Tuesday 6 January 2015

အီဘိုလာကြောင့် သေဆုံးသူဦးရေ ၈,၀၀၀ ကျော်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

အနောက်အာဖရိကတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၈,၁၅၃ ရှိပြီး ကူးစက်ခံရသူ မှာ ၂၀,၆၅၆ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သေဆုံးမှုနှင့် ကူးစက်မှုအားလုံးနီးပါးမှာ အနောက်အာဖရိကရှိ ဆီယာရာလီယွန်၊ လိုက်ဘေးရီးယားနှင့် ဂီနီနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည်။

၎င်းနိုင်ငံများအပြင် မာလီနိုင်ငံတွင် ခြောက်ဦး၊ အမေရိကန်တွင် တစ်ဦးနှင့် နိုင်ဂျီးရီးယားတွင် ရှစ်ဦးတို့ သေဆုံးခဲ့သည်။ သို့သော်လည်း နိုင်ဂျီးရီးယားက အီဘိုလာကင်းစင်သွားပြီဖြစ်ကြောင်း အောက်တိုဘာလက ကြေညာနိုင်ခဲ့သည်။

စပိန်နှင့် ဆီနီဂေါတွင် တစ်ဦးစီရောဂါကူးစက်ခံရသော်လည်း သေဆုံးမှုမရှိပေ။ ၎င်းနိုင်ငံများသည်လည်း အီဘိုလာကင်းစင်ကြောင်း ကြေညာထားသည်။

မကြာသေးခင်က ဆီယာရာလီယွန်မှ ပြန်လာခဲ့သော ဗြိတိန်သူနာပြုတစ်ဦး အီဘိုလာကူးစက်ခံရပြီး စိုးရိမ် စရာဖြစ်ခဲ့သော်လည်း ယခုအခါတည်ငြိမ်မှုရှိနေသည်။ ထို့အပြင် ဆီယာရာလီယွန်က ပြန်လာသော အမေ ရိကန်နှင့် ဂျာမနီမှ ကျန်းမာရေးလုပ်သားနှစ်ဦးကိုလည်း ဆေးရုံတွင် စောင့်ကြည့်လျက်ရှိသည်။ အီဘိုလာ ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံမှာ လိုက်ဘေးရီးယားဖြစ်ပြီး ကူးစက်သူ ၈,၁၁၅ ဦးအနက် ၃,၄၇၁ ဦး သေဆုံး ခဲ့သည်။ ဆီယာရာလီယွန်တွင် ကူးစက်သူ ၉,၇၇၂ဦးအနက် ၂,၉၁၅ ဦးသေဆုံးခဲ့သည်။ အီဘိုလာ သည် ကူးစက်ခံရသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များကို တိုက်ရိုက်ထိတွေ့ရာမှ ကူးစက်သည်။ ဒီဇင်ဘာ ၂၈ ရက်အထိ ကူးစက်ခံရသူ ကျန်းမာရေးလုပ်သား ၆၇၈ဦး ကူးစက်ခံရပြီး ၃၈၂ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment