြင်းအားဖြင့် ဆွပေးနေ ကြောင်း အနောက်နိုင်ငံများက အကြိမ်ကြိမ် စွပ်စွဲထားကြသော်လည်း ထိုစွပ်စွဲ ချက် များကို ရုရှက ငြင်းဆန်ထားသည်။

ရုရှအပေါ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းနှင့် ရေနံဈေးများ ထိုးကျသွားခြင်းတို့ကြောင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ရုရှရူဘယ်ငွေတန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ရုရှအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများသည် ရုရှ၏ အခြေအနေကို ပိုမိုမတည်မငြိမ် ဖြစ်သွား စေနိုင်ကာ ရုရှနိုင်ငံအား ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ဖော်ပြထားသော သတင်းစာ အင်တာဗျူးတစ်ခုထဲတွင် ဒုတိယအဓိပတိ ဆစ်ဂ်မာဂါ ဘရီယယ်လ် (Sigmar Gabriel)က သတိပေးထားသည်။

အဲအေးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ၏ မိသားစုများကို နစ်နာ ကြေး ပေးရန် စီစဉ်နေ

Photo: အဲအေးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ၏ မိသားစုများကို နစ်နာ ကြေး ပေးရန် စီစဉ်နေ
Tuesday, January 6, 2015

အဲအေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုများကို နစ်နာကြေး ပေးအပ်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဝေါလ်စထရိဂျာနယ်က အဲအေးရှား လေကြောင်းလိုင်းသည် ခရီးသည် တစ်ဦးစီအတွက် အင်ဒိုနီးရှား ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်သွားရန် စီစဉ်နေကြောင်း ဆိုသည်။ လေယာဉ်ပေါ်တွင် ညီမနှင့် မိခင်တို့ အပါအဝင် မိသားစုဝင် (၇)ဦး လိုက်ပါသွားသည့် ဒေးဗစ် သီဂျာကူဆာမာ၏ အဆိုကို ကိုးကားပြီး ဝေါလ်စထရိက ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

Airbus A320-200 အမျိုးအစား လေယာဉ်သည် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၁၆၂)ဦးကို သယ်ဆောင်ပျံသန်းရင်း ဒီဇင်ဘာ ၂၈ ရက်က ဂျာဗားပင်လယ်ထဲတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှား နိုင်ငံသား အများဆုံး လိုက်ပါသွားခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှ မရှိနိုင်တော့ဟု ခန့်မှန်းထားသည်။

အင်ဒိုနီးရှားထုတ် ရီရော်ပေါ့စ် သတင်းစာကလည်း ကျန်ရစ်သူ မိသားစုများအတွက် နှစ်သိမ့် နစ်နာကြေး ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်ရန် စီစဉ်နေကြောင်း ထပ်မံ ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး အဲအေးရှားက တစ်စုံတစ်ရာ မှတ်ချက်မပေးသေးကြောင်းလည်း သိရသည်။

QZ8501 လေယာဉ်ပျက်ကျရာ နေရာတွင် ရှာဖွေရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ရုပ်အလောင်း (၃၇)လောင်းကိုသာ ရှာဖွေတွေ့ရှိထားကြောင်း သတင်းရရှိသည်။

Ref: Channelnewsasia
7Day DAILY
အဲအေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပေါ်ပါသွားသူ များ၏ မိသားစုများကို နစ်နာကြေး ပေးအပ်သွားရန် စီစဉ်နေကြောင်း သတင်းများကဖော်ပြခဲ့သည်။

ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုများ ပေါ်ပေါက်

Photo: ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုများ ပေါ်ပေါက်
Tuesday, January 6, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အငြင်း ပွားဖွယ်ရွေးကောက်ပွဲတစ်နှစ်ပြည့် သည့် တနင်္လာနေ့တွင် နိုင်ငံတွင်း လမ်းများ၌ ဆိုးဆိုးရွားရွား ပဋိပက္ခ များပေါ်ပေါက်ခဲ့ကြောင်း AFP သတင်းအရ သိရသည်။

နိုင်ငံမြောက်ပိုင်းရှိ နာတိုရီမြို့ တွင် အာဏာရပါတီကို ထောက်ခံသူ များနှင့် အတိုက်အခံ BNP ပါတီကို ထောက်ခံသူများ ပဋိပက္ခဖြစ်ခဲ့ပြီး အတိုက်အခံနှစ်ဦး ပစ်သတ်ခံခဲ့ရသည် ဟု ရဲတပ်ဖွဲ့ကပြောသည်။

တနင်္လာ နေ့သည် BNP ပါတီက နိုင်ငံတွင်း၌ ''ဒီမိုကရေစီသေဆုံးသောနေ့'' ဟု ကြေညာခဲ့သောနေ့လည်း ဖြစ်သည်။ BNP ပါတီခေါင်းဆောင်သည် မြို့ တော်ရှိ သူမ၏ရုံးခန်းတွင် စနေနေ့ ညမှ ယခုအထိ ရဲတပ်ဖွဲ့၏ ဝန်းရံခြင်း ကို ခံနေရသည်။

သို့သော်သူမက ရုံးခန်းအတွင်းမှပင် တနင်္လာနေ့တွင် လက်ရှိဝန်ကြီးချုပ် ဟာစီနာအား ပါတီစုံပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုရန် အတွက် လမ်းပေါ်ထွက်ဆန္ဒပြရန် သူမ အားထောက်ခံသူများကို ဆော်သြ ခဲ့သည်။ ယင်းကြောင့် BNP ပါတီ အား ထောက်ခံသူများကလမ်းမပေါ် ထွက်ဆန္ဒပြခဲ့ကြပြီး ၄င်းတို့သည် ရဲများ၊ အာဏာရ Awami League ပါတီအား ထောက်ခံသူများနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

ပြိုင်ဘက်ပါတီနှစ်ခုကို ထောက် ခံသူများအကြားမှ အကြမ်းဖက်မှုများ သည် မြို့တော်ဒါကာတွင်သာမက ကျန်မြို့များတွင် ဖြစ်ပွားနေသည်ဟု ဒေသတွင်း ရုပ်သံလိုင်းများကဆို သည်။

BNP ပါတီခေါင်းဆောင် ဇီယာသည် ရဲတပ်ဖွဲ့၏ပိတ်ဆို့ထားမှု ကြောင့် သူမကိုယ်တိုင်ဆန္ဒပြပွဲများ တွင် မပါဝင်နိုင်သော်လည်း သူမအား ထောက်ခံသူများအား စည်းရုံးနိုင်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာစီနာသည် လွန်ခဲ့သော နှစ်ဇန်နဝါရီ ၅ ရက်တွင် ထပ်မံရွေး ချယ်ခံခဲ့ရသူဖြစ်သည်။ သို့သော် BNP အပါအဝင် ကျန်အတိုက်အခံ ပါတီများက အာဏာရပါတီသည် ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ် နိုင်သည်ဟု ဆိုကာရွေးကောက်ပွဲမှ နုတ်ထွက်သွားခြင်းကြောင့် ပြိုင်ဘက် မရှိ အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

Ref: AFP
Democracytoday
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အငြင်းပွားဖွယ်ရွေးကောက်ပွဲတစ်နှစ်ပြည့်သည့် တနင်္လာနေ့တွင် နိုင်ငံတွင်း လမ်းများ ၌ ဆိုးဆိုးရွားရွား ပဋိပက္ခများပေါ်ပေါက်ခဲ့ကြောင်း AFP သတင်းအရသိရသည်။

အီဘိုလာကြောင့် သေဆုံးသူဦးရေ ၈,၀၀၀ ကျော်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

အနောက်အာဖရိကတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၈,၁၅၃ ရှိပြီး ကူးစက်ခံရသူ မှာ ၂၀,၆၅၆ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြေယာကိစ္စ ဖြေရှင်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေ

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် ရက်စွဲနဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ သတင်းထုတ်ပြန် ကြေညာချက် တစ်ရပ် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကော်မတီ၏ ထုတ်ပြန်ချက်ကို ဒေသခံများ လက်မခံ

ကြေးနီ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှ ဒေသခံ များအား လုပ်ဆောင်ပေးမှု အစီရင်ခံစာ ထုတ်ပြန်ရာတွင် အားနည်းချက်များ ပြည့်နေပြီး လုံးဝ လက်ခံ နိုင်ကြောင်း ဒေသခံ များက ပြောသည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကော်မတီ၏ ထုတ်ပြန်ချက်ကို ဒေသခံများက ကန့်ကွက် ပြောဆိုခြင်း ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာ ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ပြော

တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က ပြောကြား လိုက်သည်။ ယမန်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ ကိုယ်စား လှယ်များ တွေ့ဆုံစဉ်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA  မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။ နိုင်ငံရေး ပိုင်းဆိုင်ရာ မှာ နိုင်ငံကို  ဦးစီး ဦးဆောင်ပေး နေတဲ့ ဦးသျှောင် အဖွဲ့ အစည်း ရှိပါ တယ်။ သမ္မတ ဦးစီး ဦးဆောင်မှု အောက်မှာပဲ  တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန်း-ဗန်းမော် ရေကြောင်း ကုန်စည်စီးဆင်းမှု သုံးပုံတစ်ပုံခန့် ကျဆင်း

Photo: မန်း-ဗန်းမော် ရေကြောင်း ကုန်စည်စီးဆင်းမှု သုံးပုံတစ်ပုံခန့် ကျဆင်း
Tuesday, January 6, 2015

မန္တလေး-ဗန်းမော် ရေကြောင်းကုန်စည်များ တရားမ၀င် အခွန်မဲ့ကုန်စည် စစ်ဆေးသည့် ကာလမတိုင်မီ အချိန်ထက် သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်စည်စီးဆင်းမှု ကျဆင်းခြင်းမှာ တရားမဝင် အခွန်မဲ့ကုန်စည်များ စစ်ဆေးသည့်ကာလနှင့် ရေကြောင်း ကျပ်သည့်အချိန် တိုက်ဆိုင်သောကြောင့်လည်း ဖြစ်သည်။

“ဗန်းမော် ဆိပ်ကမ်းကလည်း ရေနည်း နေတယ်၊ ပြီးတော့ မိုဘိုင်းတင်း စစ်ဆေးတာလည်း ရှိတော့ အမှန်တကယ် ဂျုတီဆောင်တဲ့ကုန်တွေပဲ တင်ကြတော့ သုံးပုံတစ်ပုံလောက် ကုန်နည်းသွားတယ်” ၎င်းက ပြောသည်။

မန္တလေးမြစ်ဆိပ် ဂေါဝိန်ဆိပ်ကမ်းတွင် တရားမဝင်ကုန်သွယ်မှု တားဆီးစစ်ဆေးရေးအဖွဲ့ (မိုဘိုင်းတင်း) က ကုန်တင်ရေယာဉ်များတွင် အခွန်ရှောင်ပစ္စည်းများနှင့် ဥပဒေအရ တားမြစ်ကုန်စည်များ သယ်ဆောင်ခြင်းရှိ၊ မရှိကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ ပညာပေးကာလအဖြစ် တစ်လ သတ်မှတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ အခွန်မဲ့ ကုန်စည်များ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေ ခြင်း ဖြစ်သည်။

ယခင်နှစ်များတွင် ဆောင်းရာသီ၌ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းကျပ်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်လောက် ကုန်စည်စီးဆင်းမှု လျော့နည်းခြင်းမရှိဟု တာဝန်ရှိသူက ဆိုသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲ လက်အောက်တွင် မန္တလေး-ဗန်းမော်၊ ကသာနှင့် မန္တလေး-ညောင်ဦး ရေကြောင်းခရီး စဉ်များ ပြေးဆွဲပေးလျက် ရှိသည်။ ဗန်းမော်လိုင်းသည် ကုန်စည်ပို့ဆောင်ရေး အဓိကဖြစ်ပြီး ညောင်ဦးလိုင်းသည် နိုင်ငံခြားသား ခရီးသွားများ သွားရောက် လည်ပတ်မှုများသည့် ခရီးသည်တင် ရေယာဉ်လိုင်းများ ဖြစ်သည်။

Mizzima - News in Burmese 

ဧရာဝတီမြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ဧရာဝတီမြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
မန္တလေး-ဗန်းမော် ရေကြောင်းကုန်စည်များ တရားမ၀င် အခွန်မဲ့ကုန်စည် စစ်ဆေးသည့် ကာလမတိုင်မီ အချိန်ထက် သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅ခုနှစ်တွင်အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများ ကားပါကင် ထောက်ခံချက် မလိုဆိုသည့် သတင်းမဟုတ်မှန်

၂၀၁၅ ခုနှစ်တွင် အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများ ကားပါကင်ထောက်ခံ ချက်မလိုဆိုသည့် သတင်းမှာ မဟုတ်မှန်ဟု စီး ပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အပစ်ရပ်မလား သို့မဟုတ် ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား KIA ?

Photo: အပစ်ရပ်မလား သို့မဟုတ် ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား KIA ?
Tuesday, January 6, 2015

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်း ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် KIA ဘက်မှ အကောင် အထည်ဖော်ဆောင် ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိုအကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

အစိုးရတပ်မတော်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု KIA ဘက်မှ ပြောဆိုထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လမ်းပြင်နေသော အစိုးရစစ်ကြောင်းများအား KIA အဖွဲ့မှ နှောင့်ယှက်ပစ် ခတ်ခြင်းကြောင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ပြောဆိုထားပါသည်။ ထိုဖြစ်စဉ်တွင် ဘယ်သူမှန်၍ ဘယ်သူမှားသလဲဆိုတာ တိကျရေရာသည့် အဖြေမရှိဘဲ နှစ်ဖက်စလုံး အကြောင်းပြချက်ကိုယ်စီ ရှိနေသည်။

ထိုဖြစ်စဉ်နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သော UNFC က ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ပြောကြားလာခဲ့သည်။ သို့သော် တပ်မတော်ဘက်ကယခုလက်ရှိမြန်မာ့တပ်တော်သည် ပြည်ထောင်စုတပ်မတော်သာဖြစ်ကြောင်း၊ စင်ပြိုင် တပ်မတော်နှစ်ခုသုံးခု ဖွဲ့စည်းတာ မည်သည့်နိုင်ငံ တွင်မှ မရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။

တစ်ဖန် FUA နှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့က လက်မခံကြောင်း သဘောထားရှိသလို တောင်ပိုင်း ဖက်ဒရယ်တပ်မတော်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က လုံးဝလက်မ ခံကြောင်း ပြော ဆိုထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် KIA ဦးဆောင်နေသော FUA၊ UNFC ၏ ရပ်တည်ချက်များသည် အများသဘောထားနှင့် ဆန့်ကျင်နေသည် ကို တွေ့နိုင် ပါသည်။

ထို့ပြင် KIA အဖွဲ၏ လူသစ်စုဆောင်းမှုနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကလည်း အမေရိကန်လူ့အခွင့် အရေး ဒုတိယအတွင်း ၀န်နှင့် မြစ်ကြီးနား မှာတွေ့ဆုံစဉ် တိုင်ကြားစာများ ပေးလိုက်ပြီဟု သိရပါသည်။ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အမေရိကန်က ယုံကြည်ခဲ့မည်ဆိုပါက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ တောင်းဆိုမှု များအတိုင်း ဆောင်ရွက်မှုများ ရှိလာနိုင်ပါသည်။

KIA အနေဖြင့် ကိုယ့်နိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့ကို ပခုံးယှဉ်နေသော လုပ်ရပ်က အန္တရာယ်ကြီးလွန်းသည်။ ကချင်ပြည်နယ်မှာ နေထိုင်သော ရှမ်းမျိုးနွယ်စုများကလည်း နည်းလမ်းပေါင်းစုံဖြင့် KIA ကို တိုက်ခိုက်နေပြီဖြစ် ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း KIA ဦးဆောင်နေသော UNFC ၊ FUA မှာ မပါဝင် ဘဲ ဝေးဝေးက ရှောင်နေကြပြီ ဖြစ်ပါသည်။ အကယ်၍ KIA အနေဖြင့် ငြိမ်းချမ်းရေးမယူဘဲ အချိန်ဆွဲထားမည်ဆိုပါက မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပါသည်။ ထိပ်တိုက်ရင်ဆိုင် မလား သို့မဟုတ် ငြိမ်းချမ်းရေးယူမလား တစ်ခုခုကိုတော့ ရွေးချယ်ရပါတော့မည်။

အပစ်ရပ်မလား ဒါမှမဟုတ် တိုက်ပွဲများကို ဖန်တီးပြီး ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား ဟူသော အဖြေနှစ်မျိုးအနက် KIA အနေဖြင့် တစ်ခုကို ရွေးချယ်ရမည် ဖြစ်ပါသည်။ KIA ရွေးချယ်သော အဖြေသည် အပြုသဘောလား၊ အပျက်ဆီသို့ ဦးတည်မလားဆို တာ စောင့်ကြည့် သွားရမည် ဖြစ်ပါသည်။

နေ၀န်းသစ်
Credit to KDN
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်းရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်း ကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် KIA ဘက်မှ အကောင် အထည်ဖော်ဆောင် ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိုအကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးခြင်း ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

လေကြောင်းကင်းထောက်မှုဖြင့် ကချင်ပြည်နယ်အတွင်း တရားမ၀င် သစ်ခိုးဂိုဏ်ကြီး ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း အဖိုးတန်သစ်များ အားတရားမ၀င် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ကိုယ်ကျိုးစီးပွားအတွက် သယ်ဆောင် ရောင်းချရန် သစ်တင်ယာဉ်များဖြင့် စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်းကင်းထောက်မှုအရ သိရှိရ သဖြင့် တပ်မတော်စစ်ကြောင်း များက ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက် ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ရှိနေသမျှ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး မရနိုင်ကြောင်း AAPP နှင့် FPPS ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိနေသရွေ့ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

၂၀၁၅ တွင် ဦးသိန်းစိန်၏ နိုင်ငံရေးဗျူဟာ အလုပ်ဖြစ်ရန် ခက်ခဲမည်

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်ထပ်သက်တမ်းတွင် လက်ရှိဖော်ဆောင်နေသော “ပြုပြင်ပြောင်းလဲရေး”ကို ပိုမိုပီပြင်လာစေရန် သမ္မတ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားလိုကြောင်း ဦးသိန်းစိန်၏ ရည်မှန်းချက်အား ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်၌ နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သော ဗိုလ်ရှုခံသဘင်က ပိုမိုခိုင်မာစေခဲ့သည်။