Monday, 22 December 2014

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တရုတ်က ဒေါ်လာ သုံးဘီလီယံ ချေးငွေထောက်ပံ့ကူညီမည်

တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီး ချင်းနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံ တို့၏ အခြေခံ လုပ်ငန်း အဆောက်အ အုံများ၊ ကုန်ထုတ်လုပ်မှုနှင့် ဆင်းရဲ မွဲ တေမှု ပပျောက်ရေးတို့ အတွက် ဒေါ် လာ သုံးဘီလီယံ ချေးငွေ ထောက်ပံ့ကူ ညီမည်ဟု သိရသည်။

ကလေးမွေးဖွားပြီးချိန် ခင်ပွန်းက ကိုယ့်ကို လိင်ပျော်ရွှင်မှု မပေးတော့တာဟာ

Photo: ကလေးမွေးဖွားပြီးချိန် ခင်ပွန်းက ကိုယ့်ကို လိင်ပျော်ရွှင်မှု မပေးတော့တာဟာ
Monday, December 22, 2014

အမေး - ကျွန်မ သားလေးမွေးတာ (၃) လတောင်ပြည့်လာနေပြီ ကျွန်မယောက်ျားက ခုထိ ကျွန်မနဲ့ လိင်ပျော်ပိုက်ဖို့ စိတ်မပါသေးပါဘူး။ မီးဖွားသည့်အချိန်မှာလည်း နာကျင်မှု ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ ကျွန်မကတော့ သူအဲဒါတွေ နားမလည်းဘူး ထင်တာပဲ။ ကျွန်မအတွက် စိတ်မကောင်းဘူးလို့သာ သူပြောနေပါတယ်။ ကျွန်မ အချက်ပေါင်းများစွာ ချုပ်ခဲ့ရတယ်။ အဲဒါကို ချဉ်းကပ်လာဖို့ သူ မဝင့်မရဲဖြစ်နေပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတာ ကျွန်မစဉ်းစားလို့ မရတာကြောင့် ဖြေကြားပေးစေချင်ပါတယ်။ 

အဖြေ -ပထမဆုံးသိရမှာက ဒါ လောလောလတ်လတ် ဖခင်ဖြစ်လာသူတွေကြား ဖြစ်တတ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ဒီအကြောင်းကို ဆွေးနွေးပြောဆိုမှု သိပ်မလုပ်ကြဘူး။ အများအားဖြင့် အမျိုးသားတွေက ကလေးမွေးတဲ့ အချိန် အတောအတွင်းမှာ လျစ်လျူရှုထားတတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် နာကျင်မှုတွေ ခံစားပြီး ခက်ခဲမှုမှန်သမျှကို ရင်ဆိုင်ခံစားရတာ အမျိုးသမီးတွေလေ။ သို့ပေမယ့် ကျွန်တော်တို့က ဖြစ်နေတဲ့အရာတွေကို မမြင်တတ်ကြဘူး။ ဒါ ဝမ်းနည်းစိတ်ပျက်စရာဖြစ်သွားနိုင်တယ်။ စိတ်ပညာအရ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ရဲ့ အသိအမြင်ကို ခဏတစ်ဖြုတ်ပြောင်းလဲစေတတ်တယ်။ ကလေးမွေးဖွားခြင်း၊ နာကျင်မှုဝေဒနာတွေ ခံစားရခြင်းကြောင့် ကိုယ့်အမျိုးသမီး ရဲ့ ရုပ်ရည်ကျသွားတာ သူတို့သတိထားမိခဲ့တယ်။ ပထမဦးဆုံးအနေနဲ့ သင်လုပ်ဆောင်ရမှာက သူ့ကြောင့် ထိခိုက်နာကျင်မှုတွေရှိစေမှာ မဟုတ်ကြောင်း သေသေချာချာ ပြောပေးပြဖို့တော့ လိုအပ်ပါတယ်။ သူ့ဘက်က မျက်နှာချင်းဆိုင်မလာဘူး၊ ရင်မဆိုင်လာပါဘူးဆိုရင် နှစ်ယောက်စလုံးအတွက် စိတ်ခံစားချက်ပိုင်ဆိုင်ရာမှာ ပျက်ဆီးယိုယွင်းမှုတွေ ဖြစ်စေနိုင်ကြောင်း ထောက်ပြပြောဆိုပါ။ မိဘတစ်ဦး စဖြစ်လာတာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဘဝကို လုံးဝပြောင်းလဲစေပြီး ခြေကုန်လက်ပန်းကျစရာလည်း ကောင်းပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် ဖိအားတွေ အလွန်အကျွံမပေးပါနဲ့။ လိင်ဆက်ဆံမှုကို တဖြေးဖြေးချင်းနဲ့ ပြန်စပါ။ အလျင်စလိုတော့ မလုပ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်မှုရစေဖို့ တခြားအရာတွေ လုပ်ပါ။ နှစ်ဦးနှစ်ဖက်ဆီက စိတ်ရှည်သည်းခံမှုတွေ၊ နားလည်မှုတွေ ထားရှိဖို့ လိုအပ်တယ်။ သို့ဖြစ်ပါက အဆင်ပြေလာပါလိမ့်မယ့်။ သူ သင့်ကို စိတ်မဝင်စားတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ သူ့ ဘက်က စတင် ချဉ်းကပ်လာမှာကို မဝင့်မရဲ ဖြစ်နေလို့ပါ။

Source:mirror.co.uk
Trend Myanmar
အမေး - ကျွန်မ သားလေးမွေးတာ (၃) လတောင်ပြည့်လာနေပြီ ကျွန်မယောက်ျားက ခုထိ ကျွန်မနဲ့ လိင်ပျော် ပိုက်ဖို့ စိတ်မပါသေးပါဘူး။ မီးဖွားသည့်အချိန်မှာလည်း နာကျင်မှု ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ ကျွန်မကတော့ သူအဲဒါတွေ နားမလည်းဘူး ထင်တာပဲ။ ကျွန်မအတွက် စိတ်မကောင်းဘူးလို့သာ သူပြော နေပါတယ်။ ကျွန်မ အချက်ပေါင်းများစွာ ချုပ်ခဲ့ရတယ်။ အဲဒါကို ချဉ်းကပ်လာဖို့ သူ မဝင့်မရဲဖြစ်နေပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတာ ကျွန်မစဉ်းစားလို့ မရတာကြောင့် ဖြေကြားပေးစေချင်ပါတယ်။ 

ကော့သောင်း ခရီးသွား ၂၀ ရာခိုင်နှုန်းကျော် တက်မည်ဟု ခန့်မှန်း

မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး မြို့ဖြစ်သော ကော့သောင်းမြို့သို့ ယခင်နှစ်ထက် ခရီးသွား ၂၀ ရာခိုင် နှုန်းကျော် တက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ကော့သောင်း) က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရသေ့တောင်နှင့် ကျိုက်ထီးရိုးစေတီတော်သို့ ကေဘယ်လ်ရထားပြေးဆွဲရန် မြေယာပြင် ဆင်မှုများပြုလုပ်

ရသေ့ တောင်နှင့် ကျိုက်ထီးရိုးစေတီတော် သို့ကေဘယ်လ် ရထား ပြေးဆွဲရန် အတွက် အကြမ်းဖျင်းမြေယာ ပြင် ဆင်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

အလ္လာရှင်မြတ်သာ အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ပြင်သစ်ရဲများကို ဓားကိုင်တိုက်ခိုက်

Photo: အလ္လာရှင်မြတ်သာ အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ပြင်သစ်ရဲများကို ဓားကိုင်တိုက်ခိုက်
Monday, December 22, 2014

အလာဟုအတ်ကာ (အလ္လာအရှင်မြတ်သာ အကြီးမြတ်ဆုံး) ဟု ဟစ်ကြွေးပြီး ရဲအရာရှိသုံးဦးကို ဓားဖြင့်ထိုးသူကို ပြင်သစ်ရဲများက ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်အလယ်ပိုင်း တိုးမြို့အနီးရှိ ဂျို့လတ်တိုး ရဲစခန်းတွင် ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ခိုက်သူမှာ အခင်းဖြစ်ပွားရာ ဒေသတွင်ပင် သေဆုံးသွားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနက်က ပြောကြားသည်။

တိုက်ခိုက်သူမှာ ဓားကိုင်တိုက်ခိုက်နေစဉ် အတွင်း “အလာဟုအတ်ကာ” ဟု ဟစ်ကြွေးခဲ့ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

အကြမ်းဖက်အုပ်စုဖြင့် ပူးပေါင်းကာ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှု၊ လူသတ်ရန် ကြံစည်မှုများဖြင့် အမှုဖွင့်ထားကြောင်း ပြင်သစ်အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

“သူတစ်ယောက်တည်း ကျူးလွန်တာလား၊ အခြားအပေါင်းအပါတွေ ရှိသေးလား၊ အသိစိတ်မဲ့ပြီး လုပ်တာလား စစ်ဆေးဖို့ လိုပါတယ်” ဟု အစိုးရရှေ့နေ ဂျင်းလူ့က BFM-TV ကို ပြောကြားသည်။

ဓားကိုင်တိုက်ခိုက်သူမှာ ရာဇဝတ်မှုများ ကျူးလွန်လေ့ ရှိသဖြင့် ပြင်သစ်ရဲတပ်ဖွဲ့များက သတိထားမိပြီး ဖြစ်သော်လည်း ပြင်သစ်ထောက်လှမ်းရေး အဖွဲ့၏ စောင့်ကြည့်ရေးစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဒဏ်ရာရရှိထားသော ပြင်သစ်ရဲအရာရှိ သုံးဦးကို ဆေးရုံတင်ထားသော်လည်း အခြေအနေ စိုးရိမ်ရခြင်း မရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
အလာဟုအတ်ကာ (အလ္လာအရှင်မြတ်သာ အကြီးမြတ်ဆုံး)ဟု ဟစ်ကြွေးပြီး ရဲအရာရှိသုံးဦးကို ဓားဖြင့် ထိုးသူကို ပြင်သစ်ရဲများက ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လိုင်ဇာကိစ္စ နှစ်ဘက် ညှိနှိုင်းစည်းဝေးရန် အန်စီစီတီ တောင်းဆို

Photo: လိုင်ဇာကိစ္စ နှစ်ဘက် ညှိနှိုင်းစည်းဝေးရန် အန်စီစီတီ တောင်းဆို
Monday, December 22, 2014

လိုင်ဇာပစ်ခတ်မှုမျိုး ထပ်ပြီးမဖြစ်ပွားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးပွဲ တခုပြုလုပ်ဖို့ တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

NCCT and UPWC 22122014အန်စီစီတီနဲ့ ယူပီဒဗလျူစီ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပထမနေ့ဆွေးနွေးပွဲမှာ အန်စီစီတီ ဒုဥက္ကဋ္ဌ ၁ ဖဒိုကွယ်ထူးဝင်းက ဆွေးနွေးပွဲအဖွင့်စကားပြောကြားရာမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“လိုင်ဇာအဖြစ်အပျက်မျိုး ထပ်မံ မကြုံတွေ့ရအောင် ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်အားလုံး ပါဝင်တက်ရောက်နိုင်တဲ့ ညှိနှိုင်း အဖြေရှာတဲ့ စည်းဝေးတခု အမြန်ဆုံးပြုလုပ်ဖို့ အန်စီစီတီအနေနဲ့ တိုက်တွန်း အကြံပြုလိုက်ပြီး ဒီညှိနှိုင်းဆွေးနွေးပွဲကတဆင့် အားလုံးကို လွှမ်းခြုံတဲ့ ယန္တရားတခု ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ပထမနေ့ဆွေးနွေးပွဲကို အစိုးရဘက်က ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်တက်ရောက်ပြီး အန်စီစီတီဘက်က ဖဒိုကွယ်ထူးဝင်း ခေါင်းဆောင်တက်ရောက်နေပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာနောက်ဆုံးတွေ့ဆုံပွဲတက်ခဲ့တဲ့ အစိုးရစစ်တပ်ကိုယ်စားလှယ်ဒု ဗိုလ်ချုပ်ကြီးခင်ဇော်ဦး တက်ရောက်ခြင်း မရှိသလို အန်စီစီတီဘက်ကလည်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်တို့ မတက်ကြပါဘူး။

ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ အခုပြုလုပ်နေတဲ့ ဆွေးနွေးပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အန်စီစီတီဘက်က လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က နစ်နာသူတွေအတွက် ဘာတွေလုပ်ဆောင်ပေးမလဲဆိုတဲ့ အချက်အပါအ၀င် အချက် ၅ ချက်တောင်းဆိုထားပြီး ဒီအချက်တွေနဲ့စပ်လျဉ်းပြီး အစိုးရဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီနောက် ဒီနေ့ ရန်ကုန်ဆွေးနွေးပွဲ စစချင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အန်စီစီတီဘက်က လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

DVB
လိုင်ဇာပစ်ခတ်မှုမျိုး ထပ်ပြီးမဖြစ်ပွားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညှိနှိုင်း အစည်း အဝေးပွဲ တခုပြုလုပ်ဖို့ တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ)တို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရရန်မလွယ်

ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲဥပဒေကြမ်းတွင် ယာယီသက် သေခံလက်မှတ်(White Card)ကိုင်ဆောင်ထား သူများကို မဲ ပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်မှာ လွှတ် တော်ကော်မတီအနေဖြင့် လက်ခံ နိုင်ရန်ခဲယဉ်းကြောင်းလွှတ်တော် အသိုင်းအ၀ိုင်းမှသတင်းရရှိသည်။

အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်

Photo: အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်
Monday, December 22, 2014

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်တို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လုပ်အားခနှုန်းထား အဆိုပြုချက်နှင့် ပတ်သက်၍ အလုပ်ရှင်များ ပေးနိုင်သည့် နှုန်းထားကို အဆိုပြုရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အလုပ်သမားတစ်ဦး နေထိုင်အသက်ရှင်ရန် လိုအပ်သည့် လူမှုရေး အကာအကွယ် (Social Protection) ရရှိရေးအတွက် စစ်တမ်းများ ထွက်ပေါ်လာပါက ယင်းစစ်တမ်းပါ လိုအပ်ချက်အတိုင်း ကုန်ကျသည့် ငွေကြေးကို အလုပ်ရှင်များက အနည်းဆုံး လုပ်အားခအဖြစ် ပေးရန် သဘောတူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်သမားများကို အနည်းဆုံး လုပ်အားခအဖြစ် ကျပ်တစ်သိန်းဝန်းကျင် ပေးနိုင်သည်ဟု Asia General Electric ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်မြတ်က အဆိုပြုခဲ့သော်လည်း ဖိနပ်စက်ရုံ လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင်အချို့က ယင်းနှုန်းထားကို ၎င်းတို့ လုပ်ငန်းများအတွက် ဆိုလျှင် အဆင်မပြေနိုင်ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။

အနည်းဆုံး လုပ်အားခ သတ်မှတ်ချက်နှင့် ပတ်သက်၍ အဆိုပြုချက်များကို အလုပ်ရှင်များ အနေနှင့် ဇန်နဝါရီလတွင် တင်ပြနိုင်ကြောင်း ဦးအေးမြင့်က အလုပ်ရှင် ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်။

သို့သော်လည်း ယင်းတွေ့ဆုံပွဲတွင် ပုံမှန်အလုပ်ချိန် ရှစ်နာရီကိုသာ အခြေခံကာ အနည်းဆုံး လုပ်အားခကို သတ်မှတ်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး လုပ်အားခများကို သတ်မှတ်ရန် အလုပ်ရှင် ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ဝန်ကြီးဌာနနှင့် အလုပ်သမား အဖွဲ့အစည်းချုပ် ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ဆုံရာတွင်မူ အနည်းဆုံး လုပ်အားခကို တစ်ရက်လျှင် အနည်းဆုံး ကျပ်သုံးထောင် ဝန်းကျင်မှ အမြင့်ဆုံး ခုနစ်ထောင် ဝန်းကျင်အထိ အလုပ်သမားများက အဆိုပြုခဲ့ကြကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို အခြေခံကာ အိမ်ထောင်စုများ၏ နေထိုင်စားသုံးမှု ကုန်ကျစရိတ် စစ်တမ်းများ အပါအဝင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် လိုအပ်သည့် စစ်တမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း အပြီးကောက်မည် ဖြစ်ကြောင်း ဦးအေးမြင့်က ပြောဆိုထားသည်။

အလုပ်ရှင်၊ အလုပ်သမားများနှင့် ညှိနှိုင်းကာ ၎င်းတို့ အဆိုပြုသည့် လုပ်အားခ နှုန်းထားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက အမျိုးသားကော်မတီထံသို့ ယင်းနှစ်အတွင်း တင်ပြရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင် ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

ပျော်ရွှင်စရာ ခရစ်စမတ် ပွဲတော်ကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား

Photo: ပျော်ရွှင်စရာ ခရစ်စမတ် ပွဲတော်ကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား
Monday, December 22, 2014

ကချင်ပြည်နယ် အတွင်း မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ အကြား တင်းမာ နေသည့် စစ်ရေး ပဋိပက္ခ အခြေအနေ များကြောင့် လာမည့် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ်စမတ် ပွဲတော်ကို ကြီးကြီး ကျယ်ကျယ် ကျင်းပခြင်း မပြု ရန်နှင့် စစ်ရေး သတိဖြင့် ကျင်းပရန် ညွှန်ကြား ထားသည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“အဲဒီ ညွှန်ကြား ချက်က ကျွန်တော်တို့ KIO ထိန်းချုပ် နယ်မြေ အတွက်ဘဲ။ လွန်ခဲ့တဲ့ လရဲ့ အတွေ့ အကြုံ အရ လူစု လူဝေးနဲ့ ပွဲလမ်း သဘင်တွေ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်တဲ့ အခါမှာ အစိုးရ တပ်ဘက်က မထင် မှတ်ဘဲ လက်နက် ကြီးနဲ့ ပစ်ခတ်မယ် ဆိုရင် ထိခိုက်မှုတွေ နစ်နာ မှုတွေ ရှိလာ နိုင်မယ်။ ဒါကြောင့်မို့ ကျေးရွာတွေ ဒုက္ခသည် စခန်း တွေမှာ ပျော်ပွဲ ရွှင်ပွဲ တွေကို ကျယ်ကျယ် ပြန့်ပြန့် မလုပ်ဖို့ ညွှန်ကြား မှုတော့ ရှိတယ်” ဟု ဦးလာနန်မှ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာ စစ်တပ်မှ လက်နက်ကြီး များနှင့် ပစ်ခတ် မှုကြောင့် ကေအိုင်အိုစစ်သင် တန်းကျောင်းမှ ဗိုလ်လောင်း (၂၃) ဦး သေဆုံး ခဲ့ပြီး (၂၀) ဦး ဒဏ်ရာ ရရှိ ခဲ့သည့် ဖြစ်စဉ် များကြောင့် စစ်ရေး သတိနှင့် ခရစ်စမတ် ပွဲတော်အား ကျင်းပရန် ကေအိုင်အိုမှ ညွှန်ကြား ထားခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုသည်။

ပုံမှန် အားဖြင့်မူ နှစ်စဉ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ် စမတ် ပွဲတော်အား ကမ္ဘာနှင့် အဝှမ်း၌ ပျော်ရွှင်စွာ ကျင်းပ နိုင်ရေး မျှော်လင့် စောင့်စားလေ့ ရှိသော်လည်း ကချင် ပြည်နယ်တွင် KIO နှင့် မြန်မာ တပ်မတော် တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စစ်ရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ကြပြီး နောက်ပိုင်း၌ ခရစ်စမတ်ပွဲ ကျင်းပမှု အားနည်း လာသည်ဟု မြစ်ဆုံ ဒေသခံ တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“ကျွန်မတို့ မြစ်ဆုံ ဘက်မှာ ရွှေ့ပြောင်း ခံရတဲ့ ရွာတွေပေါ့ ခရစ်စမတ်ပွဲ မလုပ်တာ (၃) နှစ်ရှိပြီ။ ဒုက္ခသည် စခန်း မှာလဲ လုပ်တာ နည်းလာတယ်။ ပြီးခဲ့တဲ့ (၂၀၁၂) က မိုင်ဂျာယန် ဘက်မှာလေ။ စစ်မြေပြင်နဲ့ နီးတယ် ဆိုတော့ ဗုံးသံ၊ သေနတ်သံတွေ ကြောင့် ကြောက်လန့် နေရတယ်။ ဒါကြောင့် တိုက်ပွဲ ဖြစ်လာပြီး နောက်ပိုင်းမှာ ခရစ်စမတ်ပွဲ ကျင်းပမှု အားနည်း လာတယ်” ဟု အမည် မဖော်လိုသည့် မြစ်ဆုံ ဒေသမှ ဒေသခံ တဦးက ရွှေဟင်္သာသတင်းဌာနအား ပြောသည်။

ကချင်ပြည်နယ် အတွင်း၌ အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား စစ်ရေး အရလည်း ဆက်လက် တင်းမာမှု ရှိနေသလို မြန်မာ စစ်တပ်မှ အင်အား တိုးချဲ့ မှုများ ဆက်ရှိ လာနေသဖြင့် ဒေသခံ များမှ တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာမည်ကို စိုးရိမ် နေကြလျက် ရှိကြောင်း ယင်းမြစ်ဆုံ ဒေသခံက ဆက်ပြောသည်။

သို့သော်လည်း ယင်းထုတ်ပြန် ချက်မှာ စိုးရိမ် စိတ်ကို အခြေခံ၍ ထုတ်ပြန်ချက်သာ ဖြစ်ကြောင်း  မြန်မာ့ တပ်မတော်မှ အမည်မဖော် လိုသည့် အငြိမ်းစား ဗိုလ်ကြီး တစ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောဆိုသည်။

“သူတို့ (KIA) က ခလရ ၂၁၅ နဲ့ ၂၁၃ ကို ဝိုင်းတိုက် ထားတာကိုး ၊ အဲဒါ ဆိုတော့ တစ်ဖက်က ကျွှန်တော်တို့ တပ်မတော်က အခွင့် အရေး ရရင် ပြန်တိုက် မှာလို့ တွေးပြီး စိုးရိမ် တာလည်း ဖြစ်မယ်၊ တစ်ဖက်က ပြန်ကြည့်ရင် ပွဲတော် ရက်တွေမှာ စစ်ရေး သတိ ရှိဖို့ ထုတ်ပြန် တာတော့ စစ်တပ် အတွက် အထူး အဆန်းတော့ မဟုတ်ပါဘူး” ဟု အမည် မဖော် လိုသည့် အငြိမ်းစား ဗိုလ်ကြီး တဦးက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့က ပြောကြား ခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဘက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၅) ရက်နေ့ အထိ မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA), တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA), တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA ကိုးကန့် အဖွဲ့ တို့နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။

ယခု ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်တို့ အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများ လျော့ချ နိုင်ရေး အတွက် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ရေးအတွက် ယနေ့ ဒီဇင်ဘာ (၂၂) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး နေကြလျက် ရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း၌ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပေါ်ပေါက်လာရန် ကြိုးပမ်း သွားမည်ဟု ရည်ရွယ် ထားကြောင်းလည်း တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကကာက ယခုလ အတွင်း ရွှေဟင်္သာ သတင်းဌာန၏ မေးမြန်းချက် တစ်ခု၌ ထုတ်ဖော် ပြောကြား ထားသည်။

ရွှေဟင်္သာသတင်းဌာန

KIO ထိန်းချုပ် နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ် ပွဲတော် အတွက် မီးဆိုင်းများဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ် KIO ထိန်းချုပ် နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ် ပွဲတော် အတွက် မီးဆိုင်းများဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ် ဓါတ်ပုံ - (Jade Land Kachin)
KIO ထိန်းချုပ်နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ်ပွဲတော်အတွက် မီးဆိုင်းများဖြင့် အလှဆင်ထား သည်ကိုတွေ့ရစဉ် KIO ထိန်းချုပ် နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ် ပွဲတော် အတွက် မီးဆိုင်းများဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ် ဓါတ်ပုံ - (Jade Land Kachin) 
ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အကြား တင်းမာနေသည့် စစ်ရေးပဋိပက္ခအခြေအနေများကြောင့် လာမည့်ဒီဇင်ဘာ(၂၅)ရက်နေ့တွင်ကျရောက်မည့် ခရစ်စမတ် ပွဲ တော်ကို ကြီးကြီးကျယ်ကျယ်ကျင်းပခြင်းမပြုရန်နှင့် စစ်ရေးသတိဖြင့်ကျင်းပရန် ညွှန်ကြားထားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ရွှေဟင်္သာသတင်းဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးလက်နက်နှင့်အလင်းဝင်

Photo: ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးလက်နက်နှင့်အလင်းဝင်
Monday, December 22, 2014

၂ဝ၁၁ ခုနှစ် ဧပြီလတွင် မောင်ကျော်ဇင်(ခ) ဆွတ်ငိုင်နှင့် အပေါင်းအပါတစ်စုသည်ဖားကန့်မြို့ လုံးခင်းကျေးရွာအနီး ကျောက်တူး နေစဉ် KIA ၏ လူသစ်စုဆောင်း ခြင်းကိုခံခဲ့ရကြောင်း၊ KIA တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ရာ KIA ၏ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ဒီဇင်ဘာ၁၆ ရက်တွင် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာနှင့် မိုင် ၂ဝခန့်ဝေးသော ပန်းတောင်စခန်းမှ တာလောကြီး ပြည်သူ့စစ်နှင့် ခလရ(၈၇)တပ်ရင်း သို့ လက်နက်နှင့် အလင်းဝင် ရောက်ခဲ့ကြောင်းသိရသည်။မောင်ကျော်ဇင်(၂၁)နှစ်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ဖားကန့် တက်ပြီးကျောက်တူးနေစဉ် KIA ဘက်မှလက်နက်ကိုယ်စီနှင့်ရောက် လာပြီး ဖမ်းဆီးခြင်းခံရသည်ဟုပြော သည်။ ''နောက်ပိုင်းမှာ လိုင်ဇာကို ပို့ပြီးစစ်သင်တန်းပေးတယ်။ ရှေ့ တန်းထွက်ခိုင်းပြီး တပ်မတော်စစ် ကြောင်းတွေနဲ့ စစ်တိုက်ခဲ့ရတယ်။ KIA လူကြီးတွေကမတိုက်ရင် သူ တို့က သတ်ပစ်မယ်လို့ပြောတော့ မတိုက်ချင်ဘဲတိုက်ခိုက်ခဲ့ရတာလို့ သူက ပြောတယ်။ ဒီလိုနဲ့သူ့ကို ဒုတပ်ကြပ်ရာထူးတိုးပေးခဲ့တယ်။ သူပြောတာတော့ သူတို့ KIA စခန်း မှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ပဲ သူတို့သွားလာလှုပ်ရှားနေရတယ် ပေါ့။ နောက်ပြီး လူမျိုးရေးခွဲခြား ဆက်ဆံခြင်းလဲခံရတယ်။ သူ့ကို တာလောကြီးနဲ့ မိုင် ၂ဝလောက် ဝေးတဲ့ ပန်းတောင်စခန်းကို သွား ရောက်တာဝန်ထမ်းဆောင်ခိုင်း တယ်။ စခန်းမှာ အရမ်းပင်ပန်း ဆင်းရဲပြီး စစ်မတိုက်ချင်တဲ့အတွက် အလင်းဝင်ရောက်ရန် မိမိကိုယ် တိုင် ဆုံးဖြတ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာခြေကျင်ထွက် လာခဲ့တယ်။ လမ်းမှာတာလောကြီး က ရွာသားတစ်ဦးနှင့်တွေ့ပြီးအကူ အညီတောင်းခံခဲ့တယ်။ အဲဒီ ရွာ သားရဲ့အကူအညီနဲ့ပဲ တာလောကြီး ပြည်သူ့စစ်နဲ့ ခလရ(၈၇)တပ်ကို ဆက်သွယ်ပြီး ညနေ ၅ နာရီခွဲ လောက်မှာ အလင်းဝင်ရောက်ခဲ့ တယ်''ဟု တာလောကြီးကျေးရွာမှ ဦးဆန်းဝေက ပြောပြခဲ့သည်။အဆိုပါ မောင်ကျော်ဇင် (ခ) ဆွတ်ငိုင်အလင်းဝင်ရောက်ရာတွင် KIA ယူနီဖောင်းတစ်စုံ၊ ဗုံးပစ်သေ နတ်တစ်လက်၊ ဗုံးသီးတပ်အီနာဂါ ရှစ်လုံးနှင့် ပို့ကျည်ကိုးထောင့်ပါ ဝင်ခဲ့သည်။ ၄င်းအားအစိုးရအဖွဲ့၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင် ပြည်နယ်)နှင့် သက်ဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်များက မိဘဆွေမျိုးများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် လိုအပ်သောပံ့ပိုးကူညီမှုများဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်တွင် (၁၇)နှစ် ကြာ အပစ်အခတ်ရပ်စဲ သဘော တူညီမှုမှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် က ပျက်စီးခဲ့ပြီး နှစ်ဖက်တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့သည်။

The Union Daily
၂ဝ၁၁ ခုနှစ် ဧပြီလတွင် မောင်ကျော်ဇင်(ခ) ဆွတ်ငိုင်နှင့် အပေါင်းအပါတစ်စုသည်ဖားကန့်မြို့ လုံးခင်း ကျေးရွာအနီး ကျောက်တူး နေစဉ် KIA ၏ လူသစ်စုဆောင်း ခြင်းကိုခံခဲ့ရကြောင်း၊ KIA တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ရာ KIA ၏ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ဒီဇင်ဘာ၁၆ ရက်တွင် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာနှင့် မိုင် ၂ဝခန့်ဝေးသော ပန်းတောင်စခန်းမှ တာလောကြီး ပြည်သူ့စစ်နှင့် ခလရ(၈၇)တပ်ရင်း သို့ လက်နက်နှင့် အလင်းဝင် ရောက်ခဲ့ကြောင်းသိရသည်။

အမေရိကန်၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် နျူကလီးယား စွမ်းရည်တိုးမြှင့် သွားရမည်ဟု မြောက်ကိုရီးယားက ပြော

Photo: အမေရိကန်၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် နျူကလီးယား စွမ်းရည်တိုးမြှင့် သွားရမည်ဟု မြောက်ကိုရီးယားက ပြော
Monday, December 22, 2014

ဒီမိုကရက်တစ် ကိုရီးယားပြည် သူ့သမ္မတနိုင်ငံ (DPRK) မြောက် ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်း ဆွယ်၌ နျူကလီးယားကင်းမဲ့ရမည် ဆိုသည့်အချက်မှာ ''အဓိပ္ပာယ်မရှိ ကြောင်း''၊ အမေရိကန်ပြည်ထောင် စု၏ ရန်လိုသောမူဝါဒကြောင့် နိုင်ငံ ၏ ကာကွယ်ရေး စွမ်းရည်အားလုံး နျူကလီးယားစွမ်းရည် အပါအဝင်ကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့က မြောက် ကိုရီးယား၏ လူ့အခွင့်အရေးမှတ် တမ်းအား နိုင်ငံတကာရာဇဝတ်မှု ခုံရုံးသို့ တင်သွားရန် ကုလသမဂ္ဂ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ် ခဲ့သည်။ ဤအဆိုအား ဥရောပသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့က ပူးတွဲတင်သွင်း ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ဤလူ့အခွင့် အရေး ''ဒုံးပျံ''ကို အမေရိကပစ်ခွင်း ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ ဤကိစ္စမှာ အန္တရာယ်များသော နိုင်ငံ ရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ချက်ဖြစ်ပြီး DPRK အား ကျူးကျော် ခြင်းတစ်ရပ်သာဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အချက်သုံးချက်ပါ ထုတ်ပြန်ကြေညာချက်တွင် ကုလသ မဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ် လိုက်သော လူ့အခွင့်အရေးဆုံးဖြတ် ချက်ကို ပယ်ချကြောင်း၊ မြောက်ကို ရီးယား၏ အမှန်တကယ် လူ့အခွင့် အရေး အခြေအနေနှင့် မကိုက်ညီ ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် ၂ဝဝ၅ ခုနှစ်က ပေကျင်း၌ခြောက် ပါတီ အစည်းအဝေး၌ အမေရိကန် နှင့် DPRK ရေးထိုးခဲ့သည့် သဘော တူညီချက်မှာလည်း ပျက်ပြယ်ကြောင်း၊ ထိုသဘောတူညီချက်နှင့် နှစ်နိုင်ငံ အကြား အပြန်အလှန်လေးစားရေး နှင့် အချုပ်အခြာအာဏာကို အသိ အမှတ်ပြုရေး ပါဝင်သည်။

ကိုရီးယားကျွန်းဆွယ်နျူကလီး ယား ကင်းမဲ့ရမည်ဆိုသည့်အချက် မှာလည်း ပျက်ပြယ်ကြောင်း၊ အမေ ရိကန်၏ ကျူးကျော်ရန်လိုသော အ ပြုအမူကြောင့် ဖြစ်ကြောင်း၊ လူ့အ ခွင့်အရေးကို အကြောင်းပြ၍ လုပ် ဆောင်မှုက ထင်ရှားနေကြောင်း ဖော်ပြခဲ့သည်။ DPRK လူထုနှင့် စစ်တပ်က လူ့အခွင့်အရေး ''ဒုံးပျံ'' ကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ မမျှော်မှန်းနိုင်သော တန်ပြန်မှုကို ခံရလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆိုရှယ်လစ်စနစ်ကို စွဲမြဲစွာကာကွယ် သွားမည်ဟုဖော်ပြခဲ့သည်။

Xinhua
Democracytoday
ဒီမိုကရက်တစ် ကိုရီးယားပြည် သူ့သမ္မတနိုင်ငံ (DPRK) မြောက် ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်း ဆွယ်၌ နျူကလီးယားကင်းမဲ့ရမည် ဆိုသည့်အချက်မှာ ''အဓိပ္ပာယ်မရှိ ကြောင်း''၊ အမေရိကန်ပြည်ထောင် စု၏ ရန်လိုသောမူဝါဒကြောင့် နိုင်ငံ ၏ ကာကွယ်ရေး စွမ်းရည်အားလုံး နျူကလီးယားစွမ်းရည် အပါအဝင်ကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ဦးနှောက် သေနေသည့် အမျိုးသမီး၏ ကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွား ပေးနိုင်ခဲ့

အီတလီနိုင်ငံ မီလန်မြို့မှ ဆရာဝန်များသည် ဦးနှောက်သေနေသည့် အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျဆုံးဗိုလ်လောင်း (၂၃)ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေးအက်ကြောင်းသံလား ?

Photo: ကျဆုံးဗိုလ်လောင်း (၂၃)ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေးအက်ကြောင်းသံလား ?
Monday, December 22, 2014

လွန်ခဲ့တဲ့ တစ်လခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတာကို တစ်လပြည့် အောက်မေ့သတိရလွမ်းဆွတ်ခြင်း အထိမ်းအမှတ်ပြုလုပ်နေကြတာ တွေ့ပါတယ်။ ဆိုင်းဘုတ်ထောင်၊ ပန်းခြင်းချ အစီအစဉ်တွေနဲ့ မြစ်ကြီးနားမြို့ မနောကွင်းမှာ လုပ်ကြတာပါ။

အဲဒီပွဲကို အစိုးရအဖွဲ့မှ ကချင်ရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီကို ခေါ်ယူတွေ့ဆုံပြီး ဆိုင်းဘုတ်ဖြုတ်သိမ်းခိုင်းကြောင်းနဲ့ နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်ပြုချက်တောင်းဖို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲကို ကျင်းပတာဟာ ကျဆုံးသူဗိုလ်လောင်းတွေကို အောက်မေ့သတိရခြင်းထက် အခြားသော အရောင်တွေ ပါနေတယ်လို့ပဲ မြင်မိပါတယ်။

ကျွန်တော်လည်း ကချင်ပါပဲ။ အဲဒီ ဗိုလ်လောင်း ၂၃ ယောက်ထဲမှာ ကိုယ့်ကချင်လူမျိုးမပါတဲ့အတွက် စိတ်ထိခိုက်စရာ အကြောင်း မရှိပါဘူး။ ကိုယ်ချင်းတော့ စာတာပေါ့လေ။ ကျွန်တော်တို့ ကိုယ်စီမှာလည်း ဘိုးဘွားမိဘတွေ သေဆုံး သွားတယ်။ ဒါပေမယ့် သူတို့ သေဆုံးတဲ့ တစ်လပြည့်၊ ၆ လပြည့်၊ တစ်နှစ်ပြည်တဲ့နေ့တွေမှာ ဘုရားကျောင်းသွားပြီး ဆုတောင်းပေး တယ်။ ဒါဟာ သွားလေသူတွေအတွက် အင်မတန်ထိရောက်တဲ့ကောင်းမှုပါ။ အခုလိုမျိုး ဆိုင်းဘုတ် ထောင်ပြီး ဆုတောင်းပွဲ လုပ်တာကတော့ သာမန်လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲနဲ့ သွေးထိုးလှုံ့ဆော်ချင်တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒီကချင်မြေမှာ ဗိုလ်လောင်း ၂၃ ဦးပဲ သေခဲ့တာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အစိုးရတပ်က စစ်သားတွေရော KIA ဘက်က စစ်သားတွေပါ ရာထောင်ချီသေခဲ့ကြရတာပါ။ အဲဒီ လူတွေကိုတော့ အောက်မေ့သတိမရ ကြဘူးလား။ ထားလိုက်ပါ အစိုးရတပ်က စစ်သားတွေကို မအောက်မေ့ချင်ဘူးဆိုလည်း ရတယ်။ ဒါပေမယ့် KIA ထဲက ကျဆုံး အရာရှိ၊ စစ်သည်တွေကိုတော့ အောက်မေ့သတိရ ဆုတောင်းပွဲတွေ တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် စသဖြင့် လုပ်ကြရမှာပေါ့။

အခုပွဲဟာ အစိုးရတပ်နဲ့ KIA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အမုန်းမီးတွေ ထပ်ပြီးတောက်လောင် အောင် လုပ်တာလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေး မရသေးတဲ့ကာလမှာ ထိလွယ်ရှလွယ်တဲ့ အခြေအနေတွေ မဖန်တီးကြ ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အလုပ်မရှိရင်လည်း ငြိမ်ငြိမ်သက်သက် ထိုင်နေကြပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကို ထပ်ပြီး မဖိတ်ခေါ်ကြပါတော့နဲ့လား။ ကျဆုံးဗိုလ်လောင်း ၂၃ ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေး အက်ကြောင်းသံလားဆိုတာ စိုးရိမ်ပူပန်မိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဇော်ဆိုင်း
Credit to KDN
လွန်ခဲ့တဲ့ တစ်လခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတာကို တစ်လပြည့် အောက်မေ့သတိရလွမ်းဆွတ်ခြင်း အထိမ်း အမှတ်ပြုလုပ်နေကြတာ တွေ့ပါတယ်။ ဆိုင်းဘုတ်ထောင်၊ ပန်းခြင်းချ အစီအစဉ်တွေနဲ့ မြစ်ကြီးနားမြို့ မနော ကွင်းမှာ လုပ်ကြတာပါ။

စည်ပင်ရွေးကောက်ပွဲ ဘက်လိုက်သည်ဟု အမတ်လောင်းများဝေဖန်

Photo: စည်ပင်ရွေးကောက်ပွဲ ဘက်လိုက်သည်ဟု အမတ်လောင်းများဝေဖန်
Monday, December 22, 2014

နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်အချိန်အထိ မဲပေးခွင့်ရှိသူ များစာရင်း အသေးစိတ် ကို ရေရာစွာမသိရှိရခြင်း၊ ဆိုင်းဘုတ်ထောင် မဲဆွယ်စည်းရုံးခွင့်ပြုရာတွင် ဘက် လိုက်ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ကိုယ်စားလှယ်လောင်း တချို့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မြို့တော်ကော်မတီဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ယဉ်ဝင်းက “အိမ်ထောင်စု ဘယ်နှစုက ဘယ်သူတွေ မဲပေးမှာလဲဆိုတာကို သိချင်လို့ ကျွန်မ မန်နေဂျာကို ကော်မရှင်ဆီ သွားစုံစမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ကော်မရှင်က ထုတ်ပြန်ဖို့ ငြင်းလိုက်ပါ တယ် ” ဟုဆိုသည်

၎င်းယှဉ်ပြိုင်မည့် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ငါးသိန်းဝန်းကျင်ခန့်ရှိပြီး မဲပေးနိုင်သူ ခုနစ်သောင်း ခန့်ရှိသည်ဟုသာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အ လက်များ မရရှိဟု ပြောသည်။

စည်ပင်သာယာရွေးကောက်ပွဲ နည်းဥပဒေများအရ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်မရှိဘဲ သန်းခေါင်စာရင်း တစ်ခုလျှင် တစ်ဦးတည်းသာ မဲပေးနိုင်မည့်။

အခြေအနေသည် နိုင်ငံသားအခွင့်အရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်နေသည်ဟု စည်ပင်ရွေးကောက်ပွဲ လေ့လာသူ ဦးအောင်ထွန်းက ပြောသည်။

ထိုအခြေအနေများကြောင့် အမျိုးသမီးများနှင့်လူငယ်များ၏ အခွင့်အရေးလည်း ဆုံးရှုံးနိုင်ပြီး ရွေးကောက်ပွဲ ကိုကြီးကြပ်မည့် ကော်မရှင်၌လည်း မဲစာရင်းကဲ့သို့သောကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိဟု ကိုယ်စား လှယ်လောင်းတချို့က ဝေဖန်သည်။

မြောက်ဥက်္ကလာပမြို့နယ်၊ မြို့နယ် ကော်မတီအဖွဲ့ဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးအေးမော်က ကော်မရှင်က မဲစာရင်းကို တိကျစွာမထုတ်ပြန်ခြင်းသည် မသမာမှုများကိုကြိုတင်ပြုလုပ်ရန် ကြံစည်မှု တစ်ခုသဖွယ် ဖြစ်နေသည်ဟု သုံးသပ်သည်။

“ကျွန်မကို ထောက်ခံမဲပေးကြမယ့်သူတွေကို မဲပေးနိုင်သူစာရင်းမှာ ချန်ထားပါတယ်။ အမည်နှစ်ခါထပ် စာရင်းတွေ၊ သေဆုံး သူတွေ၊ နိုင်ငံခြားခရီးသွားနေသူတွေ၊ ဘုန်းကြီးဝတ်နေသူတွေ စာရင်းကိုတော့ထည့် သွင်းထားပါတယ်” ဟု ၎င်းက ပြောသည်။ ယင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကိုလည်း ဒီဇင် ဘာ ၂၃ ရက်၌ ပြုလုပ်ရန် စီစဉ်နေသည်ဟု ဒေါ်အေးအေးမော်က ဆိုသည်။

အနောက်ပိုင်းခရိုင်မှ မြို့တော်ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးဝင်းချိုကလည်း ယင်းသို့ပင် ကြံစည်ထားပြီး ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းပြုစု ထုတ်ပြန်ခြင်း၊ မဲဆွယ်စည်းရုံးမှုများတွင် မတရားမှုများ ယခုထက်ပိုမို လွန်ကဲလာပါက မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုမည်ဟု ပြောသည်။

ထို့ပြင် မဲဆွယ်စည်းရုံးရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်(ဘေလ်ဘုတ်)ထောင် ခွင့်ပြုရာတွင် ဘက်လိုက်မှု များရှိသည်ဟုလည်း ကိုယ်စားလှယ်လောင်း တချို့က ထုတ်ပြောကြသည်။ “ဆိုင်းဘုတ်တွေကို သင်္ဃန်း ကျွန်းဘက် လမ်းမကြီးဘေးတွေကဟာတွေ လိုက်ဖြုတ်တယ်၊ ကျွန်တော်တို့က ပြည်သူတွေ သိအောင် သတင်းတော့ပေးရပါမယ်၊ လိုက်ဖြုတ်တဲ့မြို့နယ်တွေက ဖြုတ်တယ် မဖြုတ်တဲ့ သူတွေကကျတော့ မဖြုတ်ဘူး ဖြစ်နေတယ်” ဟု အနောက်ပိုင်းခရိုင်မှ မြို့တော်ကော်မတီဝင်အဖြစ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

စည်ပင် ကိုယ်စားလှယ်လောင်းများကိုမြို့တွင်း (Down Town) ဧရိယာအတွင်း မြေစိုက်ပိုစတာများ စိုက်ထူခွင့် စည်ပင်က တားမြစ်ထားသော် လည်း တချို့ကစိုက်ထူထားသည်ဟု ဝေဖန်ခြင်း ဖြစ်သည်။

ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းဆုံရာ မီးပွိုင့်ထောင့် အဆောက် အအုံတွင် ကြော်ငြာ ဆိုင်းဘုတ်(အကြီး)ဖြင့် အနောက်ပိုင်းခရိုင် မြို့တော်ကော်မတီဝင်ရာထူးအတွက် မဲ ဆွယ်ထားသူ အငြိမ်းစားစစ်သံမှူးဟောင်း ဦးစိုးဌေးကမူ အခြားသူ များပြောသကဲ့သို့ အခွင့်အရေးမတူခြင်း မဟုတ်ဟု ဆိုသည်။

“ကျွန်တော် ကျောက်တံတားမှာထောင်ထားတာက အခကြေးငွေပေးရတဲ့ ကြော်ငြာနေရာကို ထောင်ထားတာ၊ ဒီအတွက်တော့ ဖြုတ်ပေး ပါလို့တော့ မပြောသေးဘူး၊ အဲဒီလိုထောင်ရင်တော့ ခွင့်ပြုပါတယ်။ အများပိုင်နေရာမှာ ဗီနိုင်းပိုစတာတွေ ကပ်လို့မရတာပါ၊ ကျွန်တော့် အနေနဲ့တော့ ခွဲခြားတယ် မထင်ပါ ဘူး”ဟု ၎င်းကပြောသည်။

အနောက်ပိုင်းခရိုင်ကပင် ဦးစိုးဌေးနှင့် အတူဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသက်ထွန်းကမူ ယင်းသို့လုပ်ဆောင်ခြင်းမှာလည်း ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်၏ တားမြစ်ချက်နှင့် ကိုက်ညီမှု မရှိဟု သုံးသပ်သည်။

“နောက်ပိုင်း အနိုင်ရရင်တောင် ဒါနဲ့ ကန့်ကွက်တာတွေ လုပ်ရင်လုပ်လာနိုင်၊ လိုက်ဖြုတ်တယ်ဆိုပေမယ့် မြို့နယ်တွေ တော်တော်များများမှာ တွေ့နေပါတယ်၊ အဲဒီတော့ စည်ပင်က ကိုယ်စားလှယ်တွေ အပေါ် တစ် သတ်မတ်တည်း မရှိဘူးလို့ ဆိုလို့ရတယ်” ဟု ဦးသက်ထွန်းက ပြောသည်။

ရန်ကုန်မြို့တော်ဝန်ကမူ ပိုစတာ၊ ဆိုင်းဘုတ်များထောင်၍ မဲဆွယ်ခြင်းကို ခွင့်မပြုဟု ပြီးခဲ့သောရက် သတ္တပတ်အတွင်း မြို့တော် ခန်းမတွင် ပြုလုပ်သော အစည်းအဝေး၌ မီဒီယာများကို ထုတ်ဖော်ပြောဆို ထားသည်။ စည်ပင်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ယင်းနှင့်စပ်လျဉ်း ၍ မေးမြန်းရန်ကြိုးပမ်းရာ၌မူ ဆက်သွယ် နိုင်ခြင်းမရှိခဲ့ပေ။

“တချို့သိလျက်နဲ့မသိသလိုလုပ်နေ တာတွေရှိတယ်၊ မြို့နယ်အလိုက် ခွဲခြားမှုရှိ တယ်၊ အဲဒါက ကော်မရှင် က မဲဆွယ်မှုနဲ့ ပက်သက်ပြီး တိတိကျကျ ထုတ်ပြန်ချက်တွေမရှိလို့ပဲ”ဟု အနောက်ပိုင်းခရိုင် မြို့တော် ကော် မတီဝင်ရာထူးကို ယှဉ်ပြိုင်မည့် ဦးခင်လှိုင်(ဇောတိက) က ပြောသည်။

စည်ပင်ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ထားသော စည်းမျဉ်းဥပဒေများအရ ယင်းသို့သော အငြင်းပွားမှုများ ကို တိုင်တန်းရန် ကိုယ်စားလှယ်လောင်းတို့ အခက်တွေ့ဖွယ်ရှိသည်ဟု လေ့လာသူ ဦးအောင်ထွန်းက သုံး သပ်သည်။ ထုတ်ပြန်ထားသော ဥပဒေအရ တိုင်တန်းလိုသူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းပေးသွင်း ရမည် ဖြစ်ပြီး စစ်ဆေးမှုပြီးစီး၍ ရှုံးသည်ဖြစ်စေ၊ နိုင်သည် ဖြစ်စေ ပြန်လည်ထုတ်ယူ၍ မရခြင်းသည် အဟန့်အ တားဖြစ်မည်ဟု သုံးသပ်သည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ကျင်းပမည်ဖြစ်ပြီးမြို့ တော်ကော်မတီဝင် လေးနေ ရာ၊ ခရိုင်အဆင့် ၁၂ နေရာ၊ မြို့နယ်အဆင့် ၉၉ နေရာတို့ရွေးချယ်ရမည်ဖြစ်သည်။ မြို့တော်ကော်မတီဝင် နေရာကို ၄၀ ဦး၊ ခရိုင်ကော် မတီဝင်ရာထူးအတွက် ၄၂ ဦး၊ မြို့နယ်ကော်မတီဝင် ရာထူးအတွက် ၂၁၁ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ မဲပေးသူများသည် မြို့တော်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ တစ်ဦး၊ မြို့နယ်နှင့် ခရိုင်စည်ပင် သာယာရေးကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်မည့်သူ သုံးဦးစီ စုစုပေါင်း ခုနစ်ဦးကို ရွေးချယ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန်က ဆိုင်းဘုတ်ထောင် မဲဆွယ်ခွင့်မပြုဟုဆိုသော်လည်း တချို့ကိုမူ လျစ်လျူရှု ထားသည်ဟု စည်ပင်သာယာ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူတချို့က ဝေဖန်ကြသည်။

Mizzima - News in Burmese

ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်တွင် မြို့တော်စည်ပင် ကော်မတီ ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် စိုက်ထူထားသောပိုစတာ တစ်ခုကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်တွင် မြို့တော်စည်ပင် ကော်မတီ ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် စိုက်ထူထားသောပိုစတာ တစ်ခုကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) 
နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်အချိန်အထိ မဲပေးခွင့်ရှိသူ များစာရင်း အသေးစိတ် ကို ရေရာစွာမသိရှိရခြင်း၊ ဆိုင်းဘုတ်ထောင် မဲဆွယ်စည်းရုံးခွင့်ပြုရာတွင် ဘက် လိုက်ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ကိုယ်စားလှယ်လောင်း တချို့က ပြောသည်။

အရှေ့လေပြင်းများကြောင့် လှိုင်းကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် လုပ်ကိုင်နေသော ငါးဖမ်းလှေများ အန္တရာယ်ရှိ

မုတ်သုံကုန်ဆုံးချိန်တွင် အရှေ့လေပြင်းများ အားကောင်းစွာ တိုက်ခတ်နိုင်သဖြင့် မြန်မာ့ကမ်းရိုးတန်း ဒေသ များရှိ ငါးဖမ်းလှေများအတွက် အန္တရာယ်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦး က ပြောသည်။

အိုင်အက်စ် သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကြော ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိုးဖောက်တိုက်ခိုက်

Photo: အိုင်အက်စ် သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကြော ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိုးဖောက်တိုက်ခိုက်
Monday, December 22, 2014

အိုင်အက်စ်အကြမ်းဖက်တွေ လနဲ့ချီ သိမ်းပိုက်ထားတဲ့ ဆင်ဂျာတောင်ကြောကို ပြီးခဲ့တဲ့ ၁ ပတ်က အီရတ်ကာဒ့်တပ်ဖွဲ့ဝင်တွေက ထိုးဖောက်နိုင်ခဲ့ပြီး ဗျူဟာကျတဲ့ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကြီးကျယ်တဲ့လေကြောင်းပစ်ကူမှုတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ဆင်ဂျာတောင်ကြောဒေသကို စထိုးတာပါ။

အချိန်တိုအတွင်း တောင်ကြောကို ထိုးဖောက်လိုက်နိုင်ပြီး လနဲ့ ချီပြီး ပိတ်မိနေခဲ့တဲ့ ရာဇစ်ဒီဘာသာဝင်လူနည်းစုတွေကို လွှတ်မြောက်စေခဲ့ပါတယ်။

အခုနှစ်လယ်ပိုင်းက ဆင်ဂျာတောင်ကြောကို အိုင်အက်စ်တွေ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ရာဇစ်ဒီလူနည်းစုတွေ ထောင်နဲ့ ချီပြီး သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရပါတယ်။

မနေ့ကတော့ ဆင်ဂျာတောင်ရဲ့ မြောက်ဖက်ပိုင်းက နယ်မြေတွေကို ကာဒ့်တပ်ဖွဲ့ဝင်တွေ ဆက်လက် သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင် တောင်ဖက်က ရာဇစ်ဒီလူနည်းစုတွေရဲ့ ဆင်ဂျာမြို့ကိုလည်း ကာဒ့်တပ်ဖွဲ့တွေ ပြန်သိမ်းပိုက်နိုင်လိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေ ကြပါတယ်။

အခုတော့ ဆီးရီးယားနယ်စပ်ကနေ ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် တောင်ကြောဒေသကို ဆေးနဲ့ ရိက္ခာတွေ စတင် ရောက်ရှိ လာနေပြီလို့ ရာဇစ်ဒီလူမျိုးတိုက်ခိုက်ရေးသမားတဦးက ပြောဆိုပါတယ်။

အိုင်အက်စ်တွေ သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံမြောက်ပိုင်းက ကာဒ့်နယ်မြေ အများစုကို ကာဒ့်တပ်ဖွဲ့ဝင်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အီရတ်အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာတော့ အင်အားချိနဲ့နေတဲ့ အီရတ်စစ်တပ်နဲ့ အိုင်အက်စ်အကြမ်းဖက်တွေ ကတော့ သူနိုင်လိုက်၊ ကိုယ်နိုင်လိုက်နဲ့ ရှေ့မတိုးနိုင်ပဲ ဖြစ်နေပါတယ်။

DVB
အိုင်အက်စ်အကြမ်းဖက်တွေ လနဲ့ချီ သိမ်းပိုက်ထားတဲ့ ဆင်ဂျာတောင်ကြောကို ပြီးခဲ့တဲ့ ၁ ပတ်က အီရတ် ကာဒ့် တပ်ဖွဲ့ဝင်တွေက ထိုးဖောက်နိုင်ခဲ့ပြီး ဗျူဟာကျတဲ့ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှလက်နက်ဖြင့်ခြိမ်းခြောက်ပြီးဆက်ကြေးငွေ ကောက်ခံ

Photo: ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှလက်နက်ဖြင့်ခြိမ်းခြောက်ပြီးဆက်ကြေးငွေ ကောက်ခံ
Monday, December 22, 2014

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခန္တီးရွှေမှော် အတွင်းသို့ ကချင် လွတ်မြောက်ရေးတပ်မတော် ၀င် ရောက်ပြီး ဆက်ကြေးငွေများ ကောက်ခံ သွားကြောင်း ရွှေမှော်လုပ်ကိုင်သူ လုပ်ငန်းရှင်းတစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ခန္တီးရွှေမှော်ဝန်းကျင် တစ်ဝိုက်သို့ ဒီဇင်ဘာလ ၁၅ရက် နေ့တွင် KIA အဖွဲ့မှ အရပ်ဝတ်ဖြင့် သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး (၆) လုံးထိုး အင်ဂျင်စက်များဖြင့် စက်ဆိုင်း များ လုပ်ကိုင်နေသောသူများထံမှ တစ်ဦးလျှင် ဆက်ကြေးငွေ (၂)သိန်း ပေး ရန်တောင်း ခဲ့ကြောင်း စက်ဆိုင်းပိုင်ရှင် တစ်ဦးထံမှသိရသည်။

၎င်း KIA အဖွဲ့သည် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားပြီး ဆက်ကြေးငွေ (၁၃) သိန်းကျော် ရရှိသွားကြောင်းနှင့် ခန္တီးရွှေမှော်အတွင်းသို့ ယခုကဲ့သို့KIAအဖွဲ့များမကြာခဏလာရောက်ဆက်ကြေးကောက်ခြင်းနှင့် ရွှေမှော်လုပ်သားများ အား လူသစ်အဖြစ် ဖမ်း ဆီး ခေါ်ဆောင် ခြင်းများအား ပြုလုပ် လျက်ရှိကြောင်း ရွှေမှော်အတွင်းဖွင့်လှစ်ရောင်းချနေသော ဈေးသည်တစ်ဦးမှ ပြောပြသည်။

ယခုကဲ့သို့ ဆက်ကြေးကောက်၊ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် ခြင်း များပြု လုပ်နေ မှုများကို သက် ဆိုင်ရာ KIA ခေါင်းဆောင်များထံသို့ တိုင်ကြားထားသော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ဆက်ကြေး ကောက်သော အဖွဲ့ များမှ ၎င်းတို့အား အထက်မှ အမိန့်ပေး စေခိုင်းသော ကြောင့် လာရောက်ကောက် ခံရခြင်း ဖြစ်ကြောင်း ပြောသဖြင့် KIA ခေါင်းဆောင်များ အနေဖြင့် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း များကို အားပေး အားမြှောက် ပြုနေသလား ဆိုသည်ကို သံသယဖြစ်မိကြောင်း ဒေသခံ တစ်ဦးမှ ပြောပြပါ သည်။

ဇော်လတ် (ဖားကန့်)
Credit to KDN
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခန္တီးရွှေမှော်အတွင်းသို့ ကချင်လွတ်မြောက်ရေးတပ်မတော် ၀င် ရောက်ပြီး ဆက်ကြေးငွေများကောက်ခံသွားကြောင်း ရွှေမှော်လုပ်ကိုင်သူလုပ်ငန်းရှင်းတစ်ဦးမှပြောပြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့ နိုင်ဟံသာ နှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်

Photo: အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့
နိုင်ဟံသာ နှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်
Monday, December 22, 2014

လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲသို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စ သည့် ထိပ်သီးခေါင်းဆောင်တချို့ တက် ရောက်မည်မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT တို့ ၏ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုအစည်းအဝေး ကို NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းမှ ဦးဆောင်ကာ တိုင်းရင်း သားများဘက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင် ရွှေက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြော သည်။

" နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်တို့ က တက်မှာ မဟုတ်ဘူး။ ဖဒိုစောကွယ်ထူး ဝင်က ဦးဆောင်မယ်။ ဒါပေမဲ့ ကေအိုင်အို ဘက်က ဒုတိယဗိုလ်မှူးကြီးလအောင် အပါ အဝင် ကိုယ်စားလှယ်တချို့တော့ တက်မယ်'' ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

နိုင်ဟံသာမှာ ဆွေးနွေးပွဲများ တွင် တိုင်းရင်းသား အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ခိုင်ခိုင်မာမာ ပြောဆိုလေ့ရှိကာ တပ်မတော်ကိုလည်း ပွင့် ပွင့်လင်းလင်း ဝေဖန်တတ်သဖြင့် တပ်မတော် ကိုယ်စားလှယ်တချို့မှာ သူ့ကို သဘောကျ ခြင်းမရှိကြောင်းလည်း ဆွေးနွေးပွဲ မကြာ ခဏတက်ရောက်သူများက ပြောသည်။

''ကေအိုင်အိုရော မွန်ပြည်သစ် ရောက မတက်တာတော့မဟုတ်ဘူး၊ NCCT ထဲမှာပါတဲ့ ထိပ်တန်းခေါင်းဆောင်တွေပဲ မလာတာ။ ကျွန်တော်တို့ဆို ရန်ကုန်တောင် ရောက်နေပြီ''ဟု ကေအိုင်အို နည်းစနစ်ပိုင်း အကြံပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''အစိုးရဘက်ကတော့ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ် ကြီး သက်နိုင်ဝင်းတို့ တက်မယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အခြေအနေ အရပဲ''ဟု ဦးလှမောင်ရွှေကပြောသည်။

နှစ်ဖက်မကျေလည်မှုများ ရှိခဲ့ သည့် စက်တင်ဘာလ ဆွေးနွေးပွဲနောက် ပိုင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တချို့အကြား တင်းမာမှုများ ဖြစ် ပေါ်ခဲ့ကာ ထိတွေ့တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

ယခုဆွေးနွေးပွဲမှာ နိုင်ငံလုံးဆိုင် ရာ အပစ်ခတ်ရပ်စဲရေးအတွက် အတည် ဆွေးနွေးခြင်းမဟုတ်ပဲ အကြိုညှိနှိုင်းမှု အ နေဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး ယင်းဆွေး နွေးမှုအပေါ် မူတည်၍ သတ္တမအကြိမ် မြောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ဖြစ်၊ မဖြစ် ဆုံးဖြတ်သွားမည်ဟု တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ပြောသည်။

The Flower News
လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲ သို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စသည့် ထိပ်သီးခေါင်းဆောင်တချို့ တက်ရောက်မည်မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

တာလီဘန်တို့၏ ပစ်မှတ်ဖြစ်လာမည်ကို အေမာခန်းစိုးရိမ်

Photo: တာလီဘန်တို့၏ ပစ်မှတ်ဖြစ်လာမည်ကို အေမာခန်းစိုးရိမ်
Monday, December 22, 2014

ဗြိတိန်လက်ဝှေ့ အကျော်အမော် အေမာခန်းသည် ကလေးငယ်ပေါင်း ၁၃၂ ဦး တိုက်ခိုက်ခံခဲ့ရသော ပါကစ္စတန်နိုင်ငံရှိ စာသင်ကျောင်းကို ပြန်လည်ထူထောင်နိုင်စေရန် အကူအညီများ ပံ့ပိုးပေးအပ်နေသည့် အတွက် အကြမ်းဖက် တာလီဘန်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mail Online က ဖော်ပြသည်။

အသက် ၁၇ နှစ်အရွယ်တွင် အိုလံပစ် ငွေတံဆိပ်ဆုရှင် ဖြစ်ခဲ့သော အေမာခန်းသည် မွတ်ဆလင်တစ်ဦး ဖြစ်ကာ ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ အဆိုပါကျောင်းအပေါ် တိုက်ခိုက်ခဲ့မှုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသူလည်း ဖြစ်သည်။

အေမာခန်းသည် မကြာသေးမီက ဒေဗွန်အလက်ဇန္ဒားနှင့် ထိုးသတ်ခဲ့သော ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ရွှေ ၂၄ ကာရက် ထည့်သွင်း ချုပ်လုပ်ထားသော ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အားကစား ဘောင်းဘီတိုကို အဆိုပါကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လေလံတင်ထားပြီ ဖြစ်ကာ အခွင့်ရှိမည် ဆိုပါက ပါကစ္စတန်နိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ပေးလိုကြောင်းလည်း အေမာခန်းက ဖွင့်ဟပြောဆိုထားသည်။

တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးခန့် ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့၏ ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ယင်းကျောင်းကို အကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ကျောင်းသား ၁၃၂ ဦးအပြင် ကျောင်းဝန်ထမ်း ကိုးဦးလည်း အသက်ဆုံးရှုံးခဲ့ကြရသည်။

တာလီဘန်များသည် ၎င်းတို့၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းပေးသူများကို အမြဲတစေ ပစ်မှတ်ထားလေ့ ရှိကာ ယင်းအတွက်ကြောင့်ပင် အေမာခန်းက ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ထိတ်လန့်မှုအချို့ ရှိနေခြင်း ဖြစ်သည်။

အေမာခန်း၏ အဘိုးအဘွားများသည် ပါကစ္စတန်လူမျိုးများ ဖြစ်ကြကာ ၂၀၀၅ ခုနှစ် အတွင်း၌ ကက်ရှ်မီးယား ဒေသတွင် ငလျင်လှုပ်စဉ်ကလည်း ယင်းနေရာရှိ ကျောင်းများနှင့် ဆေးရုံများ ပြန်လည်တည်ဆောက်နိုင်ရန် အတွက် အေမာခန်းက ပါကစ္စတန်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ငွေလှူဒါန်းမှုများ လုပ်ပေးခဲ့ဖူးသည်။ အေမာခန်း၏ အားကစား ဘောင်းဘီတိုကို အနိမ့်ဆုံးအနေနှင့် ပေါင်သုံးသောင်းခန့်အထိ ရနိုင်သည်ဟု လေလံဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

The Voice Weekly
ဗြိတိန်လက်ဝှေ့ အကျော်အမော် အေမာခန်းသည် ကလေးငယ်ပေါင်း ၁၃၂ ဦး တိုက်ခိုက်ခံခဲ့ရသော ပါကစ္စတန်နိုင်ငံရှိ စာသင်ကျောင်းကို ပြန်လည်ထူထောင်နိုင်စေရန် အကူအညီများ ပံ့ပိုးပေးအပ်နေသည့် အတွက် အကြမ်းဖက် တာလီဘန်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mail Online က ဖော်ပြသည်။

ုက်ပွဲအခြေအနေအပါအဝင် တပ်မတော်နှင့်ပတ်သက်သည့်သတင်းများ အချိန်နှင့်တစ်ပြေးညီ အတည်ပြုရေးသားခွင့်ရရန် မီဒီယာများတောင်းဆို

တိုက်ပွဲအခြေအ နေအပါအဝင် တပ်မတော်နှင့် ပတ်သက် သည့် သတင်းရေးသားရာတွင် အချိန်နှင့် တစ်ပြေးညီ အတည်ပြုပြီး သတင်းဖော်ပြ နိုင်ရန်အတွက် တပ်မတော်ဘက်မှ မြန်မြန် ဆန်ဆန်၊ မှန်မှန် ကန်ကန် ထုတ်ပြန်ပေးရန် သတင်းမီဒီယာများမှ တောင်းဆိုလိုက်ကြသည်။