Wednesday, 19 November 2014

ထိုင်း ဒု-စစ်တိုင်းမှူး သေဆုံးမှု ဖြစ်စေ ခဲ့သည့် ရဟတ်ယဉ် အမျိုးအစားအား ထိုင်းတပ်မတော်တွင် ဆက်လက် အသုံးပြု သွားမည်

Photo: ထိုင်း ဒု-စစ်တိုင်းမှူး သေဆုံးမှု ဖြစ်စေ ခဲ့သည့် ရဟတ်ယဉ် အမျိုးအစားအား ထိုင်းတပ်မတော်တွင် ဆက်လက် အသုံးပြု သွားမည်
Wednesday, November 19, 2014

ထိုင်း ကြည်းတပ်မတော်မှ ထိုင်းအမှတ် (၃) စစ်ဒေသ ဒုစစ်တိုင်းမှူး ဗိုလ်ချုပ် ဆွန်ဖွန် ထောင်ကျိန် အပါအဝင် ထိုင်းအဆင့်မြင့် ကြည်းတပ် အရာရှိများ သေဆုံး ခဲ့ရသည့် ရဟတ်ယာဉ် အမျိုးအစားအား ထိုင်းတပ်မတော် အတွင်း ဆက်လက် အသုံးပြု သွားမည် ဖြစ်ကာ ထိုရဟတ်ယဉ် အမျိုးအစားအား အသုံးပြုမှု ရပ်ဆိုင်း သွားမည် ဟူသော ထွက်ပေါ် နေသည့် သတင်း များကို ထိုင်းကြည်း တပ်မတော်၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်မှူးကြီး ဒေါ်စီရိကျာန် ငါထောင်မှ နိုဝင်ဘာ (၁၈) ရက်နေ့၌ ငြင်းဆို ပြောကြား သွားခဲ့သည်။

“ထိုင်း ကြည်းတပ်မတော် အနေနဲ့ အဲဒီ ရဟတ်ယာဉ် အမျိုးအစားကို တပ်တွင်းမှာ ဆက်လက် အသုံးပြု သွားပါမယ်၊ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့ပြီး နောက်ပိုင်း ထွက်ပေါ် နေတဲ့ ဒီရဟတ်ယာဉ် အမျိုးအစား ကြည်းတပ်မတော်မှာ ဆက်လက် အသုံး မပြုဖို့ ညွှန်ကြားချက် ထုတ်ထား တာလည်း မရှိပါဘူး” ဟု ဗန်ကောက်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်းကြည်း တပ်မတော်၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်မှူးကြီး ဒေါ်စီရိကျာန် ငါထောင်က ပြောကြား သွားခဲ့သည်။

ထိုင်းတပ်မတော်သုံး သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာင် Bell 212 အမျိုးအစား ရဟတ်ယာဉ်သည် အောက်တိုဘာလ (၁၇) ရက်နေ့ ညနေ (၅) နာရီ ခွဲတွင် အမှတ် (၃) စစ်ဒေသ ဒုစစ်တိုင်းမှူး အပါအဝင် ထိုင်းကြည်းတပ် အဆင့်မြင့် အရာရှိ များကို သယ်ဆောင်၍ ဖယောင် ခရိုင် အမှတ် (၁၇) ခြေလျင် တပ်ရင်း စခန်းမှ ချင်းရိုင် ခရိုင် အမှတ် (၃) စစ်ဒေသသို့ လေကြောင်း ခရီးဖြင့် အပြန်၌ ရဟတ်ယာဉ် ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စခန်းမှ ထွက်လာပြီး (၄) မိနစ်ခန့် အကြာ၌ ရဟတ်ယာဉ်မှာ မီးလောင်ပြီး အဆိုပါ ဖယောင် ခရိုင် အတွင်းရှိ ဗန်းဒေါက်ဗွယ်ရွာ အနီးရှိ လယ်ကွင်း၌ ပျက်ကျ ခဲ့ကာ ရဟတ်ယာဉ် တစ်ပိုင်းမှာ ဗွက်၌ နစ်နေ၍ တစ်ပိုင်းမှာ မီးလောင်ကျွှမ်း ခဲ့ရသည်။

ထိုသို့ စခန်းမှ ပျံသန်း မထွက်ခွာလာမှီ ၌လည်း ရဟတ်ယာဉ်မောင်း ပိုင်းလော့ နိုင်အာနန်မှ ၎င်း၏ Facebook လူမှု ကွန်ယက် စာမျက်နှာ၌ “ဆောင်းလေ အေးအား အန်တု၍ ပျံသန်းရန် အချိန်ကျပြီ၊ ရဟတ်ယာဉ် အဟောင်းနှင့် ရဟတ်ယာဉ်မောင်း ပိုင်းလော့ အသစ်နှင့် ၊ မြင်ကွင်းက မရှင်း မလင်းနှင့် ဆိုးရွားခဲ့၊ အပ္ပါယ် (ငရဲ) တံခါး ပွင့်ခဲ့ပြီ” ဟု အဓိပ္ပါယ် ရသည့် စာသားအား ထိုင်းဘာသာဖြင့် နိုဝင်ဘာလ (၁၇) ရက်နေ့၌ ရေးသား ခဲ့သည်။

ထိုသို့ ပိုင်းလော့မှ အဆိုပါ စာသားအား Facebook စာမျက်နှာ၌ ရေးသား ခဲ့ပြီးနောက် ၊ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်၍ (၉) ဦးလုံး သေးဆုံးမှု ဖြစ်ခဲ့ပြီး နောက်၌ ထိုရဟတ်ယာဉ် Bell 212 အမျိုးအစား ရဟတ်ယာဉ်အား ထိုင်းကြည်းတပ်မှ ဆက်လက် အသုံးမပြု တော့ရန် ညွှန်ကြား ထားပြီး ဖြစ်သည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပျက်ကျ ခဲ့မှု၌ အမှတ် (၃) စစ်ဒေသ ဒု-စစ်တိုင်းမှုး အပါအဝင် ဗိုလ်မှူးကြီး နှစ်ဦး ၊ ဒု-ဗိုလ်မှုးကြီး နှစ်ဦးတို့ ပါဝင်၍ စုစုပေါင်း လိုက်ပါ သွားသူ (၉) ဦးလုံး အသက် ဆုံးရှူံး ခဲ့ရသည်။

ရဟတ်ယာဉ် ပျက်ကျ ရသည့် အကြောင်း ရင်းအား သိရှိ နိုင်ရန် အတွက် ယနေ့၌ ကြည်းတပ် မတော်၏ လေကြောင်း မတော်တဆမှု ကယ်ဆယ်ရေး တပ်ဖွဲ့များ ပါဝင်၍ အမှတ် (၃) စစ်ဒေသ စစ်တိုင်းမှူး ဦးဆောင်၍ ကွင်းဆင်း ရှာဖွေ မှုများ ပြုလုပ်လျက် ရှိပြီး တွေ့ရှိချက် များအား ထုတ်ပြန် ပြောကြားခြင်း မရှိ သေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့ ၌လည်း ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင် ၊ စံခလပူရီ မြို့နယ် ရိုင်းဝေါ တိုက်နယ်၌ ထိုင်းနယ်ခြား စောင့်တပ် အမှတ် (၁၃၄) မှ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျ ခဲ့ပါသေးသည်။ ထိုစဉ်၌ ရဟတ်ယာဉ်ပေါ် လိုက်ပါ သွားသည့် ဆေးတပ်ဖွဲ့မှ အရာရှိများ သေဆုံးမှု မရှိ ခဲ့ပဲ ၊ ဒဏ်ရာ အနည်း ငယ်သာ ရရှိ ခဲ့သည်။

ရွှေဟင်္သာသတင်းဌာန 

နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာခွဲတွင် Bell 212 ထိုင်း ကြည်းတပ် သယ်ယူ ပို့ဆောင်ရေး ရယာတ်ယဉ် ထိုင်းနိုင်ငံ ဖယောင် ခရိုင်တွင် ပျက်ကျ ခဲ့ရာ ဒုစစ်တိုင်းမှူး အပါအဝင် အဆင့်မြင့် အရာရှိ (၉) ဦး သေဆုံးခဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာခွဲတွင် Bell 212 ထိုင်း ကြည်းတပ် သယ်ယူ ပို့ဆောင်ရေး ရယာတ်ယဉ် ထိုင်းနိုင်ငံ ဖယောင် ခရိုင်တွင် ပျက်ကျ ခဲ့ရာ ဒုစစ်တိုင်းမှူး အပါအဝင် အဆင့်မြင့် အရာရှိ (၉) ဦး သေဆုံးခဲ့ ဓါတ်ပုံ - အင်တာနက်

နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာခွဲတွင် Bell 212 ထိုင်း ကြည်းတပ် သယ်ယူ ပို့ဆောင်ရေး ရယာတ်ယဉ် ထိုင်းနိုင်ငံ ဖယောင် ခရိုင်တွင် ပျက်ကျ ခဲ့ရာ ဒုစစ်တိုင်းမှူး အပါအဝင် အဆင့်မြင့် အရာရှိ (၉) ဦး သေဆုံးခဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာခွဲတွင် Bell 212 ထိုင်း ကြည်းတပ် သယ်ယူ ပို့ဆောင်ရေး ရယာတ်ယဉ် ထိုင်းနိုင်ငံ ဖယောင် ခရိုင်တွင် ပျက်ကျ ခဲ့ရာ ဒုစစ်တိုင်းမှူး အပါအဝင် အဆင့်မြင့် အရာရှိ (၉) ဦး သေဆုံးခဲ့ ဓါတ်ပုံ - အင်တာနက်

ထိုင်း ကြည်းတပ်မတော်မှ ထိုင်းအမှတ် (၃) စစ်ဒေသ ဒုစစ်တိုင်းမှူး ဗိုလ်ချုပ် ဆွန်ဖွန် ထောင်ကျိန် အပါအဝင် ထိုင်းအဆင့်မြင့် ကြည်းတပ် အရာရှိများ သေဆုံး ခဲ့ရသည့် ရဟတ်ယာဉ် အမျိုးအစားအား ထိုင်းတပ်မတော် အတွင်း ဆက်လက် အသုံးပြု သွားမည် ဖြစ်ကာ ထိုရဟတ်ယဉ် အမျိုးအစားအား အသုံးပြုမှု ရပ်ဆိုင်း သွားမည် ဟူသော ထွက်ပေါ် နေသည့် သတင်း များကို ထိုင်းကြည်း တပ်မတော်၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်မှူးကြီး ဒေါ်စီရိကျာန် ငါထောင်မှ နိုဝင်ဘာ (၁၈) ရက်နေ့၌ ငြင်းဆို ပြောကြား သွားခဲ့သည်။

စီးဆင်းမှု မရှိ ငွေအိပ်စေသည့် မြေယာဝယ်ယူမှု များပြားခြင်းကြောင့် ကန်ဒေါ်လာ ငွေလဲနှုန်း စံချိန်တင် မြင့်တက်

Photo: စီးဆင်းမှု မရှိ ငွေအိပ်စေသည့် မြေယာဝယ်ယူမှု များပြားခြင်းကြောင့် ကန်ဒေါ်လာ ငွေလဲနှုန်း စံချိန်တင် မြင့်တက်
Wednesday, November 19, 2014

နိုဝင်ဘာ ၁၈  ရက်နေ့ ညနေပိုင်း တွင် အမေရိကန် တစ်ဒေါ်လာဈေးနှုန်း မှာ မြန်မာငွေ ကျပ် ၁ဝ၆ဝ အထိ တိုး တက်သွားခဲ့ကာ ရန်ကုန်မြို့တွင်းရှိ နိုင်ငံ ခြားငွေ အေ ရာင်းကောင်တာများတွင် အမေရိကန် ဒေါ်လာ ဝယ်ယူမှုနှုန်းများ ပြားလာသည်ဟု ငွေအရောင်းအဝယ် ဈေးကွက်မှ သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ငွေ လဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁ဝ၁၅ ဝန်းကျင်သာ ရှိ ခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် ရုတ် ချည်း ၁ဝ၆ဝ ကျပ်သို့ တိုးမြင့်လာသည်။

ငွေဝယ်လိုအား အလွန်များလာ သည့်အတွက်ကြောင့် မြန်မာငွေလဲနှုန်း တက်လာရခြင်းဖြစ်ပြီး ¤င်းကိစ္စကို ဗဟို ဘဏ်တစ်ခုတည်းက ထိန်းချုပ်၍ ရနိုင် မည်မဟုတ်ဘဲ ဌာနပေါင်းစုံပူးပေါင်းပါ ဝင်လုပ်ကိုင်မှသာ ငွေလဲနှုန်းတိုးမြင့်နေ ခြင်းကိုထိန်းချုပ်နိုင်မှာဖြစ်ကြောင်း CBဘဏ် ဒု-ဥက္ကဋ္ဌ ဦးဖေမြင့်က ပြော သည်။

သွင်းကုန်ပမာဏ များပြားနေပြီး ထုတ်ကုန်နည်းပါးမှုဖြစ်နေသည့်အ တွက် ကုန်သွယ်ရေးဌာနမှ သွင်းကုန် လိုင်စင် ထိန်းချုပ်ဖို့လိုကြောင်း ၄င်းက ဖြည့်စွက်ပြောသည်။
ငွေလဲနှုန်းကို ဗဟိုဘဏ်က ထိန်း ရမည့်အခြေအနေသို့ ရောက်ပြီဟုKBZ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ပြော သည်။

၂ဝ၁၄ နိုဝင်ဘာ ၁၈ ရက် ဗဟို ဘဏ်မှ ထုတ်ပြန်သည့် စာရင်းအရ နိုင်ငံခြားငွေ လဲလှယ်မှု ရည်ညွှန်းနှုန်း ထား(Reference Foreign Ex-change Rates)  မှာ အမေရိကန် တစ် ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁ဝ၄ဝ နှုန်းဖြစ်ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေ လဲလှယ်သည့်စနစ်မှာ ၂ဝ၁၂ ဧပြီ လမှ စတင်ပြီး ထိန်းချုပ်နှုန်းရှင် (Managed Float System)ကို ကျင့် သုံးသည်။

ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး ကမူ ဗဟိုဘဏ်မှ ဒေါ်လာငွေများ ထုတ် ရောင်းချပေးနေသော်လည်း ၄င်းငွေ များမှာ သွင်းကုန်ထုတ်ကုန် စီးဆင်း မှုတွင် ပြန်လည် မသုံးစွဲကြဘဲ ငွေအိတ် စေသည့် မြေယာဝယ်ယူမှုများတွင်သာ သုံးစွဲမှုများပြားနေခြင်းကြောင့်ယခုကဲ့ သို့ ငွေလဲနှုန်းမတည်ငြိမ်ဘဲ တိုးမြင့်ရ သည်ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာငွေလဲနှုန်း ဆက် တိုက်တိုးမြင့်နေပါက အထွေထွေ ကုန် ဈေးနှုန်း ကြီးမားမှု ဖြစ်လာနိုင်ပြီး ဝင် ငွေနည်းသူများ ပထမဦးစွာ ထိခိုက်နစ် နာနိုင်ကြောင်းCB ဘဏ် ဒု-ဥက္ကဋ္ဌက ပြောသည်။

ရန်နိုင်
Popular News Journal
နိုဝင်ဘာ ၁၈  ရက်နေ့ ညနေပိုင်း တွင် အမေရိကန် တစ်ဒေါ်လာဈေးနှုန်း မှာ မြန်မာငွေ ကျပ် ၁ဝ၆ဝ အထိ တိုး တက်သွားခဲ့ကာ ရန်ကုန်မြို့တွင်းရှိ နိုင်ငံ ခြားငွေ အေ ရာင်းကောင်တာများတွင် အမေရိကန် ဒေါ်လာ ဝယ်ယူမှုနှုန်းများ ပြားလာသည်ဟု ငွေအရောင်းအဝယ် ဈေးကွက်မှ သိရသည်။

ယူကရိန်းနှင့် နေတိုး မပူးပေါင်းရန် ရုရှားတောင်းဆို

Photo: ယူကရိန်းနှင့် နေတိုး မပူးပေါင်းရန် ရုရှားတောင်းဆို
Wednesday, November 19, 2014

ရုရှားသည် ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့ဝင်နှင့် ပူးပေါင်းခြင်း မပြုရန် ရာနှုန်းပြည့် အာမခံချက်ကို တောင်းဆိုလိုက်ကြောင်း သမ္မတ ပူတင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပတ်စ်ကို့ဗ်က BBC ကို ပြောသည်။
နေတိုးအဖွဲ့အနေဖြင့် ရုရှားနယ်စပ်သို့ တစ်စတစ်စ ချဉ်းကပ်လာနေမှုမှာ မော်စကိုအတွက် ရတက်မအေး ဖြစ်ရသည်ဟု ၎င်းက ထပ်လောင်းပြောဆိုလိုက်သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်သည် ရုရှားနိုင်ငံအား ကန့်သတ်ချုပ်ချယ်ခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ဟု ပူတင်က ကြုံးဝါးထားသည်။

သတိပေးမှုများအကြားမှ ယူကရိန်းနယ်စပ်အနီး ရုရှား၏အင်အားပြမှုကြောင့် ဥရောပသည် ပူးပေါင်းဆောင်ရွက်မှုအစား ထိပ်တိုက်တွေ့ဆုံမှုများဆီသို့ ဦးတည်လာနေကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာက ထောက်ပြလိုက်သည်။

ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာနေခြင်းကြောင့် အပေါင်းလက္ခဏာ မမြင်တွေ့ရဟု ၎င်းက ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မော်စကိုတွင် ပူးတွဲ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှားအနေနှင့် (ဘီလာရုစ်မြို့တော်)မင့်စ်ခ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စောင့်ထိန်းလိုက်နာရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ခွဲထွက်ရေး လက်နက်ကိုင်များ သိမ်းပိုက်ထားသည့် ယူကရိန်း အရှေ့ပိုင်းဒေသနှင့် နယ်စပ်ဒေသ၌ ရုရှားစစ်အင်အား တဖြည်းဖြည်းများပြားလာခြင်းကို နေတိုးအဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ပတ်စ်ကို့ဗ်ကမူ နေတိုးအဖွဲ့သည် သမိုင်းဝင် ကတိက၀တ်ကို ချိုးဖျက်လျက် ရုရှားနယ်စပ်သို့ တစတစ တိုးဝင်လာနေခြင်း ဖြစ်သည်ဟု တန်ပြန် စွပ်စွဲလိုက်သည်။
နေတိုးအဖွဲ့သည် အာဏာဟန်ချက်ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားလိုက်သည်။
ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်သည့် အစည်းအဝေး တခုတွင် ပူတင်က အမေရိကန်သည် ရုရှား၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထုတ်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်တို့သည့် သြဇာလွှမ်းမိုး ခြယ်လှယ်လိုကြကြောင်းဖြင့် ကရင်မလင်အစိုးရကို ထောက်ခံသော တက်ကြွလှုပ်ရှားသူများအား ပြောကြားခဲ့သည်။

“ရုရှားကို အနိုင်ပိုင်းပြီး ခြယ်လှယ်နိုင်တဲ့သူ ရာဇ၀င်မှာမရှိဘူး၊ နောက်လည်း ရှိလာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂမှ ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများသည့် ယင်းနိုင်ငံအသီးသီး၏ အကျိုးစီးပွားသာ ရုတ်လော့သွားမည်ဖြစ်သည်ဟု ပူတင်ကပြောကြားခဲ့ပြီး အဆိုပါပိတ်ဆို့မှုများကြောင့် ရုရှား၏ငွေကြေးတန်ဖိုးကျဆင်းလျက်ရှိသော်လည်း ရုရှား၏ စက်မှုလုပ်ငန်းများ အရှိန်အဟုန် မြင့်တတ်လာမည်ဟု ပူတင်က ထုတ်ဖော်ပြေဆိုခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံမချမှတ်ရန် တနင်္လာနေ့က သဘောတူညီခဲ့သည်။
ရုရှားဘက်မှ ငြင်းဆိုထားသော်လည်း အနောက်အုပ်စုများက ယူကရိန်းအရေးကိစ္စတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ကာလရှည်ကြာစွာ စွပ်စွဲခဲ့သည်။

ခရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂသည် ရုရှားအပေါ် ယခုနှစ် မတ်လက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ယင်းအရေးယူပိတ်ဆို့မှုများသည် ယူကရိန်အရှေ့ပိုင်း ခွဲထွက်ရေးသူပုန်များကို လက်နက်တပ်ဆင်ပေးပြီး စစ်သည်အင်အားပါ ဖြည့်တင်းပေးခဲ့၍ အရေးယူပိတ်ဆို့မှုများ နောက်ပိုင်း နောက်ဆုံး ချမှတ်လိုက်သော ပိတ်ဆို့မှုများလည်း ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ရုရှားသည် ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့ဝင်နှင့် ပူးပေါင်းခြင်း မပြုရန် ရာနှုန်းပြည့် အာမခံချက်ကို တောင်းဆိုလိုက်ကြောင်း သမ္မတ ပူတင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပတ်စ်ကို့ဗ်က BBC ကိုပြော သည်။ နေတိုးအဖွဲ့အနေဖြင့် ရုရှားနယ်စပ်သို့ တစ်စတစ်စ ချဉ်းကပ်လာနေမှုမှာ မော်စကိုအတွက် ရတက်မအေး ဖြစ်ရသည်ဟု ၎င်းက ထပ်လောင်းပြောဆိုလိုက်သည်။

သမ္မတအိုဘားမား သက်ပြင်းရှည်ချရမည့် ရှေ့ခရီး

Photo: သမ္မတအိုဘားမား သက်ပြင်းရှည်ချရမည့် ရှေ့ခရီး
Wednesday, November 19, 2014

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၄ ရက် midterm election ဆီးနိတ်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီမှ ခုနစ်ဦး ထပ်မံအနိုင်ရရှိသဖြင့် အမတ်ဦးရေ ၁၀၀ ရှိသော ဆီးနိတ်တွင် ရီပတ်ဘလစ်ကန်အမတ် ငါးဦးဖြစ်ကာ အများစု ဖြစ်သွားလေသည်။

ရီပတ်ဘလစ်ကန်များသည် ၂၀၁၂ ခုနှစ် ကတည်းက အောက်လွှတ်တော်ခေါ် ကွန်ဂရက်လွှတ်တော်တွင် အများစု ဖြစ်လာသဖြင့် ယခုအခါ လွှတ်တော်နှစ်ရပ်စလုံး၌ ရီပတ်ဘလစ်ကန်များက အသာစီး ရရှိသွားပြီ ဖြစ်သည်။ ယခင် ကွန်ဂရက်လွှတ်တော် တစ်ခုထဲ အများစု ဖြစ်နေစဉ် ၂၀၁၃ ခုနှစ်က ရီပတ်ဘလစ်ကန်များက အိုဘားမားအစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်ကို shutdown လုပ်သဖြင့် အစိုးရလုပ်ငန်း အများအပြား အကြောဆိုင်းသွားကာ ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ ၂၄ ဘီလီယံ ဆုံးရှုံးခဲ့ဖူးလျှင် ယခုကဲ့သို့ လွှတ်တော်နှစ်ခုတွင် အများစု ဖြစ်လာပါကမည်မျှ ပိတ်ဆို့တားဆီးကြမည်ကို မတွေးရဲစရာ ဖြစ်နေပြီဟု အချို့က ဆိုပါသည်။

စစ်တမ်းများကလည်း သမ္မတ အိုဘားမားအစိုးရနှင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်တို့အကြားတွင် ရှေ့လျှောက် ပိုမိုအငြင်းပွား ပိုမိုအားပြိုင်ကာ ဘာတစ်ခုမှ အလုပ်မဖြစ်သော Gridlock အခြေအနေသို့ ဆိုက်ရောက်တော့မည်ဟု အများစုက ယူဆနေလေသည်။ အမေရိကန် အခြေခံဥပဒေအရ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် သုံးခုအကြား အပြန်အလှန် ထိန်းကျောင်းကြပ်မတ်မှု စနစ်များ ထားရှိလေသည်။ လွှတ်တော်များက သမ္မတအပေါ် ထိန်းကျောင်းနိုင်သလို သမ္မတကလည်း လွှတ်တော်ဆုံးဖြတ်ချက်များ အပေါ် ဗီတိုအာဏာသုံး၍ ကြပ်မတ်ခွင့် ရှိလေသည်။ ယခု ရွေးကောက်ပွဲအပြီးတွင် ရီပတ်ဘလစ်ကန်များက အိုဘားမားအစိုးရ၏ မူဝါဒများနှင့် ရာထူးခန့်ထားရေး ကိစ္စများကို မည်သို့ စွက်ဖက်မည်ကို အလွန်စိတ်ဝင်စားနေကြသည်။ လောလောဆယ်တွင် သံတမန် ၅၅ ဦးနှင့် ခွဲစိတ်သမားတော်ချုပ် အပါအဝင် ထိပ်တန်းရာထူး ၂၄၁ နေရာ ခန့်အပ်စရာလည်း ရှိနေလေသည်။

ပြီးခဲ့သော ၂၀၀၇ မှ ၂၀၁၂ ခုနှစ်အတွင်း ridlock ဖြစ်ခဲ့သည့် အကြိမ်ပေါင်း ၃၄၅ ကြိမ် ရှိခဲ့ပြီး ဤအရေအတွက်သည် ယခင်ကထက် နှစ်ဆပိုများလာကြောင်း၊ ယင်းမှာ အမေရိကန် နိုင်ငံရေးစနစ်ကြီးအတွင်း ဆုတ်ယုတ်မှု ဖြစ်ကြောင်း ဝေဖန်သူများက ဆိုကြပါသည်။ အမေရိကန် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အဆောက်ဦများသည် ကြာလေလေ အငြင်းပွား စကားနိုင်လုရာ နေရာဖြစ်လာလေလေ ဖြစ်နေကာ မည်သည့် ဆုံးဖြတ်ချက်မှလည်း မချနိုင်ဖြစ်နေကြောင်း ထောက်ပြနေကြလေသည်။ အချို့ကတော့ ရီပတ်ဘလစ်ကန်များသည် အိုဘားမား ဘာလုပ်လုပ် ပိတ်ဆို့ရန် အသင့်ရှိနေကြပြီး ရီပတ်ဘလစ်ကန်၏ ပေါ်လစီအချို့ကို အိုဘားမား ကူးယူလုပ်ကိုင်လျှင်တောင် ကန့်ကွက်ကြလိမ့်မည်ဟု ဆိုကြလေသည်။

ဤရွေးကောက်ပွဲသည် ရိုးရိုးရွေးကောက်ပွဲ မဟုတ်။ သမ္မတအိုဘားမားအပေါ် အယုံအကြည် ရှိမရှိ သဘောထား ကောက်ခံသော ဆန္ဒခံယူပွဲ ဖြစ်သည်ဟု အချို့က ပြောကြသည်။ အချို့ကလည်း ဤရွေးကောက်ပွဲသည် အဆိုးနှစ်ခုထဲမှ သူတို့ မကြုံရသေးသော အဆိုးကို ရွေးကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အချို့ကမူ ရီပတ်ဘလစ်ကန်များကို ရွေးခဲ့ကြခြင်းမှာ ရီပတ်ဘလစ်ကန်များကို ကြိုကကြ၍ မဟုတ်ဘဲ အရင်က ရီပတ်ဘလစ်ကန် မဟုတ်သူများကို အရွေးမှားခဲ့သဖြင့် နှာခေါင်းကျည်ပွေ့ တွေ့ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

အမေရိကန်နိုင်ငံ၏ နှစ်ပါတီနိုင်ငံရေး စနစ်သည် အခြား ဥရောပနိုင်ငံများကဲ့သို့ ပါလီမန် နှစ်ပါတီစနစ် မဟုတ်ချေ။ (၁) အုပ်ချုပ်ရေးမဏ္ဍိုင်မှ သမ္မတတာဝန်ကို အနိုင်ရပါတီတစ်ခုက ရယူလေ့ရှိသည်။ ပါလီမန်စနစ်မှာကဲ့သို့ အတိုက်အခံဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိချေ။ (၂) ဥပဒေပြုလွှတ်တော် နှစ်ရပ်တွင်မူ တစ်ပါတီတည်း မဟုတ်တော့၊ နှစ်ပါတီစလုံးမှ နိုင်သည့် အမတ်အရေအတွက်အလိုက် ပါဝင်ကြလေသည်။ လွှတ်တော်တွင်းတွင်လည်း အာဏာရနှင့် အတိုက်အခံဟူ၍ သတ်သတ်မှတ်မှတ် မရှိ၊ အကြောင်းအရာ တစ်ခုချင်းလိုက်၍ နှစ်ပါတီစလုံးမှ သန်ရာသန်ရာ ပါဝင်လေ့ရှိသည်။ (၃) ပါလီမန်စနစ်ကဲ့သို့ မိမိအမတ်နည်းလျှင် အစိုးရနုတ်ထွက်ရခြင်းမျိုး မရှိဘဲ လွှတ်တော် နှစ်ရပ်စလုံးတွင် အခြားပါတီမှ အများစု အုပ်စီးထားသည့်တိုင် သမ္မတသည် သူ့အလုပ် သူဆက်လုပ်၍ ရလေသည်။

ရီပတ်ဘလစ်ကန်ပါတီမှ အများစု ဖြစ်သွားသောအခါ အိုဘားမားကို ပြန်လမ်းမရှိတော့သည့် ဘဲခြေကျိုးဘဝကို ရောက်သွားပြီဟု အချို့က ပြောကြလေသည်။ အိုဘားမားသည် သူ့ကို ဝေဖန်ရှုတ်ချမည့် ကျယ်ပြန့်သည့် တပ်ပေါင်းစုကြီး တစ်ခုကို သူ့ဘာသာ မွေးထုတ်မိလေပြီဟု အချို့က ဆိုကြသည်။ ယင်းတပ်ပေါင်းစုထဲတွင် ဆီးရီးယားစစ်ပွဲကို မတားဆီးနိုင်၍ မကျေနပ်သော လူသားချင်းစာနာရေး ဝါဒီများပါသည်။ အီဂျစ်စစ်အာဏာသိမ်း ဗိုလ်ချုပ်များကို ပြတ်ပြတ်သားသား အရေးမယူ၍ မကျေနပ်သော လူ့အခွင့်အရေး ဝါဒီများပါသည်။ ကမ္ဘာ့အရေးများတွင် ရှေ့ဆုံးထွက်၍ ခေါင်းဆောင်မှုမပေးသဖြင့် အားမရသော ဥရောပမဟာမိတ်များ ပါသည်။ နိုင်ငံခြားရေးမူဝါဒ ရဲရင့်ပြတ်သားခြင်း မရှိသဖြင့် အထင်သေးနေသော ပြည်တွင်းမှ အင်အားသုံးလိုသူ သိမ်းငှက်များလည်း ပါဝင်ကြလေသည်။ အချို့ကတော့ အိုဘားမားသည် ပြည်ပရေးရာတွင် အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးရမိခြင်းနှင့် မြန်မာပြည်ကို သိမ်းသွင်းနိုင်ခြင်းတို့ကိုသာ လက်ညှိုးထိုးပြနေပြီး အလွန်ဆိုးရွားလာနေသော ဆီးရီးယားအရေး၊ အစ္စလာမ္မစ် စစ်သွေးကြွများအရေး၊ ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းအရေး များကို လက်ဦမှုရှိရှိ မဖြေရှင်းနိုင်ခဲ့ဟု ဝေဖန်ကြသည်။

အိုဘားမားအပေါ် ယုံကြည်မှုနည်း ပါးလာခြင်းမှာ သူပြောဆိုခဲ့သော စကားများနှင့် သူ၏ လက်တွေ့အကောင် အထည်ဖော်မှုအကြား များစွာ ကွာဟနေသောကြောင့် ဖြစ်သည်ဟုလည်း ဆိုကြသည်။ ဆီးရီးယား ဓာတုအဆိပ်ဗုံး ကိစ္စဆိုလျှင် ဆီးရီးယားအစိုးရကို အနီရောင်မျဉ်းကို မကျော်ဖို့နှင့် အနီရောင်မျဉ်းကိုကျော်လျှင် ပြင်းထန်သော အကျိုးဆက်ကို ရင်ဆိုင်ရမည်ဟု ပြင်းထန်စွာ သတိပေးခဲ့သော်လည်း တကယ်တမ်း ဓာတုဗုံးကို သုံးလာသောအခါ ထိရောက်စွာ မကိုင်တွယ်တော့ချေ။ ယခင်သမ္မတ ဆင်နွှဲခဲ့သော အာဖဂန်နှင့် အီရတ်စစ်ပွဲကို မိုက်မဲထိုင်းအသောစစ်ဟု စွပ်စွဲပြီး သူသမ္မတဖြစ်၍ ဘာမျှ မကြာမီ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု လက်ခံပြီးသည်နှင့် အာဖဂန်သို့ စစ်အင်အား အလုံးအရင်းပို့ကာ စစ်ရှိန်မြှင့်ခဲ့လေသည်။ အီရန် နျူကလီးယားအရေး တွင်လည်း “ဆုပ်ထားတဲ့ လက်သီးကို ဖြေချင်စိတ် ရှိနေသရွေ့ ခင်ဗျားတို့နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ပါပဲ” ဟု ပြောဆိုလာရင်း အီရန်လက်ထဲတွင် နျူကလီးယားလက်နက် ရရှိရန် နီးကပ်လာခဲ့လေသည်။

အိုဘားမားအတွက် ယုံကြည်မှု ရှိမရှိ အကျပ်အတည်း ကြုံရသည်မှာ ပထမအကြိမ် မဟုတ်ချေ။ ၂၀၁၂ ခုနှစ် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်ယှဉ်ပြိုင်စဉ်ကလည်း ထိုအကျပ်အတည်းမျိုး ရင်ဆိုင်ရဖူးလေသည်။ ထိုအကျပ်အတည်းက လွတ်မြောက်ရုံမက သမ္မတအဖြစ်ပင် ပြန်လည် အရွေးခံခဲ့ရလေသည်။ ဤသညှ်ာလည်း အမေရိကန်နိုင်ငံရေးစနစ်၏ ထူးခြားချက်ကြောင့် ဖြစ်လေသည်။ နိုင်ငံရေး သိပ္ပံပညာရှင်များသည် အခြေခံဥပဒေတွင် အစိုးရတစ်ခု ဆက်လက်တည်ရှိနိုင်မည့် အခွင့်အရေး မည်မျှပါရှိသနည်းဟူသည့် အချက်ပေါ်မှနေ၍ ပျော့ပျောင်းသလား၊ တောင့်တင်းသလားဆိုပြီး နှစ်မျိုးခွဲလေ့ ရှိလေသည်။ ဤခွဲခြားနည်းအရ အမေရိကန်စနစ်သည် ပျော့ပျောင်းမှု ရှိလေသည်။ ထိုစနစ်အောက်တွင် ရှိသော နိုင်ငံရေးပါတီများ အတွက်လည်း ပျော့ပျောင်းမှုများစွာ ရရှိလေတော့သည်။ စည်းကမ်းလည်း ရရှိစရာ မလိုသလို အဆင့်ဆင့် ခေါင်းဆောင်ဖြင့် ဖွဲ့စည်းစရာလည်း မလိုတော့ချေ။

အမေရိကန်တွင် ဆိုရိုးစကားတစ်ခု ရှိလေသည်။ ယင်းမှာ အမေရိကန်တွင် ရှိနေသည်မှာ ပါတီကြီး နှစ်ခုမဟုတ်။ ပြည်နယ် ၅၀ တွင် ပြည်နယ်အလိုက် ကိုယ့်ဘာသာကိုယ် မင်းမူနေသော ပါတီ ၁၀၀ ရှိသည် ဟူသော စကားဖြစ်သည်။ အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ကာလမှလွဲ၍ ကျန်အချိန်များတွင် နိုင်ငံရေးလှုပ်ရှားမှု သိပ်မတွေ့ရချေ။ ပါတီကြီးနှစ်ခုစလုံး၌ တိကျသော ကိုယ်ပိုင်လမ်းစဉ်ဟူ၍လည်း မရှိကြချေ။ သမ္မတရွေးကောက်ပွဲနီးမှ မိမိတို့၏ မူဝါဒများ ထုတ်ဖော်ကြလေသည်။ ပါတီအဖွဲ့အစည်း ဆိုသည်မှာလည်း အောက်ခြေဒေသ အဖွဲ့အစည်းများသာ ရှိပြီး ပြည်လုံးဆိုင်ရာ အဖွဲ့အစည်းမရှိချေ။ ပြည်နယ်အဆင့်များတွင်လည်း လျော့ရဲရဲ အဖွဲ့အစည်းသာ ရှိလေသည်။

ထို့ကြောင့် လွှတ်တော်ထဲ ရောက်သွားကြသူများသည် ဒီမိုကရက်၊ ရီပတ်ဘလစ်ကန်ဟု မခွဲတော့ဘဲ တူရာစုတတ်ကြသည်။ နှစ်ပါတီစလုံးရှိ ကွန်ဆာဗေးတစ်များကို ဆန့်ကျင်ရန် နှစ်ပါတီစလုံးမှ လစ်ဘရယ်များ ပူးပေါင်းချင် ပူးပေါင်းမည်။ နှစ်ပါတီထဲရှိ အလယ်ဗဟို ဝါဒီများစုကာ အစွန်းနှစ်ဖက် ဆန့်ကျင်မှု မပေါ်အောင်လည်း ဟန့်တားနိုင်လေသည်။ သို့သော် တစ်ခုသတိပြုရမည်မှာ ထိုသို့မဟာမိတ် ဖွဲ့ခြင်းသည် ယာယီသာ ဖြစ်သည်။ သူတို့အတွက် ခိုင်မြဲသော မဟာမိတ်၊ တည်ငြိမ်သော မဟာမိတ်ဟူ၍မရှိ။ တစ်ခါတစ်ရံ သမ္မတများပင် မဟာမိတ်အမျိုးမျိုး ပြောင်းလဲနေ၍ မျက်စိလည်ရလေသည်။ အင်အားကြီး နှစ်ပါတီစလုံး အရောရောအထွေးထွေး ရှိနေသဖြင့် အမေရိကန်နှစ်ပါတီ စနစ်ကို အတုအယောင် နှစ်ပါတီစနစ်ဟုပင် ခေါ်ကြလေသည်။

ယခု ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်မှ အများစု ရရှိသွားသဖြင့် ရီပတ်ဘလစ်ကန်များ ပိုမိုစည်းလုံးသွားမည်ဟု ယူဆ၍ မရချေ။ မတူသော အကျိုးစီးပွားဖြင့် ပေါင်းစည်းနေသော အုပ်စုမျိုးစုံလည်း ဆက်လက်တည်ရှိနေလိမ့်မည်။ ဒီမိုကရက်များအကြားတွင်လည်း အလားတူပင် ဖြစ်လိမ့်မည်။ ယခုရွေးကောက်ပွဲတွင် အနည်းငယ် ထူးသည်မှာ ဒီမိုကရက်အချို့သည် နောက်ရွေးကောက်ပွဲ၌ သူတို့ပြန်လည် အင်အားကောင်းလာစေလိုလျှင် သမ္မတအိုဘားမားနှင့် ဝေးနိုင်သမျှ ဝေးဝေးနေရမည်ဟု စဉ်းစားလာကြခြင်း ဖြစ်သည်။ ရီပတ်ဘလစ်ကန် မဟာဗျူဟာမှူး အဲလက်စ် ကာစ်တယ်လေနို့စ်က “ယခုအခါ ရောဂါကာကွယ်ရေးဝတ်စုံ ခြေဆုံးခေါင်းဆုံး ဝတ်သူ နှစ်မျိုးရှိနေသည်။ တစ်မျိုးမှာ အီဘိုလာရောဂါ ကုသပေးနေသူများ ဖြစ်ပြီး နောက်တစ်မျိုးမှာ သမ္မတအိုဘားမားကို မိမိမဲဆန္ဒနယ် မလာအောင် တားဆီးကာကွယ်လိုသူများ ဖြစ်သည်” ရေးသားခဲ့လေသည်။ ယခု ရွေးကောက်ပွဲသည် အဆိုးနှစ်ခုထဲမှ အဆိုးတစ်ခုကို ရွေးရသောကြောင့် ပေလောမသိ။ မဲဆန္ဒလာပေးသူ အရေအတွက်ကလည်း ၄၀ ရာခိုင်နှုန်းပင် ကောင်းကောင်းမပြည့်ဟု ဆိုကြသည်။

နေဦးဝေ
The Voice
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၄ ရက် midterm election ဆီးနိတ်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီမှ ခုနစ်ဦး ထပ်မံအနိုင်ရရှိသဖြင့် အမတ်ဦးရေ ၁၀၀ ရှိသော ဆီးနိတ်တွင် ရီပတ်ဘလစ်ကန်အမတ် ငါးဦးဖြစ်ကာ အများစု ဖြစ်သွားလေသည်။

အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps မြန်မာနိုင်ငံတွင်ထူထောင်သွားမည်

Photo: အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps မြန်မာနိုင်ငံတွင်ထူထောင်သွားမည်
Wednesday, November 19, 2014

အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အား ပေးအစီအစဉ် တစ်ရပ်ကို မြန်မာနိုင်ငံ၌ ထူထောင်သွားမည်ဖြစ်ကြောင်း အမေရိ ကန် ပြည်ထောင်စုက ကြေညာလိုက် ကြောင်း သိရသည်။ 

Peace Corps အစီစဉ်ကို ၁၉၆၁ ခုနှစ်တွင်စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းကစ၍ကမ္ဘာတစ်ဝန်း တွင် လုပ်အားပေး ၂၂၀၀၀၀ နီးပါကို စေလွှတ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍများတွင် ကူညီလုပ်ဆောင်ပေးကြခြင်းဖြစ်သည်။   

၎င်း၏ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းသည် အမေရိကန်လူထုနှင့် တခြားနိုင်ငံ တွေ က လူထုများအကြောင်းနားလည်မှုပိုမို ရရှိလာစေရန်အတွက်လည်းဖြစ် သည်။ မြန်မာနိုင်ငံသည် Peace Corps အစီစဉ်တွင် ပါဝင်တဲ့ နိုင်ငံများ ထဲတွင် ၁၄၁ ခုမြောက်နိုင်ငံဖြစ်လာပြီး အမေရိ ကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့ ကြားတွင် အားကောင်းသည့်ပူးတွဲလုပ် ဆောင်မှုများ၊ ခိုင်မာသည့်ဆက်ဆံရေး များရှိနေသည်ကို ဒီအစီစဉ်ကသက်သေ ပြလိုက်ခြင်းဖြစ်ကြောင်းကို အမေရိကန် သမ္မတအိမ်ဖြူတော်၏ကြေညာချက် တွင် ဖော်ပြထားကြောင်းလည်းသိရ သည်။

၎င်းPeace Corps ငြိမ်းချမ်းရေး ဆိုင်ရာလုပ်အားပေး အစီအစဉ်တွင် မြန်မာနိုင်ငံပါလာရခြင်းမှာဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတက်ရောက် ပြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတ အိုဘားမားမြန်မာနိုင်ငံသို့ရောက်နေချိန် တွင် ယင်း Peace Corps အစီစဉ်ကြေညာ ချက်ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းနောက်တွင်  Peace Corps လုပ်အားပေး ပထမဦးဆုံးအသုတ်သည် ၂၀၁၅ ခုနှစ်ကုန်ခါနီးတွင် မြန်မာနိုင်ငံ ဆီသို့ရောက်ရှိလာမည်ဖြစ်ပြီး သုံးလကြာ သင်တန်းပြီးဆုံးပြီးသည့်နောက်တွင် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ၌ နှစ်နှစ် ကြာကြာတာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်းလည်း သိရသည်။
အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အားပေး   အစီအစဉ်တစ်ရပ်ကို မြန်မာနိုင်ငံတွင် ထူထောင်သွားမည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ  အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တစ်ခုထဲတွင် ဖော်ပြထား သည်မှာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် ၏သန်္နိဋ္ဌာန်ကို အကောင်း ဆုံးဖော်ပြဖို့ရာ ယခုကဲ့သို့လူထုအချင်းချင်းဆက်သွယ် လုပ်ဆောင်တာမျိုးကတစ်ဆင့်ဖော်ပြသည် ထက်ပိုကောင်းတဲ့ နည်းလမ်းမရှိဘူးဟု လည်း ဖော်ပြထားကြောင်းသိရသည်။
 
မာန်ဟိန်း
Hot News
အမေရိကန်ပြည်ထောင်စု၏ Peace Corps ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အား ပေးအစီအစဉ် တစ်ရပ်ကို မြန်မာနိုင်ငံ၌ ထူထောင်သွားမည်ဖြစ်ကြောင်း အမေရိ ကန် ပြည်ထောင်စုက ကြေညာလိုက် ကြောင်း သိရသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေး သူရဦးရွှေမန်း ပြောကြားချက်မှာ လုပ်ငန်းစဉ်ကို ပြောခြင်း ဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ် တပ်မတော်ကိုအပြစ်တင်နေခြင်းမဟုတ်ဒီမိုကရေစီစံနူန်းနှင့် မကိုက်ညီ၍ ထောက်ပြနေခြင်းဖြစ်”

Photo: “ဖွဲ့စည်းပုံပြင်ဆင်ရေး သူရဦးရွှေမန်း ပြောကြားချက်မှာ လုပ်ငန်းစဉ်ကို ပြောခြင်း ဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

တပ်မတော်ကိုအပြစ်တင်နေခြင်းမဟုတ်ဒီမိုကရေစီစံနူန်းနှင့် မကိုက်ညီ၍
ထောက်ပြနေခြင်းဖြစ်”
Wednesday, November 19, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဧ။် နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွှဲတွင် ပြောကြားခြင်းမှာ လုပ်ငန်းစဉ်သဘောကို ပြောခြင်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။

ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ခြင်း ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် အတည်ပြု ဆောင်ရွက်မည်ဟု ပြောကြားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါက Process ကို ပြောတာပါ။ Process ဒီလိုပဲ သွားရမှာပေါ့။ ဆိုပါစို့ ၄၃၆ ကို ပြုပြင်ပြောင်းလဲရေးဆုံးဖြတ်ပြီးတော့မှသာလျှင် တချှို့ကိစ္စတွေကို ပြောင်းလဲ ရမယ်လေ။ ဒါတွေက အချိန်အရရောလက်ရှိသွားနေတဲ့လုပ်ငန်းတွေအရရော processအရ ဒီလိုပဲ သွားရမှာပေါ့လေ။ဥပဒေပညာရှင်တွေကို မေးကြည့်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ဘာကြောင့် ဒီလိုခြေလှမ်းတွေနဲ့ သွားနေရ တယ်ဆိုတာ ဥပဒေသမားတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းပြောပြနိုင်ပါ့လိမ့်မယ်။ ၅၉( စ ) ကို မပြင်ခင် ၄၃၆ ကို အရင်ပြင်ရမယ်လေ။ အဲ့လို သူ့အဆင့် သူ့အဆင်တွေရှိတယ် ဒီလိုပဲ လုပ်ငန်းသဘာဝကဖြစ်ဖို့က သဘာဝကျပါတယ်။” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်ထေထာင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၄င်းဧ။် သတင်းစားရှင်လင်းပွဲတွင် "နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာပါ။ ထွက်ပေါ်လာမယ့်။ပြည်ထောင်စု လွှတ် တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းများကို နောက်တစ်ပတ် လွှတ်တော် အစည်းအဝေးတွေမှာ ဆုံး ဖြတ်အတည်ပြုမယ်။အဲဒီက ထွက် ပေါ်လာမယ့် ဥပဒေကြမ်းတွေကို တစ်ချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်။အဲဒါကို လာမယ့် ၂ဝ၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲဒီက ထွက်ပေါ်လာတဲ့ ဟာကို ၂ဝ၁၅ ရွေးချယ်တင်မြောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်း ပတဲ့ ပြည်သူ့လွှတ်တော်၊ ပြည် ထောင်စုလွှတ်တော် ကျင်းပတဲ့အခါ ကျမှ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းလိုက်တဲ့ ပြဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ။"ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်ဧ။် အခန်းကဏ္ဍ အပေါ် ဆွေးနွေးပြောကြားမှုများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် ဧ။် အခန်းကဏ္ဍမှာ ဒီမိုကရေစီစံနူန်းများနှင့်မကိုက်ညီသောကြောင့် ပြောကြားနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကThe Street View သို့ပြောသည်။

“ဒီမိုကရေစိလမ်းကြောင်းကို သွားတယ်ဆိုရင်ပိုပိုပြီးတော့ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီရမယ်။ တပ်မတော်ရဲ့ ကဏ္ဍနဲ့ ပတ်သက်လို့ အန်တီတို့သဘောမတူတာက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီးတော့ ကိုက်ညီစေချင်တယ်။ တပ်မတော်ကို ဥိးတည်ပြီးတော့ တပ်မတော်ကို အပြစ်ရှာတာ ဒီလို ပုံစံမဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လုပ်တာ ။ ဘယ်လိုပဲ ပြောပြော တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးထားတဲ့ ကဏ္ဍဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူး။ ဒါလူတိုင်း လွယ်လွယ်နဲ့ သိမှာပါ။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ ခုနှစ် မေလအတွင်း လူထုဆန္ဒခံယူပွဲ လုပ်နိုင်မည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဧ။်ပြောကြားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခြေအနေကောင်းတစ်ခု ရှိနေနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်သည်။ လူထုဆန္ဒခံယူပွဲအား မေလအတွင်းတွင်ကျင်းပမည်ဆိုပါက ယင်းအချိန်ကာလ မတိုင်မီ လွှတ်တော်အတွင်း၌ ပြင်ဆင်ရေး သဘောတူညီမှုရထားရမည်ဖြစ်ကြောင်း လူထုဆန္ဒခံယူပွဲ ဧ။် ထောက်ခံမှုအရ ပြင်ဆင်ချက်ဥပဒေများသည် ၂၀၁၅ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် လွှတ်တော် နှင့် အစိုးရလက်ထက်မှသာ အသက်ဝင်မည်ကိုပြောကြားခြင်းဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဧ။် သတင်းစာရှင်းလင်းပွဲ၌ပြောကြားချက်အပေါ် သူရဦးအောင်ကိုက သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ယခုလွှတ်တော်၌ ဆောင်ရွက်လိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်လာမည့် အစိုးရလက်ထက်မှသာ ကျင့်သုံး၍ရနိုင်မည်ဟု The Street View သို့ပြောသည်။

The Street View
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဧ။် နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွှဲတွင် ပြောကြားခြင်းမှာ လုပ်ငန်းစဉ်သဘောကို ပြောခြင်း ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။

နည်းမှန်လမ်းမှန် နမ်းမယ်ဆိုရင် ကျန်းမာရေးနဲ့ကိုက်ညီမှုရှိတဲ့ ပြင်သစ်အနမ်း

Photo: နည်းမှန်လမ်းမှန် နမ်းမယ်ဆိုရင် ကျန်းမာရေးနဲ့ကိုက်ညီမှုရှိတဲ့ ပြင်သစ်အနမ်း
Wednesday, November 19, 2014

၁၀ မိနစ်ကြာ နှုတ်ခမ်းချင်းဆက် ပြင်သစ်အနမ်းပေးမှုပုံစံက ဘက်တီးရီးယား သန်းပေါင်း (၈၀) ပျံ့နှံ့စေတယ်လို့ လေ့လာမှုတစ်ခုကဆိုထားပါတယ်။

သူစိမ်းနှစ်ဦးရဲ့လျှာ က ဘက်တီးရီးယားတွေထက် စုံတွဲတွေရဲ့ လျှာပေါ်ရှိ ဘက်တီးရီးယားတွေမှာ များစွာ ဆင်တူမှုရှိကြောင်း တွေ့ရပါတယ်။

အဲဒီသဘောတရားကို ထပ်ဆင့်စမ်းသပ်စစ်ဆေးဖို့ ဘက်တီးရီးယားကြီးထွားမှုဖြစ်စေတဲ့ အရည်တစ်မျိုး သောက်ခိုင်းပြီး ခဏကြာပြီးတဲ့အချိန်မှာ နောက်တစ်ခါ ထပ်နမ်းကြဖို့ စုံတွဲနှစ်တွဲထဲက တစ်တွဲကို သုတေသီများက တောင်းဆိုခဲ့ကြပါတယ်။ ခံတွင်းထဲ ပုံမှန်တွေ့နေကျမဟုတ်တဲ့ ဘက်တီးရီးယား ကြီးထားဖွံ့ဖြိုးစေတဲ့ ဘက်တီးရီးယားတွေက တခြား ဘက်တီးရီးယား သန်း (၈၀) တွေနဲ့အတူ ကူးပြောင်းခဲ့ကြပါတယ်။ အချိန်အကြာဆုံး နမ်းတဲ့ စုံတွဲတွေမှာ တစ်ဦးနဲ့တစ်ဦး ဘက်တီးရီးယား ပမာဏ အများဆုံး မျှဝေခဲ့ကြောင်း စစ်တမ်းတစ်ခုမှ တွေ့ရှိခဲ့တယ်။

လွတ်လွတ်လပ်လပ် တစ်စုံတစ်ယောက်နဲ့ အချိန်အကြာကြီး အတူရှိနေခဲ့ပြီး သမီးရည်းစားဆက်ဆံရေးတစ်ခု ရယူပိုင်ဆိုင် ထားတာဟာ လျှာပေါ်က ဘက်တီးရီးယားတွေ အလားတူ၊ ဆင်တူမှုဖြစ်စေတယ်လို့ Remco က ပြောဆိုခဲ့တယ်။

ဒါ မနှစ်မြို့စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ် ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်တယ်လို့ Remco က အလေးအနက် ပြောဆိုထားပါတယ်။ လူတစ်ဦးတစ်ယောက်အတွက် ဒါကို ရောဂါခုခံကာကွယ်မှု ပုံစံတစ်မျိုးအနေနဲ့ အသုံးပြုနိုင်ပြီး ဘက်တီးရီးယားပိုးမွှားတွေ ခုခံကာကွယ်မှုစနစ်တစ်ခုအဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။

ဒီလိုရှုထောင့်ဘက်က ကြည့်ရင် နမ်းတာဟာ ကျန်းမာရေးနဲ့ အရမ်းကိုက်ညီတယ်လို့ သူက ထပ်လောင်းပြောဆိုခဲ့တယ်။

တကယ်တော့ မိမိနဲ့ နမ်းတဲ့သူက ဘယ်သူလဲဆိုတာနဲ့ သူသယ်လာတဲ့ ဘက်တီးရီးယားအမျိုးအစားပေါ် မူတည်နေပါတယ်။ နောက်ပြီး နမ်းပုံ နမ်းနည်းပေါ်လည်း မူတည်ပါသေးတယ်။ အချိန်ကာလ အပိုင်းအခြား တစ်ခု အတွင်း နှစ်နှစ်ကာကာ နမ်းတာဟာ မီလီယံနဲ့ချီ ပျံ့နှံ့တဲ့စေတဲ့အချိန်မှာ နှုတ်ခမ်းချင်း တို့ထိရုံသာနမ်းခြင်းကတော့ ဘက်တီးရီးယား အရေအတွက်
(၁၀၀၀) ဝန်းကျင်လောက်သာ ပျံ့နှံ့စေပါတယ်။

Ref:herworldplus.com
Trend Myanmar
၁၀ မိနစ်ကြာ နှုတ်ခမ်းချင်းဆက် ပြင်သစ်အနမ်းပေးမှုပုံစံက ဘက်တီးရီးယား သန်းပေါင်း (၈၀) ပျံ့နှံ့စေ တယ်လို့ လေ့လာမှုတစ်ခုကဆိုထားပါတယ်။

လိပ်ကျွန်းအမှု ရုံးချိန်း ထပ်ထုတ်မည်

Photo: လိပ်ကျွန်းအမှု ရုံးချိန်း ထပ်ထုတ်မည်
Wednesday, November 19, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့်ပတ် သက်၍ ဖမ်းဆီးခံထားရသူ ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၏ အမှုတွဲကို မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် ရုံးချိန်း ထပ်ထုတ်မည်ဟု သိရသည်။

ထိုအမှုအား လိုက်ပါ ဆောင်ရွက် ပေးနေသူ နှင့် မြန်မာသံရုံး အထူး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က “ကျနော်တို့ နောက်ဆုံး သတင်းရတာက လေးကြိမ်မြောက် ရမန် အမှုတွဲကို ဒီလ ၁၉ ရက် သို့မဟုတ် ၂၀ ရက်နေ့မှာ အမှုတင်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားလာပါတယ်၊ ကော့စမွေ တရားရုံးမှာ တင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယခုအကြိမ် တင်မည့် အမှုတွဲသည် လေးကြိမ်မြောက်ဖြစ်ကြောင်း၊ အမှုတွဲတင်ရမည့် နောက်ဆုံးရက်သည် နိုဝင်ဘာလ ၂၀ ရက် ဖြစ်ကြောင်း၊ အကယ်၍ နိုဝင်ဘာ ၂၀ တွင် အမှုတွဲ မတင်နိုင်ပါက ထိုင်းနိုင်ငံ၏ ဥပဒေ အရ တရားခံဟု ဖမ်းဆီးခံထား ရသူများအား တရားရှင် လွှတ်ပေးပိုင်ခွင့် ရှိကြောင်း၊ အသေးစိတ် အချက် အခြေအနေများအား တရားရုံး တင်ပြီးချိန်မှသာ သိရမည် ဖြစ်ကြောင်း ၎င်း က ဆက်လက် ရှင်းပြသည်။

ထိုအမှုသည် သေဒဏ် ကျခံနိုင်သည့်အမှု ဖြစ်ကြောင်း၊ သို့သော် ပြစ်မှု ကျူးလွန် သည်ဟု ခိုင်မာသည့် မျက်မြင် သက်သေ မရှိကြောင်း၊ ထို့ကြောင့် စွပ်စွဲ ဖမ်းဆီး ခံရထားရသူများဘက်မှလည်း ခိုင်မာသည့် သက်သေ ထွက်ဆိုပေးနိုင်မည့် သူများ ရ ရှိရေးကို ကြိုးပမ်းနေ ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြော သည်။

၎င်းက “ဒီအမှုဟာ သေဒဏ် ကျခံနိုင်တဲ့ အမှုဖြစ်တယ်၊ ဒါပေမယ့် ပြစ်မှုကျူးလွန် တယ်ဆိုတာကို ခိုင်မာတဲ့ အထောက် အ ထား အခုချိန်ထိ မရှိသေးတဲ့ အတွက် ဒီကလေးတွေဟာ ပါဝင် ပတ်သက်ခြင်း မရှိဘူး၊ ဒါကြောင့် သေချာစွာ တင်ပြနိုင် မယ့် သက်သေ၊ အထောက်အထားတွေကို ရှာဖွေနေပါတယ်၊ ပြီးတော့ DNA တူတယ်ဆိုတဲ့ အချက်ဟာလည်းပဲ DNA ရဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ မညီတဲ့ အတွက် ဒါတွေကို တင်ပြနိုင်ဖို့ အထောက်အထားတွေ စုဆောင်းနေပါတယ်”ဟု ဆိုသည်။

လက်ရှိ ရရှိထားသော အထောက်အထား တချို့၌ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့သည် အခင်းဖြစ်ပွားခဲ့သည့် စက်တင် ဘာ ၁၅၊ ၁၆ မှ လကုန် သည့် အထိ ၎င်းတို့၏ အလုပ်ကို ပုံမှန်အတိုင်း အေးဆေးစွာ လုပ်ဆောင်နေ ခဲ့ကြသည် ကိုတွေ့ရှိခဲ့ရ သည်ဟု မျက်မြင် သက်သေများက ပြောဆိုထားကြောင်း၊ အကယ်၍ ၎င်းတို့ အနေဖြင့် လူသတ်မှု ကျူးလွန်ခဲ့မည်ဆို ပါက ထို နေရာ၌ အချိန်ကြာမြင့်စွာ အလုပ် လုပ်ကိုနေရန် မဖြစ်နိုင်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့ ဘက်မှ ခိုင်မာသည့် ထွက်ဆိုချက် ပေးနိုင်ရန် ၎င်းတို့ နေထိုင် လုပ်ကိုင်ခဲ့ကြ သည့် လိပ်ကျွန်း၌ အထောက်အထားများ ရှာဖွေ ဆုတောင်းနေကာ၊ ကိုယ်တိုင် သွား ရောက် ၍ အထောက်အထားများ စုဆောင်းမည် ဖြစ်ကြောင်း အမှုအား လိုက်ပါ ကူညီပေးနေသော မြန်မာ သံရုံးအထူးအဖွဲ့ဝင် တဦးဖြစ်သူ ပါဝင်သူ ဦးကျော်သောင်း က လည်း ပြောသည်။

၎င်းက “ကျနော်တို့မှာ အထောက်အထား တော်တော်များများ ရရှိထားပြီးပါပြီ၊ အကောင်းဆုံး ဖြစ်အောင်တော့ ကျနော်တို့ အဖွဲ့က အတတ်နိုင်ဆုံး ဆောင် ရွက်နေကြပါ တယ်”ဟု ဆိုသည်။

လိပ်ကျွန်း လူသတ်မှုသည် အထူးအမှု ဖြစ်နေသည့်အတွက် ၃ လအတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဟုလည်း ထိုင်း တရားရုံး က ပြောဆို ထားကြောင်း သိရသည်။

အမှု၏ အခြေအနေများကို လေ့လာ စစ်ဆေးရန်လည်း နေပြည်တော်မှ အဖွဲ့တခု သည် မကြာမီ လာရောက်မည်ဟု ပြော ဆို ထားကြောင်း၊ အမှုကို လိုက်ပါဆောင် ရွက်နေသူများ က ပြောသည်။

ဧရာဝတီ
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့်ပတ် သက်၍ ဖမ်းဆီးခံထားရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ အမှုတွဲကို မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် ရုံးချိန်းထပ်ထုတ်မည်ဟု သိရသည်။

ယူကရိန်းနှင့် ရုရှားနယ်စပ်တွင် ရုရှားစစ်တပ်များ ချထားမှု နေတိုးအတွင်းရေးမှူးချုပ် ပြစ်တင်

Photo: ယူကရိန်းနှင့် ရုရှားနယ်စပ်တွင် ရုရှားစစ်တပ်များ ချထားမှု နေတိုးအတွင်းရေးမှူးချုပ် ပြစ်တင်
Wednesday, November 19, 2014

နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလန်ဘာ့ဂ်က ယူကရိန်းနယ်စပ် ရုရှားဘက်ခြမ်းနဲ့ ယူကရိန်းဘက်ခြမ်း ၂ ဘက်လုံးမှာ ရုရှားစစ်တပ်အင်အား အသည်းအသန်ချထားမှုကို နိုဝင်ဘာ ၁၈ ရက်နေ့က လူသိရှင်ကြား ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဒါအပြင် တပ်တွေကို ပြန်ခေါ်ထုတ်ဖို့ကိုလည်း ရုရှားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုအတွင်း တပ်တွေရဲ့ လှုပ်ရှားမှု၊ ပစ္စည်းကိရိယာတွေ၊ တင့်ကားတွေ၊ အမြောက်တွေနဲ့ အဆင့်မြင့်လေကြောင်း ကာကွယ်ရေး စနစ်တွေကိုပါ နေတိုးက မြင်ရတယ်လို့ စတိုလန်ဘာ့ဂ်က ပြောပါတယ်။

ရုရှားကတော့ ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ သူပုန်ထမှုကို ထောက်ပံ့ဖို့ တပ်တွေနဲ့ လက်နက်တွေ စီစဉ်ပေးတယ်ဆိုတဲ့အချက်ကို ငြင်းပါတယ်။

အီးယူ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ရောက်လာတဲ့ စတိုလန်ဘာ့ဂ်က ယူကရိန်းနိုင်ငံတွင်း တပ်တွေ စုနေတဲ့ သတင်းအချက်လက်တွေ သူမှာ ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားကနေ ယူကရိန်းအရှေ့ဘက် ခွဲထွက်ရေးသူပုန်တွေ တပ်စွဲထားတဲ့ ဒေသတွင်းကို စစ်လက်နက်တွေ ရောက်လာတာ နေတိုးက တွေ့ခဲ့တယ်လို့ အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး ဖိလစ် ဘရိဒ်လဗ်က အရင်အပတ်က ပြောတာကို ရုရှားက ငြင်းခဲ့ပါသေးတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် အစ်ဂေါ ကိုနာရှန်ကိုဗ်ကတော့ စွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။

DVB
နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလန်ဘာ့ဂ်က ယူကရိန်းနယ်စပ် ရုရှားဘက်ခြမ်းနဲ့ ယူကရိန်းဘက်ခြမ်း ၂ ဘက်လုံးမှာ ရုရှားစစ်တပ်အင်အား အသည်းအသန်ချထားမှုကို နိုဝင်ဘာ ၁၈ ရက်နေ့က လူသိရှင်ကြား ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

အီဘိုလာရောဂါ ကုသခဲ့သည့် အိန္ဒိယအမျိုးသား သုက်ပိုးထဲတွင် ဗိုင်းရပ်စ်လက်ကျန် တွေ့ရှိ

Photo: အီဘိုလာရောဂါ ကုသခဲ့သည့် အိန္ဒိယအမျိုးသား သုက်ပိုးထဲတွင် ဗိုင်းရပ်စ်လက်ကျန် တွေ့ရှိ
Wednesday, November 19, 2014

လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကို ကုသခဲ့ပြီး အိန္ဒိယနိုင်ငံကို ပြန်လာ တဲ့ အမျိုးသားတယောက်ရဲ့ သုက်နမူနာမှာ အီဘိုလာဗိုင်းရပ်စ်လက်ကျန် ပြနေလို့ အများသူ၊ ငါနဲ့ မတွေ့စေဘဲ သီးခြားခွဲပြီး ရောဂါခြေချုပ်နဲ့ ထားတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

နယူးဒေလီလေဆိပ်ကို နိုဝင်ဘာ ၁၀ ရက်နေ့က ရောက်လာတဲ့ အိန္ဒိယ အမျိုးသားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့လမ်းညွှန်ချက်တွေအတိုင်း စမ်းသပ်ရာမှာ အီဘိုလာ ကင်းစင်ပြီလို့ ပြနေခဲ့ပေမယ့် သူရဲ့သုက်ပိုး စမ်းသပ်မှုထဲမှာ ဗိုင်းရပ်စ်ကို တွေ့ခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သုက်ပိုးတွေကို အမျိုးသားရောဂါပိုး ထိန်းချုပ်ရေးဌာနနဲ့ ကူးစက်ရောဂါဆိုင်ရာ တက္ကသိုလ်တို့မှာ စမ်းသပ်ခဲ့တာလို့ ကျန်းမာရေးဝန်ကြီး ဂျေပီ နက်ဒ်ဒါ (JP Nadda) က ပြောပါတယ်။

အိန္ဒိယအမျိုးသားကတော့ အီဘိုလာရောဂါ ကုသပြီးစီးကြောင်း အထောက် အထား စာရွက်စာတမ်းတွေကို သူနဲ့ အတူ ယူလာခဲ့တာပါ။ သူ့ကို ရောဂါ ခြေချုပ် ထားပြီး နောက် ၁၀ ရက် နေရင် သူကိုယ်ထဲ ဗိုင်းရပ်စ်ရှိ၊ မရှိ စမ်းသပ် မယ်လို့ အကြီးတန်းကျန်းမာရေးဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါ တယ်။

လတ်တလော သီတင်းပတ်တွေအတွင်း အီဘိုလာကူးစက်ခံ အနောက်အာဖရိက ကနေ လာတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေကို အိန္ဒိယအစိုးရက စစ်ဆေးခဲ့ ပါတယ်။

 ဒီဗွီဘီ
လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကိုကုသခဲ့ပြီး အိန္ဒိယနိုင်ငံကိုပြန်လာတဲ့ အမျိုးသားတယောက်ရဲ့ သုက်နမူနာမှာ အီဘိုလာဗိုင်းရပ်စ်လက်ကျန် ပြနေလို့ အများသူ၊ ငါနဲ့ မတွေ့စေဘဲ သီးခြားခွဲပြီး ရောဂါ ခြေချုပ်နဲ့ ထားတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးမှာ မျိုးကွဲဗီဇ ဘယ်လောက်ရှိသလဲ…

Photo: ကြက်ငှက်တုပ်ကွေးမှာ မျိုးကွဲဗီဇ ဘယ်လောက်ရှိသလဲ…
Wednesday, November 19, 2014

နယ်သာလန်နိုင်ငံမှ ငှက်အကောင်ရေ ၁၅၀,၀၀၀ မှာ တွေ့ရှိခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးကို H5N8 အမျိုးအစားအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစားတစ်ခုချင်းစီကို အပြင်ပန်းလက္ခဏာ  မတူညီကွဲပြားတဲ့ HA နဲ့ NA ပရိုတိန်းဓာတ်တွေပေါ်မူတည်ပြီး အက္ခရာတွေနဲ့ နံပါတ်တွေပေါင်းစပ်ပြီး အမည်နာမတစ်ခုခု ပေးလိုက်တာပါ။

ဒီပရိုတိန်းဓာတ် အမျိုးအစားခွဲပေါင်း (၂၇) မျိုးရှိတာကြောင့် လူတွေဆီ ခုန်ပျံကူးစက်နိုင်ချေရှိတဲ့ ဗိုင်းရပ်စ်များစွာ ရှိပါတယ်။ သို့ပေမဲ့ ဗိုင်းရပ်စ်တိုင်းမှာ ရှိတာတော့မဟုတ်ပါဘူး။

H5, H7 နဲ့ H9 အမျိုးအစားတွေဟာ လူတွေကို အဖျားအမြန်ဆုံးဖြစ်စေတဲ့ အမျိုးကွဲဗိုင်းရပ်စ်လေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဗိုင်းရပ်စ်တွေက အမြဲ တမ်း သန္ဓေပြောင်းလဲနေတာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်။

နောက်ဆုံးတွေ့ရှိထားတဲ့ ကြက်ငှက်တုပ်ကွေးအမျိုးအစားများနဲ့ တွေ့ရှိခဲ့တဲ့ နေရာဒေတွေကို လေ့လာ ကြည့်ရအောင်...

H5N1 ဗိုင်းရပ်စ်
၁၉၉၃ ခုနှစ် ဟောင်ကောင်နိုင်ငံက နာမကျန်းဖြစ်သူတစ်ဦးတွင် ပထမဦးဆုံးတွေ့ရှိခဲ့ပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့။

WHO ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၃ နဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံပေါင်း (၁၆) နိုင်ငံမှာလူ ၆၆၇ ဦး H5N1 ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီး ၃၉၃ ဦး သေဆုံးစေခဲ့ကြောင်း အတည်ပြုပြောဆို။

H7N9 ဗိုင်းရပ်စ်
၎င်းဗိုင်းရပ်စ် ဟာ တခြားဟာများနဲ့မတူပဲ အထူးအန္တရာယ်များကြောင်း WHO ပြောဆိုခဲ့ပါတယ်။

လူပေါင်း ၄၅၀ ဦး ကူးစက်မှုဖြစ်စေခဲ့ပြီး ၁၆၅ ဦး သေဆုံးမှုဖြစ်စေခဲ့။

လူတစ်ဦးမှ နောက်တစ်ဦးသို့ ကူးစက်နိုင်ပေမယ့် ၎င်းဖြစ်ရပ်များ ဖြစ်ခဲကြောင်း သက်သေအထောက်အထားတည်ရှိ။

H7N7 ဗိုင်းရပ်စ်
၂၀၀၃ ခုနှစ်တွင် နယ်သာလန်နိုင်ငံက ကြက်မွေးမြူရေးခြံတစ်ခုမှာ စတင်ဖြစ်ခဲ့ပြီး ကြက်၊ဘဲခြံ ၈၀၀ မှာ ပျံ့နှံ့ခဲ့လို့ ကြက်အကောင်ရေ ၁၁ မီလီယံ သေဆုံးမှုဖြစ်စေခဲ့။

လူပေါင်း ၉၀ ထက်မနည်း ကူးစက်ခဲ့ပြီး (၁) ဦးသေဆုံး
H10N8 ဗိုင်းရပ်စ်

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံတွင်သာတွေ့ရှိ။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ခုချိန်ထိ ရောဂါကူးစက်မှုများနဲ့ သေဆုံးမှုနှစ်ရပ်ဖြစ်ပွားခဲ့။

N10N7 ဗိုင်းရပ်စ်
အီဂျစ်နိုင်ငံမှာ ကလေးလေးနှစ်ယောက် ဖျားနာမှုဖြစ်ခဲ့ပြီးသည့်အချိန် ၂၀၀၄ ခုနှစ်တွင် လူမှာ ပထမဦးဆုံးတွေ့ရှိ။

H7N3 ဗိုင်းရပ်စ်
၂၀၀၄ ခုနှစ်တွင် ဖြစ်ပွားခဲ့မှုကြောင့် ကနေဒါနိုင်ငံမှာ ငှက် မီလီယံနဲ့ချီ သေဆုံးမှုဖြစ်စေခဲ့ပေမဲ့ လူနှစ်ဦးသာကူးစက်မှု ဖြစ်ပွားခဲ့ကြောင်းအတည်ပြု။

Source: BBC
နယ်သာလန်နိုင်ငံမှ ငှက်အကောင်ရေ ၁၅၀,၀၀၀ မှာ တွေ့ရှိခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးကို H5N8 အမျိုးအစားအဖြစ် သတ်မှတ်ခံထားရပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်များ လစာခံစားခွင့် ကျပ် ၁၆ သိန်းအထိရရှိရန် လွှတ်တော်အတည်ပြု

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို လစာခံစားခွင့် အနည်းဆုံး ကျပ်၁၀ သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိရရှိရန် ဥပဒေကြမ်းတွင် ထည့်သွင်းအတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြန်မာ-လာအို တပ်မတော်နှစ်ရပ် ပူးပေါင်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းလှမ်း

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာအို နိုင်ငံထံသို့ ကမ်းလှမ်းလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေပြင်ရန် ဆောင်ရွက်နိုင်မည်ဟု ဦးရွှေမန်းပြော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သမ္မတနှင့် ကာချုပ်အပေါ်မူတည်ဟု သူရဦးရွှေမန်းဆို

လာမည့်မေလ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့်အဖြေပေါ်မူတည်ပြီး မှသာဆောင်ရွက်၍ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

ဗဟန်းတွင် တိုက်ခန်းတစ်ခန်း မီးလောင်

ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်/အနောက်ရပ်ကွက် အနောက်ဈေးဟောင်းလမ်းတွင် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် တာမွေမီးသတ်ဌာနတို့က ဆယ် မိနစ်အတွင်းပူးပေါင်းပြီး မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြော သည်။

ဥပဒေ မကျင့်သုံးရသေးမီ ပြင်ဆင်ရန် တောင်းဆိုခြင်း အဆင့်ကျော်နေဟု ပညာရေးဝန်ကြီးပြောကြား

Photo: ဥပဒေ မကျင့်သုံးရသေးမီ ပြင်ဆင်ရန် တောင်းဆိုခြင်း အဆင့်ကျော်နေဟု ပညာရေးဝန်ကြီးပြောကြား
Wednesday, November 19, 2014

မကြာမီက ပြဋ္ဌာန်း လိုက်သော အမျိုးသားပညာရေး ဥပဒေကို မကျင့်သုံးရ သေးမီ ပြန် လည်ပြင်ဆင်ရန် တောင်းဆိုနေ ကြခြင်းသည် အဆင့်ကျော်နေ သလိုဖြစ်နေကြောင်း ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားလိုက်သည်။

တက္ကသိုလ် ကျောင်းသား များက အမျိုးသားပညာရေးဥပဒေ အား လေးရက်ကြာ သပိတ်မှောက် ဆန္ဒပြမှုရပ်ဆိုင်း၍ အာဏာပိုင် များ၏ တုံ့ပြန်မှုကို ရက်ပေါင်း ၆၀ စောင့်ဆိုင်းမည်ဟု ကြေညာခဲ့ သည်။

ထိုသို့ ကြေညာပြီး နောက်တစ်ရက်တွင် ပညာရေးဝန်ကြီး ဌာနက မီဒီယာများနှင့် တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။

‘‘ကျောင်းသားတွေပြောတဲ့ အချက် ခြောက်ချက်မှာပါတဲ့ ကိစ္စတွေဟာ ဆက်စပ်ဥပဒေတွေမှာ ပါသွားဖို့ရှိနေပေမယ့် သူတို့က တစ်ဆုံးကြီးအမျိုးသားပညာရေး ဥပဒေပြင်ဖို့လို့ပြောရင်တော့ ဥပ ဒေရေးတဲ့သူနဲ့ ဆက်စပ်ပေးဖို့ရှိ တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီ ဥပဒေကို မကျင့်သုံးရသေးဘဲနဲ့ ပြင်ဖို့ဆိုတဲ့ဟာက ဘယ်လိုပြော မလဲ။ အဆင့်တစ်ခုကျော်နေသ လိုမျိုးဖြစ်နေပါတယ်’’ဟု သတင်း စာရှင်းလင်းပွဲတွင် ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီကပြော သည်။

အမျိုးသားပညာရေးဥပဒေ ကို လွှတ်တော်သို့မတင်သွင်းမီ ကပင် ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်း၊ အရပ်ဘက်ပညာရေး အဖွဲ့အစည်းများက ကန့်ကွက် ဆန့်ကျင်မှုများပြုလုပ်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်တို့ကြားတွင် ငြင်းခုံဆွေးနွေးမှုများဖြစ်ပေါ်ခဲ့ ပြီး သမ္မတနှင့် လွှတ်တော်ကြား တွင်လည်း သဘောထားကွဲလွဲမှု များရှိခဲ့ပြီးနောက် အတည်ပြု ပြဋ္ဌာန်းလိုက်သော အမျိုးသား ပညာရေးဥပဒေကို ယခုအခါ တက္ကသိုလ်ကျောင်းသားများက လမ်းပေါ်ထွက် သပိတ်မှောက်ခဲ့ ခြင်းဖြစ်သည်။

နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သပိတ်မှောက်ကျောင်း သားအချို့၏ ထုတ်ပြန်ချက် အပေါ် ရှင်းလင်းချက်နှင့် ဖိတ် ခေါ်ချက်၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော် မတီ၏ အစီအစဉ်များနှင့် သတင်း ရေးသားချက်များသည် တစ်ဖက် သတ် ရေးသားချက်များဖြစ်ပြီး ဆန့်ကျင် ကန့်ကွက်ကြောင်း သပိတ်မှောက်ကျောင်းသားများ က ပြန်လည်တုံ့ပြန်ထားသည်။

‘‘သူတို့ ထုတ်ပြန်ချက်က နည်းလမ်းဟောင်းကြီးတွေပါပဲ။ သူတို့ဖိတ်ခေါ်နေတာ အခုမှမဟုတ်ပါဘူး။ အရင်တုန်းကတည်းက ပြောခဲ့တဲ့စကားပါ။ အခု ကျွန် တော်တို့ကသွားရောက်ဆွေးနွေး ရမယ့်အချိန်မဟုတ်တော့ပါဘူး’’ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေ ယျာလွင်ကပြောသည်။

ကျောင်းသားသပိတ်တတိ ယမြောက်နေ့တွင် ပညာရေးဝန် ကြီးဌာန တာဝန်ရှိသူများက ကျောင်းသားခေါင်းဆောင်များ နှင့် သွားရောက်တွေ့ဆုံခဲ့သော် လည်း အဆင်မပြေဖြစ်ခဲ့ပြီး နောက် ကျောင်းသားများနှင့် ပူး ပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ် ကြောင်း ၀န်ကြီးဌာနက ကြေညာ လိုက်ခြင်းဖြစ်သည်။

‘‘ကျောင်းသားတွေ ဖြစ်တဲ့ အတွက် ကျွန်မတို့ဟာ သူတို့နား လည်တဲ့အထိ ရှင်းပြဖို့ရှိပါတယ်။ တားဆီးမှုမရှိပါဘူး။ သူတို့ဟာ ကျွန်မတို့ရဲ့ သားသမီးပဲဖြစ်တဲ့ အတွက် ဒီဥပဒေကို မကြိုက်တဲ့ အချက်အလက်တွေရှိရင်သူတို့ ပြောတာ နားထောင်ဖို့အဆင် သင့်ရှိပါတယ်။ နားထောင်ပေ မယ့်လည်း သူတို့ပြောတာ အား လုံးကို လုပ်ပေးနိုင်ပါတယ်။ မလုပ်ပေးနိုင်ဘူးဆိုတာက ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့အတွက် တစ်ယောက် တည်းဆုံးဖြတ်လို့လည်း မရဘူး။ ဒီအဖွဲ့အစည်းတစ်ခုတည်းက လည်း ဆုံးဖြတ်လို့မရပါဘူး’’ဟု ဒေါက်တာ ဒေါ်ခင်စန်းရီကပြော သည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ရှေ့လုပ်ငန်းစဉ်များကို ဆက် လက်ဆွေးနွေးဆောင်ရွက်လျက် ရှိပြီး အမျိုးသားပညာရေးနည်း ဥပဒေနှင့် အခြားဆက်စပ်ဥပဒေ  များ ရေးဆွဲဆောင်ရွက်လျက်ရှိ ကြောင်း ပညာရေးဝန်ကြီးက သတင်းထောက်များကိုပြောသည်။

‘‘ဒီနေ့ အစည်းအဝေးက ကျောင်းသားတွေပြောတာကို ချေပဖို့ထက် ကျွန်မတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို တင်ပြဖို့နဲ့ ဆွေး နွေးဖို့လုပ်တာဖြစ်ပါတယ်။ ကျွန်မတို့ ဆက်ဆွေးနွေးမှာက အမျိုး သားပညာရေး နည်းဥပဒေရေးဆွဲပါမယ်။ ပြီးရင် အဆင့်မြင့်ပညာရေး ဥပဒေထွက်ပါမယ်။ ဆရာအတတ်သင်ပညာဥပဒေထွက်ပါ မယ်။ အခြေခံပညာဥပဒေထွက်ပါ မယ်။ အဲဒါအားလုံးဟာ ရှေ့တစ် ပတ်၊ နှစ်ပတ်မှာ ပြီးသွားရင် အကုန်လုံးကိုချပြမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာ ဒေါ်ခင်စန်းရီကပြောကြားသည်။

အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်)ရုံးတွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးသည် မီဒီယာများ အား ၁၀ မိနစ်ခန့်အဖွင့်စကား ပြောကြားပြီးနောက် အခန်းမှ ထွက်ခွာသွားခဲ့သည်။ သတင်း သမားများ၏ မေးခွန်းမေးမြန်းမှု များကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော် မတီ အကြံပေးပညာရှင် ဆရာ ကြီးဦးသန်းဦးက ဦးဆောင်၍ ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သပိတ်မှောက်ဆန္ဒပြသော ကျောင်းသားများအား ပညာရေး ၀န်ကြီးဌာန တာဝန်ရှိသူများ အနေဖြင့် သွားရောက်တွေ့ဆုံ ဆွေးနွေးတော့မည်မဟုတ်ဘဲ ကျောင်းသားများအနေဖြင့် လာရောက်တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်မင်းကပြောသည်။

‘‘ဆွေးနွေးဖို့က သူတို့လာ ဆွေးနွေးရမှာဖြစ်ပါတယ်။ မိဘ ပြည်သူ၊ မည်သူမဆို ဖိတ်ခေါ် ထားပါတယ်။ လာဆွေးနွေးပါ။ ကျွန်တော်တို့တွေ ဆက်လက် ဆောင်ရွက်နေတဲ့ကိစ္စမှာ အားလုံးအပြည့်အ၀ပူးပေါင်းပါ။ ဒါပဲ ကျွန်တော်တို့က ပြောလို့ရမှာဖြစ် ပါတယ်’’ဟု ဒေါက်တာ အောင် မင်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ လက်ရှိအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် သပိတ် မှောက်ကျောင်းသားများကို လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံ တစ်ရာမပြုလုပ်ပါက လက်ရှိ သပိတ်မှောက်ဆန္ဒပြမှုပုံစံထက် ပိုမိုပြင်းထန်၊ ကျယ်ပြန့်၊ ကြီးမားသော သပိတ်တိုက်ပွဲများ  ဆင်နွှဲဖော်ဆောင် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကျောင်းသားများကကြေညာထားသည်။

7Day DAILY

ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေးဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေးဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

မကြာမီက ပြဋ္ဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးမီ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုနေကြခြင်းသည် အဆင့်ကျော်နေသလိုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားလိုက်သည်။

နိုင်ငံရေး သိပ္ပံ ဒီပလိုမာသင်တန်း ဒီဇင်ဘာ ၁၅ ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်း ကို ဒီဇင်ဘာ ၁၅ ရက်၌ စတင်ဖွင့်လှစ်သင်ကြား ပို့ချ သွားမည်ဖြစ်ပြီးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း နိုင်ငံတကာဆက်ဆံ ရေးပညာဌာနမှ သတင်းရရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များလစာတိုးရန် အတည်ပြု

Photo: လွှတ်တော်ကိုယ်စားလှယ်များလစာတိုးရန် အတည်ပြု
Wednesday, November 19, 2014

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏လစာများတိုးမြှင့်သတ် မှတ်ပေးရန် အမျိုးသားလွှတ်တော် နှင့် ပြည်သူလွှတ်တော်က အ တည်ပြုလိုက်ပြီဖြစ်သည်။

ပြည်ထောင်စုအဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်၁၀ သိန်းမှ ၁၆ သိန်းအထိ၊တိုင်းနှင့်ပြည်နယ်အဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်ငါးသိန်းမှ ဆယ်သိန်းအထိ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား ကျပ် နှစ်သိန်းမှ ငါးသိန်းအထိ အသီးသီးတိုးမြှင့်ပေးရန် အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်များ၏ ခံစားခွင့်ကို လက်ရှိလစာ ကျပ်သုံးသိန်းမှ ၊ဆယ်သိန်းမှ ကျပ်ဆယ့်ခြောက်သိန်း ကြားတွင် တိုးမြှင့်ခံစားခွင့်ပြုရန် နိုဝင်ဘာ ၁၈ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်တွင် အတည် ပြုလိုက်ခြင်းဖြစ်သည်။

ယင်းသို့တိုးမြှင့်ခံစားခွင့်ပြု ရန် ဆုံးဖြတ်ခြင်းကိုလွှတ်တော်၏ သဘောတစ်ခုတည်းဖြင့် ဆုံးဖြတ် ခြင်းမဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေးအဖွဲ့၏ ယခင်အဆက်ဆက်အစိုးရများလွှတ်တော်ကိုယ်စားလှယ်များ၏ လစာစရိတ်များ ကွာခြားချက်၊ နိုင်ငံခြားတိုင်းပြည်များမှရရှိသော ခံစားခွင့်များကို တွက်ချက်ပေးပြီးမှသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာစိုးမိုးအောင်ကပြောသည်။

7 Day DAILY 

လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စား လှယ်များ (ဓာတ်ပုံ − သီဟ)

လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စား လှယ်များ (ဓာတ်ပုံ − သီဟ)

 ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏လစာများတိုးမြှင့်သတ် မှတ်ပေးရန် အမျိုးသားလွှတ်တော် နှင့် ပြည်သူလွှတ်တော်က အ တည်ပြုလိုက်ပြီဖြစ်သည်။

မြန်မာအလံလွှင့်ထူထားသည့် စက်လှေတစ်စီး ဘင်္ဂလားဒေ့ရှ် ရေတပ်ထိန်းသိမ်း

မလေးရှားနိုင်ငံသို့ တရားမ၀င်ထွက်ခွာလာသူ ခြောက်ရာကျော်ကို တင်ဆောင်ထားသည့် မြန်မာအလံ လွှင့်ထူထားသော ငါးဖမ်းစက်လှေတစ်စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ထိန်းသိမ်းလိုက်ကြောင်း နိုင်ငံတကာ သတင်းဌာန များတွင် ရေးသားဖော်ပြထားသည်။

မန္တလေးလေဆိပ် မြှင့်တင်ထိန်းသိမ်းရန် ဂျပန်လုပ်ငန်းစုအား နှစ် ၃၀ လုပ်ခွင့်ပေး

Photo: မန္တလေးလေဆိပ် မြှင့်တင်ထိန်းသိမ်းရန် ဂျပန်လုပ်ငန်းစုအား နှစ် ၃၀ လုပ်ခွင့်ပေး
Wednesday, November 19, 2014

မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်တစ်ခုလုံး အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဂျပန် Consortium လုပ်ငန်းစုတစ်ခုကို နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးလိုက်ကြောင်း ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာနမှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့ ၁၇ ရက်ကပဲ နှစ် ၃၀ လုပ်ကိုင်ခွင့်အတွက် သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်တာပါ။ လေဆိပ်ကြီးတစ်ခုလုံးကို ပုဂ္ဂလိက ကုမ္ပဏီတွေဆီ လွှဲပြောင်းပြီး လုပ်ကိုင်ခွင့်ပေးလိုက်တာ ဒါပထမဆုံးပါပဲ’’ဟု ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ် အဆင့်မြှင့်တင်မှုကို ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်သည့် Jalux နှင့် Misubishi ကုမ္ပဏီတို့ ပူး ပေါင်းထားသည့် MC Jalux Airport Services Co.,Ltd က လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် ရိုးမ၏စီးပွားရေးလုပ်ငန်းခွဲတစ်ခုဖြစ်သော SPA က  ရှယ်ယာ ၅ ရာခိုင်နှုန်းပါဝင်ကြောင်း သတင်းရရှိသည်။

‘‘သူတို့တာဝန်ယူလုပ်ကိုင် တဲ့ ကာလအတွင်းမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ရမယ်။ ဘာတွေ အဆင့်မြှင့်တင်ရမလဲဆိုတာကို တော့ နှစ်အလိုက် စီမံချက်နဲ့ ချပေးသွားမှာပါ။ နောက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကိုလည်း အခုလို ဆက်ပြီးလုပ်သွားဖို့ ရှိပါတယ်’’ ဟု ဦးဝင်းဆွေထွန်းက ရှင်းပြသည်။

အဆိုပါ လေဆိပ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ လေယာဉ်ပြေးလမ်း ၄,၂၆၇ မီတာ ရှည်လျားပြီး ဘိုးရင်းလေယာဉ် များ ပျံသန်းနိုင်သော လေယာဉ် ကွင်းတစ်ခုဖြစ်၍ တစ်နှစ်လျှင် ခရီးသည် သုံးသန်းခန့်ကို ၀န် ဆောင်မှု ပေးနိုင်သည်။

7Day DAILY 

တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဓာတ်ပုံ - မောင်တာ)

တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဓာတ်ပုံ - မောင်တာ)

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုလုံးအဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ် ငန်းများဆောင်ရွက်ရန် ဂျပန် Consortium လုပ်ငန်းစုတစ်ခုကို နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးလိုက် ကြောင်း ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဌာနမှ သတင်းရရှိသည်။