Friday, 10 October 2014

တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်

Photo: တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်
Friday, Ocotber 10, 2014

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေ နှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ်တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပြည်သူပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ်ဖြစ်ပေါ်ရန်၊ လုံခြုံရေး ထိန်းသိမ်းနည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေတို့ကို ပြည်သူတို့ သိရှိရန် ရပ်ကွက်များအလိုက် ပြည်သူတို့နှင့် ကွင်းဆင်းဆွေးနွေးနေသည်ဟု ၎င်းက ပြောသည်။

“ကိုယ့်နယ်မြေ ကိုယ့်ဒေသ ရဲဌာန အားနည်းချက်တွေကို အားဖြည့်ပေးတဲ့ ပုံစံမျိုးတွေက လူတိုင်းမှာတာဝန်ရှိတယ်။ လုံခြုံရေး ကွန်ယက်ကို ပိုမိုအားကောင်းအောင် လုပ်သွားမယ် ” ဟု  ဦးဇော်မြင့်သိန်းက ပြောသည်။

တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်ရှိ တက်ကြွသောလူငယ်များ ပူးပေါင်းပါဝင်သော ရပ်ရွာလုံခြုံရေး အဖွဲ့များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဖွဲ့စည်းပေးထားပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းမည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးက ဆိုသည်။ ရှမ်းပြည်နယ်အတွင်း လူဦးရေ ၁၅၀၀ လျှင် ရဲဝန်ထမ်းတစ်ဦးနှုန်းသာ ရှိသည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၄ ရက် ညပိုင်းက တောင်ကြီးမြို့ပေါ်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) အနီး၊  အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်ရှေ့နှင့် ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး ရပခရှေ့ လမ်းလယ်ကျွန်းတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံးတွေ့ရှိသည်။ ယင်းသို့ ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

"ညပိုင်းဆို အပြင်ဘက် သိပ်ထွက်မလည်ရဲတော့ဘူး။ စိုးရိမ် စိတ်ရှိနေတာပေါ့” ဟု တောင်ကြီးဒေသခံ လူငယ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်ဟု ခရိုင် ရဲမှူးကြီး ဝင်းထွန်းက ပြောသည်။

Mizzima - News in Burmese 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှုအပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှု အပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေနှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ် တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဒီမိုကရေစီတူဒေး သတင်းစာ ဖြန့်ချိရေးဝန်ထမ်း သုံးဦး ယာဉ်မတော် တဆမှု ကြောင့် သေဆုံး

ဒီမိုကရေစီတူဒေး နေ့စဉ်ထုတ်သတင်းစာရဲ့ ဖြန့်ချိရေးဝန်ထမ်း သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက် နံနက် ၄ နာရီခွဲအချိန်မှာ မြောက်ဥက္ကလာပ မြို့နယ်မှာ ယာဉ်မတော်တဆဖြစ်လို့ သေဆုံးသွားတယ်လို့ ဝေဘာဂီ နယ်မြေ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။

မြန်မာ-စင်ကာပူဥပဒေရေးရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနတို့၏ မြန်မာ-စင်ကာပူ ဥပဒေ ရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး ပွဲအခမ်းအနား ကို ယနေ့နံနက်(၈) နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ the Hotel Royal ACE ၌ ကျင်းပပြုလုပ်သည်။

ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန် အမည်စာရင်းတင်သွင်းနိုင်ရေး အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပုဂံတွင်ကျင်းပမည်

Photo: ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန် အမည်စာရင်းတင်သွင်းနိုင်ရေး အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပုဂံတွင်ကျင်းပမည်
Friday, Ocotber 10, 2014

ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ရန် အမည်စာရင်း တင်သွင်းနိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာဆွေးနွေး ညှိနှိုင်းပွဲအစည်းအဝေးကို အောက်တို ဘာ ၁ဝ ရက်မှ ၁၂ ရက်နေ့အထိ ပုဂံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များ ကမ္ဘာ့စာရင်း ဝင်နိုင်ရေးအတွက် အီတလီအစိုးရမှ အဓိကကူညီထောက် ပံ့သည့် ယဉ်ကျေးမှုများ ထိန်းသိမ်း စောင့်ရှောက်ရန် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ပရောဂျက်အရဦးဆောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ် ဝင်မည့် ဆုံးဖြတ်ချက်အား အဖွဲ့ဝင်ပေါင်း နှစ်ဆယ့်တစ်နိုင်ငံပါဝင်သည့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ မှ ဆုံးဖြတ်မည်ဖြစ်သည်။

အီတလီအစိုးရ၊ ဂျပန်နှင့်ဆွစ် ဇာလန်အစိုးရတို့၏ ပူးပေါင်းပြီး ယူနက်စကိုအဖွဲ့မှ ပုဂံတွင်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group
ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ရန် အမည်စာရင်း တင်သွင်းနိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာဆွေးနွေး ညှိနှိုင်းပွဲအစည်းအဝေးကို အောက်တို ဘာ ၁ဝ ရက်မှ ၁၂ ရက်နေ့အထိ ပုဂံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ

Photo: လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ
Friday, Ocotber 10, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြရန် စီစဉ်ထားပေမယ့် လုံခြုံရေးအရလို့ ဆိုပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုလို့ ရန်ကုန်မြို့တော် မြို့တော်ခန်းမရှေ့မှာပဲ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကျော် ဆန္ဒပြခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့တော် ပြည်လမ်းမ တလျှောက် မှာ မော်တော် ယာဉ်နဲ့ လှည့်လည်ပြီး အသံချဲ့စက်ဖွင့်ပြီး တောင်းဆိုခဲ့ကြ ပါတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

The Voice Weekly
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ် လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်

Photo: IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်
Friday, Ocotber 10, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

တူရကီနိုင်ငံ၊ အန်ကာရာ မြို့တော်တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်ကို အောက်တိုဘာ (၉)ရက်၌ အတည်ပြု သဘောတူညီခဲ့သည်။ အမေရိကန်၏ ထိပ်တန်း အရာရှိနှစ်ဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အန်ကာရာတွင် တူရကီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ရက်စက်ကြမ်းတမ်းသော နည်းလမ်းများဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် IS အဖွဲ့သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက်ရသည့် အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်လာခဲ့သော်လည်း အစောပိုင်းတွင် တူရကီက ISကို ဖြိုခွင်းသည့် အစီအစဉ်များနှင့် အတန်ငယ် လက်ရှောင်နေခဲ့သည်။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီ နိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်သည်။

ယခုအခါတွင်မူ IS တပ်ဖွဲ့၏ ထိုးဖောက် တိုက်ခိုက်မှုသည် တစ်စထက်တစ်စ ကျယ်ပြန့်လာပြီး တူရကီ နယ်စပ်ရှိ ဆီးရီးယားမြို့ ကိုဘာနီကိုပင် သိမ်းယူနိုင်လုနီးပါး အခြေအနေသို့ ရောက်လာသည်။ IS အဖွဲ့၏ ခြိမ်းခြောက်လာမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးမည့် ကိစ္စကို အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်ရန်မူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ငြင်းဆိုခဲ့သည်။

သူမက “ပူးပေါင်း စစ်ဘက် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ အန်ကာရာကို လာမယ့် သီတင်းပတ်မှာ သွားရောက်ပါမယ်။ ဆွေးနွေးမှု အစီအစဉ်ဟာ နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်နွယ်မှုကို ဦးတည်ပါမယ်”ဟုသာ ပြောကြားခဲ့သည်။ သူမက IS အဖွဲ့၏ စွမ်းဆောင်ရည်ကို လက်ရှိထက် သိသိသာသာ လျှော့ချနိုင်ရန် လိုအပ်နေပြီ ဆိုခြင်းကို အမေရိကန်ရော၊ တူရကီကပါ လက်ခံထားကြောင်းမူ ဝန်ခံခဲ့သည်။

IS တပ်ဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်နေရုံ သက်သက်ဖြင့် မလုံလောက်ကြောင်း ဝေဖန်မှုများ ရှိနေချိန်တွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လုတ် ကာဗူဆော့ဂ်လူက မြေပြင်ထိုးစစ် ဆင်နွှဲမည် ဆိုပါကလည်း တူရကီ တစ်နိုင်ငံတည်း၏ အင်အားဖြင့် ဖြစ်နိုင်ဖွယ် မရှိကြောင်း အစောပိုင်းက ပြောကြားထားသည်။ “တူရကီက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေပြင်ထိုးစစ်တစ်ရပ် ဦးဆောင်ဆင်နွှဲဖို့ ဆိုတာကတော့ လက်တွေ့ကျတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ”ဟု ၎င်းက မှတ်ချက်ပြုထားသည်။

Ref: Channelnewsasia
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ

Photo: မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား
ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ
Friday,October 10, 2014

မန္တ လေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင် ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခါ ရေကန်ကြီးများမှာ ယိုယွင်းပျက်စီးလာခြင်းကြောင့် အ လှူရှင်များမှ မင်းတုန်းမင်းတရားကြီး နှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့ အား အမှူးထား ကာ ပြန်လည်ပြုပြင် လှူဒါန်းထားသည်။

မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့သည် နန်းတော်ကြီး၏အရှေ့ထိပ် ၂၉ဒသမ ၂ဝဧကကျယ်ဝန်းသော မြေနေရာ တွင် မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ် တပို့တွဲလပြည့်ကျော် ၅ရက် သော ကြာနေ့ ပန္နက်ချပြီး မဟာတုလွတ် ဘုမ်စံ ရွှေကျောင်းတော်ကြီးအား ဝဲဘက်ထောင့်၊ ယာဘက်ထောင့်တွင် ရေကန်တော်ကြီးတစ်ကန်စီ အရန် ကျောင်းပေါင်း ၂ဝဖြင့်ဆောက်လုပ် ကာ ဥေယျဓမ္မာဘိမုနိဝရဥာဏကိတ္တိ သီရိဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာ ဇာဓိရာဇဂုရုရွှေတံဆိပ်တော်ရ သု ဓမ္မာသာသနာပိုင်ဆရာတော်ကြီး အားတင်လှူတော်မူခဲ့သည်။

ကျောင်း တော်ကြီးမှာ ဒုတိယကမ္ဘာစစ်ဘေး ကြောင့်ပျက်စီးခဲ့ပြီး လှေကားလက် ရန်းအုတ်ခုံကြီးလေးခုသာ ကျန်ရှိ သည်။

ယခုအခါ အရန်ကျောင်း ၂ဝ တွင် တိုက်အုပ်နှင့် နာယက ဆရာ တော်အပါအဝင် သံဃာတော်များ သီတင်းသုံးလျက်ရှိပြီး ရေကန်ကြီး နှစ်ကန်မှ ရေကို အသုံးပြု လျက် ရှိခြင်း ကြောင့် ယခုနှစ်အတွင်း ရေကန်ကြီး များအားပြန်လည်ပြုပြင်ခဲ့သည်။

Yangon Media Group
မန္တလေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီ မိဖုရား ခေါင်ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်

Photo: ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်
Friday,October 10, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

ယခင်က ကိုရီးယားခရီးစဉ်များကို Korean Air၊ Asiana Airlines တို့နှင့် Code Share အကျိုးတူပူးပေါင်း၍ ရန်ကုန်-ဆိုးလ်-ရန်ကုန် ခရီးစဉ်များကို စင်လုံးငှား လေယာဉ်များဖြင့် ပျံသန်းခဲ့သော်လည်း ယခုအခါ ကိုရီးယားသို့ MAI တစ်ဦး တည်း Airbus A320 ဖြင့် တိုက်ရိုက်ပျံသန်းမည် ဖြစ်သည်။

"အခုလို တိုက်ရိုက်ပြေးဆွဲတာက မြန်မာနိုင်ငံကိုဝင်တဲ့ ခရီးသွားတွေ တိုးလာမယ်။ နောက်ပြီး နှစ်နိုင်ငံကြားက စီးပွားရေးကဏ္ဍ  တိုးမြင့်စေဖို့ ရည်ရွယ်ပြီး ပြေးဆွဲပေးတာပါ"ဟု ဒေါ်အေးမရသာက ဆိုသည်။

MAI သည် လက်ရှိတွင် ဂျပန်နိုင်ငံမှ ခရီးသည်များအား ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိပြီး လာမည့် ပွင့်လင်းရာသီတွင် တောင်ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ်များဖြင့် ပျံသန်းပြေးဆွဲသွားတော့မည်ဖြစ်သည်။

MAI သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂါယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈၀ ဆန့်)၊ Airbus A319 (လူဦးရေ ၁၂၀ ဆန့်) လေယာဉ်များဖြင့် ပုံမှန်ပျံသန်းပေးလျက်ရှိသည်။

Mizzima - News in Burmese
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

ကိုဘာနီမြို့မှာ Kurdish တွေ ပြန်လည်အသာစီးရ

ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ ​နေရာတချို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်နိုင်ခဲ့ပေမယ့် ​အခုအခါမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုနဲ့ ​Kurdish ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​IS ​အဖွဲ့တွေ ​ရှုံးနိမ့်နေတဲ့ ​အခြေအနေ ​ရောက်ရှိနေပါတယ်။

ကိုဘာနီမြို့ရဲ့ ​သုံးပုံ ​တစ်ပုံကို ​IS ​တပ်ဖွဲ့က ​သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်ဖွဲ့က ​သူတို့ ​အဲ ​ဒီ ​နေရာ ​တွေကို ​ပြန်လည် ​ရရှိ ​ထားပြီလို့ ​ပြောပါတယ်။

ညတုန်းကတော့ ​အမေရိကန် ​ဦးဆောင်တဲ့ ​တပ်တွေက ​Kurdish ​တပ်တွေအတွက် ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​တိုးမြှင့် ​လုပ်ဆောင်ပေးခဲ့ပါတယ်။

အခုလောလောဆယ် ​IS ​တပ်ဖွဲ့က ​ကိုဘာနီမြို့ရဲ့ ​အရှေ့နဲ့ ​အရှေ့တောင်ပိုင်းက ​နေရာတချို့ကို ​သိမ်းပိုက်ထားတယ်လို့လည်း ​သိရပါတယ်။

မြန်မာနှစ်ဦးကို ဗြိတိန်စုံတွဲအား သတ်သည်ဟု စွပ်စွဲခြင်းမှာ မှားယွင်းကြောင်း ထိုင်းမှုခင်း ဆေးပညာ အကြီးအကဲဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနိုင်ငံသား နှစ်ဦးကို မှားယွင်းစွပ်စွဲခြင်းသာ ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် အမှားများ ကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းဆေးပညာဌာန ညွှန်ကြားရေးမှူးချုပ် Khunying Porntip Rojanasunan က ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။အဆိုပါအမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရာတွင် မှုခင်းဆေးပညာဌာနက ဆရာဝန်ကို ခေါ်ယူစစ်ဆေးခြင်း မပြုဘဲ သက်သေခံပစ္စည်း အချက်အလက်များ စုဆောင်းခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။
“အဓိက အားနည်းချက်က ရဲတွေက ဒီအမှုမှာ မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒ ဆရာဝန် တစ်ယောက်တော့ လိုအပ်တယ်ဆိုတာ နားမလည်တာပဲ။ တာဝန်ရှိတဲ့သူတွေက သက်သေခံ ပစ္စည်းတွေကို ဆူရတ်ဌာနီ ဆေးရုံက ဆရာဝန် မခေါ်ဘဲနဲ့ စုဆောင်းခဲ့တာပါ” ဟု The Manager News Agency ကို ၎င်းက ပြောဆိုထားသည်။

မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်

ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။

လစာနှင့် ရာထူး ခံစားခွင့်ရမည့် အလုပ်ခြောက်မျိုး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးတော့မည်

လုပ်သားများ လစာနှင့် ရာထူးခံစားခွင့် အာမခံချက်ရရှိရေး အလုပ်အကိုင် ခြောက်မျိုးအတွက် ဦးစွာ အသိ အမှတ်ပြု လက်မှတ် ထုတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း စစ်ဆေးအကဲဖြတ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်

ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထား လိုက်ပြီ လို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

မြို့ပတ်ရထား လက်မှတ်ခနှုန်းထား ပြင်ဆင်ကောက်ခံမည်

မြန်မာ့မီးရထားက ပြောင်းလဲကောက်ခံမည့် ရန်ကုန်မြို့တော် မြို့ပတ်ရထား ရိုးရိုးတန်းလက်မှတ်ခ နှုန်းထားသစ်များကို နိုဝင်ဘာလတွင် စတင် ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည်က ယနေ့ ထုတ်ပြန်သည်။

မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား

Photo: မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား
Friday,October 10, 2014

Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။

ကေတီပယ်ရီ၊ ဂျနီဖာလော့ရန့်စ်၊ မယ်လီဆိုင်းရက်စ်၊ မယ်ဂန်ဖော့ အစရှိသဖြင့် နာမည်ကြီး မင်းသမီးနဲ့ Celebrity ပေါင်း မြောက်များစွာနဲ့ကို တူအောင် ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူဖန်တီးတဲ့ မိတ်ကပ် အလှအပ များကို သူ့ရဲ့ Instagram ပေါ်မှာ တင်ပြီး ဝင်ရောက် ကြည့်ရှုသူ များပြား ပါတယ်။ Link ကတော့ http://instagram.com/pochoy_29 ဖြစ်ပါတယ်။

သူ ကြိုက်နှစ်သက်တဲ့ မော်ဒယ် မင်းသမီးနဲ့ အနုပညာရှင်များရဲက ရုပ်ရည်အတိုင်း ဖ်ြစအောင် သူ့ရဲ့ မျက်နှာ တစ်ခုတည်းနဲ့ ပြုလုပ်ဖန်တီးနိုင် တာ ကြောင့် လူအများအား မင်သက်အံ့သြ စေပါတယ်။ နဂိုမူလ မင်းသမီးများထက်တောင် လှကြောင်းလည်း တင်စား အပြောဆိုခံရ ပါတယ်။ ဒါကြောင့်မို့ မိန်းကလေး တစ်ယောက်ရဲ့ အလှအပကို မြင်ချင်ရင် မနက် မျက်နှာ သစ်ပြီးခါစမှာ ကြည့်ရမယ်လို့ ရှေးကလူတွေ ပြောဆိုခဲ့တာ မမှားနိုင်ပါဘူး။

အောင်ခမ်း (ရိုးရာလေး)
Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။

မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ

Photo: မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ
Friday, Ocotber 10, 2014

 ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

စူရတ်ဌာနီခရိုင်၊  ခိုတောင်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် ကော့စမွီထောင်တွင် ထိန်းသိမ်းခံထား ရသည့် သံသယတရားခံ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ပထမရမန်ချုပ်ရက်မှာ အောက်တိုဘာ ၁၅ ရက်တွင် ရက်စေ့မည် ဖြစ် သည်။ တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေဌာနမှာ ခရိုင်ရုံးထက်အဆင့်မြင့်ကြောင်း သတင်းရရှိ သည်။ ထိုင်းအခြေစိုက် သတင်း အရ ၎င်းတို့၏ တရားစွဲဆိုရေးအ ဖွဲ့ကို ကျွမ်းကျင်သူ ငါးဦးဖြင့် ဖွဲ့ စည်းထားကြောင်း တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေရုံး ညွှန် ကြားရေးမှူးချုပ်နှင့် ယခုအမှု၏ တရားစွဲဆိုစွဲချက်တင်ရေးအဖွဲ့ ခေါင်းဆောင်တို့က ဆိုသည်။ ၎င်း တို့နှစ်ဦးနှင့်အတူ တိုင်းဒေသ (၈) ဥပဒေရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ် ရာဇ၀တ်မှုရေးရာ အထူး ဥပဒေအရာရှိ ကော့စမွီ ဥပဒေ ရုံး ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့လည်း ပါဝင်နေသည်။

‘‘လောလောဆယ် ကျွန် တော်တို့ နိုင်ငံတော်အဆင့်ကို တင်ပို့ထားပါတယ်။ ခိုင်မာတဲ့၊ ထိ ရောက်တဲ့ အဖွဲ့နဲ့ လာရောက်ပူး ပေါင်းဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ပူးပေါင်းဆောင်ရွက်တယ်ဆိုရာမှာ တရား ရင်ဆိုင်ဖို့လည်း အပါအ၀င်ပါ’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အရေးသွားရောက်မေးမြန်းစုံစမ်း နေသည့် မြန်မာသံရုံးအထူးအဖွဲ့ မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သံသယတရားခံ မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦးတွင် စာရွက်စာတမ်း၊ အထောက်အ ထားမရှိ၍ ၎င်းတို့၏ အလုပ်ရှင် များကိုလည်း တရားမ၀င်အလုပ် သမားများ ငှားရမ်းမှုဖြင့် ဖမ်းဆီး မည်ဖြစ်ကြောင်း တိုင်းဒေသအမှတ် (၈) အစိုးရဥပဒေဌာနက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ တရားရုံးစနစ် အရ ရဲက တိုက်ရိုက်စွဲချက်တင်၍ မရပေ။ အစိုးရဥပဒေအရာရှိကို အမှုမှတ်တမ်း ပေးပို့ရပြီး ယင်းအရာရှိက တရားစွဲမည့် ပုဒ်မနှင့် တရားစွဲမည့်အချက် စသည်တို့ကို လုပ်ဆောင်ရသည်။ ထိုင်းရဲတပ် ဖွဲ့သည် ဗြိတိန်စုံတွဲအသတ်ခံရ မှုအတွက် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု မှတ်တမ်းကို အောက်တိုဘာ ၇ ရက်က စမွီခရိုင် တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာရုံးသို့ တင်သွင်းခဲ့ သည်။ စာမျက်နှာ ၈၅၀ ပါဝင် သည့် စုံစမ်းစစ်ဆေးမှုမှတ်တမ်း ၌ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် စောနှင့် ၀င်းတို့နှစ်ဦးကို လူသတ် မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င် ရောက်မှုတို့ဖြင့် တရားစွဲဆိုရေးကို ထောက်ခံမှတ်တမ်းတင်ထား သည်။ ယင်းအမှု၏ စုံစမ်းစစ်ဆေး ရေးမှူးချုပ်လည်း ဖြစ်၊ ဒေသ (၈) ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာမင်းကြီး လည်း ဖြစ်သည့် Pol Maj Gen Paween Pongsirin နှင့် စူရတ် ဌာနီရဲတပ်ဖွဲ့၏ လက်ထောက် Commander ဖြစ်သူ Pol Col Pornsak Nuannu တို့က ယင်း မှတ်တမ်းနှင့် ပတ်သက်ဆက်စပ် ရာ သက်သေတို့ကို တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာ ရုံးသို့ တင် သွင်းခဲ့ကြခြင်း ဖြစ်သည်။ ကနဦး ရဲက တင်လာသည့် အမှုတွဲမှတ်တမ်းတွင် အချက်အလက်များ ပြည့်စုံလုံလောက်မှုမရှိ၍ ပြန်လည်ဖြည့်စွက်ရန် ဥပဒေအရာရှိက  ရဲများကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အောက်တိုဘာ ၉ ရက်တွင် မူ တိုင်းဒေသအမှတ် (၈) အစိုးရ ဥပဒေဌာနက ရဲတပ်ဖွဲ့ပေးပို့လာ သည့် စစ်ဆေးချက်များသည် ကျေနပ်စရာကောင်းကြောင်း၊ သို့ သော် အသေးစိတ်ထောင့်စေ့ အောင် ဆက်လက်ပြုလုပ်နေ ကြောင်း၊ ပထမရမန်ချုပ်ရက်စေ့ မည့် အောက်တိုဘာ ၁၅ ရက်အမီ ရုံးတင်နိုင်ရန် ကြိုးစားနေကြောင်း ပြောကြားလာသည်ဟု ထိုင်းအခြေစိုက် သတင်းများက ဖော်ပြ လာသည်။

‘‘သူတို့ဘက်က အခုစွဲချက် ကို ပြင်ဆင်ရေးသားပြီး ၁၅ ရက် နေ့အမီ တင်မယ်။ သူ့ဘက်က အားနည်းချက်တွေကို သူတို့ဘယ် လိုပြင်မလဲ မသိနိုင်ဘူး။ ကိုယ့် ဘက်က အမှုရင်ဆိုင်တဲ့အချိန်မှာ၊ လျှောက်လဲတဲ့အချိန်မှာ ပိုပြီး အားစိုက်ရတော့မယ်’’ဟု ထိုင်းနိုင်ငံ၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန် ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြော သည်။

သက်သေခံများအားလုံးကို စုဆောင်းမှုမတိုင်မီမှာပင် မှုခင်းဖြစ်ပွားရာနေရာသို့ ကမ္ဘာလှည့် ခရီးသွားများ ပြန်လည်ဝင်ရောက် ခွင့်ပေးခဲ့ခြင်းအပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးခဲ့ သည်အထိ ကပြက်ကချော်ဖြစ်စဉ် တသီတတန်းက အသက်(၂၁) နှစ်အရွယ် ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ပြစ်မှုအတွက် မဆီ မဆိုင် အချောင်ကြားဝင်ခံရသူ များအဖြစ် ဖန်တီးခဲ့သည်ဆိုသည့် ဝေဖန်မှုများ၊ စွပ်စွဲမှုများဆီ ဦး တည်သွားစေခဲ့သည်ဟု ထိုင်းသ တင်းစာကြီး တစ်စောင်ဖြစ်သည့် ဘန်ကောက်ပို့စ်က ဆိုသည်။

7Day DAILY 

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည် သရုပ်ပြခိုင်းနေစဉ် (Reuters)
ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည် သရုပ်ပြခိုင်းနေစဉ် (Reuters)
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

လိပ်ကျွန်းအမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုကို ထိုင်းမှုခင်းဆေးပညာပါရဂူကြီး ဝေဖန်

ဘန်ကောက် - လိပ်ကျွန်း၌ ဗြိတိန်ခရီးသွားနှစ်ဦး သေဆုံးမှုကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးသည့်အခါ မှန်ကန်သည့် မှုခင်း ဆေးပညာ သိပ္ပံနှင့် ပြစ်မှုဖြစ်အင် စုံစမ်းစစ်ဆေးမှုနည်းလမ်းများကို ရဲတပ်ဖွဲ့က လိုက်နာမှုမရှိခဲ့ဟု ထိုင်းနိုင်ငံ၏ လေးစားခံ ရဆုံး မှုခင်းဆေးပညာဆိုင်ရာ ပါရဂူကြီးက ယနေ့ပြောကြားလိုက်သည်။

အခွန်အမှတ်တံဆိပ်များ နိုင်ငံခြားမှ မှာယူသုံးစွဲမည်

ဈေးကွက်တွင် သုံးစွဲ လျက်ရှိသည့် အခွန်အမှတ်တံ ဆိပ်များကို နိုင်ငံခြားမှ မှာယူပြီး ဒီ ဇင်ဘာလအတွင်း စတင်ပြောင်း လဲ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကပြောကြားသည်။

ရွေးကောက်ပွဲစနစ် မပြောင်းလိုသည့်အတွက် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင်အချို့ ထပ်မံလေ့လာမှုမလုပ်

ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုး ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသော် လည်း ရွေးကောက်ပွဲ စနစ်မပြောင်းလို၍ ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုးပြည့်ရန် ထပ်မံလေ့လာမှုပြုလုပ်ခြင်းမရှိ ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား ဥပဒေအရ ရပိုင်ခွင့်များရရှိရန် NDF တိုက်တွန်း

Photo: ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား ဥပဒေအရ ရပိုင်ခွင့်များရရှိရန် NDF တိုက်တွန်း
Friday, Ocotber 10, 2014

 ခိုတောင်ကျွန်းတွင် ဗြိတိန်နှစ်ဦးအသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် မြန်မာများတရားဥပဒေအရ ရပိုင် ခွင့်များရရှိရေးဝိုင်းဝန်းလုပ် ဆောင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက အစိုးရ၊နိုင်ငံရေးပါတီများအပါအ၀င် အဖွဲ့အစည်းမျိုးစုံအားတိုက်တွန်း လိုက်သည်။

ခိုတောင်ကျွန်းလူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာတို့ သည် မိမိနိုင်ငံသားတစ်စုံတစ် ယောက် နိုင်ငံပြင်ပတစ်နေရာ တွင် ရောက်နေစေကာမူ နိုင်ငံ သားအခွင့်အရေးနှင့် မြန်မာနိုင်ငံ သားဟူသည့် မြန်မာ့ဥပဓိရုပ်ကို အမြဲတစေအရေးတယူစောင့် ရှောက်ကာကွယ်တတ်သည်ဟူ သည့် ဂုဏ်သတင်းကို နိုင်ငံတကာမြင်ကွင်း၌ ထင်လင်းပေါ်လွင် ရေးကို ရှေးရှုလုပ်ဆောင်ရန် လည်း NDFက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထား သည်။

‘‘ကာယကံရှင်တွေအမှန် တ ကယ်ကျူးလွန်ရင်လည်း သူတို့ကို ဥပဒေအတိုင်း အရေးယူပေါ့။ ဒါ ပေမဲ့ မကျူးလွန်ဘဲနဲ့တော့ ခံရ တာတွေ။ ဥပဒေအရ အကာအ ကွယ်မရတာတွေဆိုရင်တော့ လက်မခံကြောင်းပြောတာ’’ဟု  NDFမှ အတွင်းရေးမှူး (၂) ဦးနေ မင်းကျော်ကပြောသည်။

မြန်မာလုပ်သားလူငယ် နှစ် ဦးသည် မိခင်နိုင်ငံပြင်ပတစ်နေ ရာတွင် မှန်ကန်သည့် ဥပဒေအ ကာအကွယ်ရရှိရေးအတွက် အပူ တပြင်းဝိုင်းဝန်းလုပ်ဆောင်ကြရန် မှာ နိုင်ငံသားပြည်သူတစ်ဦးချင်း စီကို နိုင်ငံတော်က စောင့်ရှောက် ရမည့်တာဝန်ဟူ၍လည်း ၎င်းတို့ အနေဖြင့် ယူဆကြောင်း NDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

‘‘သူတို့ဥပဒေကြောင်းအရ စစ်တာတော့ ဘာမှမပြောလိုဘူး ပေါ့။ ဒါပေမဲ့အမှန်အတိုင်းဖြစ် စေချင်တယ်။ ဥပဒေနဲ့အညီဖြစ် စေချင်တယ်’’ဟု ဦးနေမင်းကျော် ကပြောသည်။

ဗြိတိန်စုံတွဲ အသက် (၂၄) နှစ်ရှိ ဒေးဗစ်မီလာနှင့် အသက် (၂၃)နှစ်အရွယ် ဟန်နာယီသာရစ်ခ်ျတို့နှစ်ဦးသည် စက်တင်ဘာ ၁၄ရက် ညဥ့်သန်းခေါင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင်အသတ်ခံရပြီး ထိုလူသတ်မှု၏ လက်သည်းတရားခံမှာ အသက်(၂၃) နှစ် အရွယ်စောနှင့် အသက် (၂၁) နှစ်အရွယ်ဝင်းဟုနာမည်အတိုကောက်ထုတ်ပြန် ခဲ့သူ နှစ်ဦးဖြစ်ကြောင်း ထိုင်းရဲက ထုတ်ပြန်ထားသည်။

7Day DAILY

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ−Supapong Chaolan)
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ−Supapong Chaolan)
ခိုတောင်ကျွန်းတွင် ဗြိတိန်နှစ်ဦးအသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် မြန်မာများတရားဥပဒေအရ ရပိုင် ခွင့်များရရှိရေးဝိုင်းဝန်းလုပ် ဆောင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက အစိုးရ၊နိုင်ငံရေးပါတီများအပါအ၀င် အဖွဲ့အစည်းမျိုးစုံအားတိုက်တွန်း လိုက်သည်။