Tuesday 6 January 2015

စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကော်မတီ၏ ထုတ်ပြန်ချက်ကို ဒေသခံများ လက်မခံ

ကြေးနီ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှ ဒေသခံ များအား လုပ်ဆောင်ပေးမှု အစီရင်ခံစာ ထုတ်ပြန်ရာတွင် အားနည်းချက်များ ပြည့်နေပြီး လုံးဝ လက်ခံ နိုင်ကြောင်း ဒေသခံ များက ပြောသည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကော်မတီ၏ ထုတ်ပြန်ချက်ကို ဒေသခံများက ကန့်ကွက် ပြောဆိုခြင်း ဖြစ်သည်။

လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက ပြည့်စုံစွာ လုပ်ဆောင် ပေးတယ် ဆိုတာက စာရွက်ပေါ် မှာပဲ ရှိတယ်။ ဒေသခံတွေ အတွက် ဘာမှ လုပ်ဆောင် မပေးခဲ့သေး ပါဘူး။ ဒေသခံတွေကို (၁၉၉၄) ဦး အလုပ်ပေး ထားတယ် လို့ ပြောထား တာက မဟုတ်ပါဘူး။ ၀မ်ပေါင် သင်တန်းသား တွေကို တောင် အလုပ်ဖြုတ်ပစ် ထားတယ်။ တခြား ဒေသခံတွေနဲ့ တရုတ် လူမျိုးတွေ ကိုပဲ အလုပ်ပေးထား ပါတယ် ဟု မူလ၀က်မှေး ကျေးရွားမှ မသွဲ့သွဲ့ဝင်း က The Messenger Media သို့ ပြောသည်။

အစီရင်ခံစာတွင် မြေယာ သိမ်းဆည်းမှု များနှင့် ပတ်သက်ပြီး လျော်ကြေး ပေးချေမှုများကို ထုတ်ပြန် ထားပြီး၊ မြေယာ လျော်ကြေးနှင့် ထောက်ပံ့ကြေးငွေ ကျပ်သိန်းပေါင်း (၁၀၇၉၆၆ ဒသမ ၉၂) သိန်း ထုတ်ပေး ထားကြောင်း ဖော်ပြ ထားသည်။ မြေယာ လျော်ကြေး ထုတ်ယူသူ တောင်သူ တစ်ဦးခြင်း အနေဖြင့် လယ်ယာမြေများ အတွက် ထိုက်တန်သော လျော်ကြေးများ ရရှိခဲ့ကြပြီး ဖြစ်သည် ဟုလည်း ဖော်ပြပါ ရှိသည်။

လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက လက်ပံတောင်းကို လာတယ် ဆိုရုံလေး လာသွားတယ်။ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို  မေးလည်း မမေးဘူး။ တင်ပြချက်တွေကို လည်း အလေး မထားဘူး။ ကုမ္ပဏီက ပြောတဲ့ စကားကိုပဲ နားထောင်တယ်။ တကယ်ခံစား ရတာက ဒေသခံတွေပါ။ လျော်ကြေးကို လက်မခံနိုင်လို့ ဒေါ်ခင်ဝင်း အခုလို အသက်ပေးလိုက် ရတာပါ။ ဘာကြောင့် ဒေသခံတွေက အပင်ပန်းခံပြီး ကန့်ကွက်နေ မှာလဲ။ စီမံကိန်းကြီး က ပွင့်လင်း မြင်သာမှု မရှိလို့ပါ။ ဒေသခံ အများစုက မြေလျော်ကြေးကို အကုန်လုံး လက်မခံသေး ပါဘူး။ လျော်ကြေး မယူသေး တာက (၁၁၁၃) ဧကကျော်ရှိ ပါတယ် ဟု ဆည်တည်း ကျေးရွာမှ  မ၀င်းဝင်းဌေးက ပြောသည်။

အစီရင်ခံစာ၏ ထုတ်ပြန်ချက်တွင် ဒေသ ဖွံ့ ဖြိုးရေး လုပ်ငန်းများ အတွက် CSR  ရန်ပုံငွေ အဖြစ် ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း အမေရိကန် ဒေါ်လာ (၁ ဒသမ ၄၃) သန်းနှင့် ပြည်ထောင် စုရန်ပုံငွေမှ ကျပ်သန်းပေါင်း (၄၉၇ ဒသမ ၀၄) ကို အကုန်အကျခံ  ဆောင်ရွက်ပေးခဲ့ပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် CSR ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံ ဆောင်ရွက်ပေးလျက် ရှိကြောင်း   သတင်းထုတ်ပြန် ထားသည်။

Messenger News Journal 

No comments:

Post a Comment